စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အပူအအေးမညီမျှသော ဆောင်းရာသီဥတုမျိုးတွင် အချဉ် ဓာတ်လွန်ကဲသောအစားအစာများ သည် ရောဂါခုခံအားကို ကာကွယ် နိုင်သောကြောင့် ပိုမိုစားသုံးသင့် ကြောင်း

အပူအအေးမညီမျှသော ဆောင်းရာသီဥတုမျိုးတွင် အချဉ် ဓာတ်လွန်ကဲသောအစားအစာများ
သည် ရောဂါခုခံအားကို ကာကွယ် နိုင်သောကြောင့် ပိုမိုစားသုံးသင့် ကြောင်း မြန်မာနိုင်ငံ ဆရာဝန်များ
အသင်းမှဒေါက်တာနေဝင်းက ပြောသည်။

အသက်အရွယ်ကြီးသူနှင့် ကလေးငယ်များသည် ခုခံစွမ်းအား နည်းသောကြောင့်အဖြစ်များလေ့ရှိ
ကြောင်းသိရပြီးHIV, AIDS ရောဂါ ပိုးရှိသူများသည် ပိုမို၍ဂရု စိုက်သင့်၍ လူထူထပ်သောနေ
ရာများကို ရှောင်ရန်နှင့်အိပ်ရေးဝ အောင်အိပ်ရမည်ဖြစ်ကြောင်း သိရသည်။
“လူ့ခန္ဒာကိုယ်မှာထူးထူးခြား ခြားလက္ခဏာပြလာပြီဆိုရင်နီးစပ် ရာ ကျွမ်းကျင်သူတွေနဲ့ ပြသဖို့လို
တယ်။ဆေးဝါးတွေကိုရမ်းမသောက်သင့်ဘူး”ဟု ၄င်းကထပ်မံရှင်းပြသည်။
နှလုံးရောဂါနှင့်သွေးတိုးရောဂါရှိသူများအနေဖြင့်ရာသီဥတုအပြောင်းအလဲကြောင့်လေဖြတ်သွား
တတ်သောကြောင့် ကိုယ် လက်လှုပ်ရှားမှုများကို ပုံမှန်လုပ် ပေးခြင်း၊
ရာသီဥတုနှင့်လိုက်လျော ညီထွေသော အဝတ်အစားများ ဝတ်ခြင်းနှင့် အအေးစာများဖြစ် သော ဘဲသား၊ သခွားသီး၊ဘူးသီး စသောအသီးအနှံများကို ရှောင် သင့်ကြောင်းသိရပြီး၊
လေအေးပေး စက်များ၊ ပန်ကာများကိုဖွင့်၍ နေသူများအနေဖြင့် အထူးဂရုပြုသင့် ကြောင်း
အထွေထွေရောဂါကု ဆရာဝန်တစ်ဦးကပြောသည်။
အချဉ်ဓာတ်ကဲသော (ဗီတာမင်စီ)ဓာတ် ပါဝင်သော အသီးအနှံ များသည် ရောဂါများကိုခုခံပေးနိုင်
သည့်အတွက်ရာသီဥတုအကူးအ ပြောင်းတွင် အချဉ်ဓာတ် ပါသော ဖျော်ရည်များ၊အသီးများ ကိုသောက် သုံးပေးသင့်သောကြောင့် ပြင်ပမှ ဝင်ရောက်လာမည့် ရောဂါများအလွယ် တကူမကူးစက်နိုင်တော့သော
ကြောင့်လူတိုင်းစားသုံးသင့် ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...