စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သေဆုံးပြီးနောက် နှုတ်ဆက် Message လွှင့်တင်နိုင်မည့် Facebook App

သေသူချန်ထားသည့် စာသားကိုဖြစ်စေ၊ ဗီဒီယိုကိုဖြစ်စေ ကျန်ရစ်သူများ တွေ့မြင်နိုင်မည်ဖြစ်
ifidie
ကွယ်လွန်သေဆုံးသွားသူ တစ်ဦးက ၎င်း၏ Facebookပေါ်တွင် နှုတ်ဆက်စကားကို လာရောက် ရေးသားမည် ဆိုပါက မြင်ရသူတိုင်း သရဲခြောက်သည်ဟု ထင်မြင်ကြမည်ဖြစ်သည်။ သို့သော် ထိုကိစ္စသည် ယခုအခါ Facebookတွင် လွှင့်တင်ထားသည့် Appတစ်ခုကြောင့် အမှန်တကယ် ဖြစ်လာတော့မည်ဟု သိရသည်။ လူတစ်ဦး မသေဆုံးမီ ၎င်းယုံကြည်စိတ်ချရကြောင်း ထောက်ခံထားသူ (၃)ဦးထံမှ အဆိုပါ ပုဂ္ဂိုလ် ကွယ်လွန်ကြောင်း အတည်ပြု ထောက်ခံပေးလျှင် Facebookပေါ်၌ နောက်ဆုံး နှုတ်ဆက် Messageကို လွှင့်တင်ပေးမည် ဖြစ်သည်။
အဆိုပါ Appကို If I Dieဟု အမည်ပေးထားသည်။ ထိုAppသည် လူတစ်ဦး သေဆုံးပြီးပါက ကျန်ရစ်သူများအတွက် ပြောချင်သည့် Messageကို စာသားဖြင့်ဖြစ်စေ၊ ဗီဒီယိုဖြင့်ဖြစ်စေ ချန်ထားပေးနိုင်မည် ဖြစ်သည်။ လူတစ်ဦး သေဆုံးသွားသည်နှင့် အဆိုပါ ချန်ရစ်ထားသော Messageသည် အလိုလို Wallပေါ် ရောက်လာမည် မဟုတ်ချေ။ သို့သော်လည်း ယုံကြည်စိတ်ချရသူ (၃)ဦးက ၎င်းသေဆုံးကြောင်း ထောက်ခံပေးပါကမူ Appက အသက်ဝင် လှုပ်ရှားလာမည်ဖြစ်သည်။ ထိုအခါ သေသူချန်ထားသည့် စာသားကိုဖြစ်စေ၊ ဗီဒီယိုကိုဖြစ်စေ ကျန်ရစ်သူများ တွေ့မြင်နိုင်မည်ဖြစ်သည်။
အဆိုပါ Appကို ယခုအခါ Like လုပ်ထားသူ (၆,၀၀၀)ကျော်သွားပြီဟု သိရသည်။ Facebookက ကွယ်လွန်သွားသည့် အသုံးပြုသူများအတွက် အမှတ်တရ ဖြစ်စေမည့် ၀န်ဆောင်မှု တစ်ခု ပေးထားသော်လည်း ယခုAppကမူ သေသူကိုယ်တိုင် ၎င်းကွယ်လွန်ပြီးမှ Messageတစ်ခု ချန်လှပ်နိုင်ရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြသွားသည်။
http://www.planet.com.mm/news/read.cfm/id/18516


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...