စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သတင်းစုံ


Print Friendly and PDF
မှုခင်း။ ။ နွားပြာကြီး အသတ်ခံရမှုတွင် အလောင်းဖျောက်ဖျက်မှု ကိုရော အသတ်ခံရမှုကိုပါတရားရုံးက ပလပ်လိုက်ကြောင်း...
အတွေးအခေါ်။ ။အပျိုကြီးများ မင်္ဂလာ မဆောင်ဖူးကြောင်းသေချာ..
ကျန်းမာရေး။ ။တစ်နေ့ ပန်းသီးတစ်လုံးနှုန်း စားပါက တစ်လအတွင်း အလုံး ၃၀မှ ၃၁လုံးအထိကုန်နိုင်သည။်...လေ့ကျင့်ပါ..
သုတေသန။ ။ကလေးများအား မိခင်နို့တိုက်ကျွေးလျှင် နောင်တစ်ချိန် လူကြီးဖြစ်လာနိုင်..ဟုဆို..။
နိုင်ငံတကာ အရေး။ ။ဖင်လန်နှင့်ဥရုဂွေး တို့သည် တစ်ယောက်ကိုတစ်ယောက် မကြည့်နိုင်လောက်အောင်ဖြစ်နေရာမှ..စစ်ရေးအသွင်ပြောင်း....အခုချိန်တွင်ဥရုဂွေးမှာ မတည်ငြိမ်ပဲ လှုပ်တုပ်တုပ်ဖြစ်နေ...။
အားကစားသတင်း။ ။ပြေးခုန်ပစ်တွင် ကပ္ပလီများအား ဆေးစစ်ရာ အသားမဲကြောင်းတွေ့ရှိ...။
သိပ္ပံပညာ။ ။နောင်တစ်ချိန်တွင် ယောကျားရှားပါးမှုကြောင့် မိန်းကလေးများ ယောကျားshoppingထွက်ခြင်း၊လေလံဆွဲခြင်း၊ယောကျားလု စစ်ပွဲများဖြစ်ခြင်း၊ သစ်သီးတစ်မျိုး ဈေးတက်သွားခြင်း(ဘာသီးလဲ သိချင်သူများ ဆက်သွယ်ပါ)။
အနုပညာ။ ။ရုပ်ရှင်ရိုက်ကွင်းများတွင် ကင်မရာအစား ဝါးရင်းတုတ်ဖြင့်ရိုက်မည့် အစီစဉ်ကို မိုက်တီးကတင်သွင်းရာ မောင်မျိုးမင်း(ရေတွင်းပျက်)က ပယ်ချလိုက်ကြာင်း....။
နယ်သတင်းများ။ ။ဆိုင်များတွင် ယောကျားလေးများက ဂျုံများကိုနယ်ကာ အိမ်များတွင် မိန်းကလေးများက အသားများကို မဆလာနှင့်နယ်နေကြကြောင်း...။
ITသတင်း။ ။မြန်မာနိုင်ငံတွင် အင်တာနက်ဆိုင်များပေါများလာမှုကြောင့် အပြိုင်အဆိုင်ဖြစ်ကာ ဈေးလျှော့ခြင်း၊ဆက်တိုက်သုံးလျှင် ထမင်းပါကျွေးခြင်း၊ကွန်ကျလျှင် ငါးမျှားချိတ်ဖြင့် အစားထိုးပေးခြင်း၊ အကောင့်အလန်းလေးများရှာဖွေပေးခြင်း၊တခါတလေ ကြူပါရဂူများ ခန့်အပ်ထားပီး ကူကြူပေးခြင်း(အဆင်ပြေလျှင် အပြင်မှာတွေ့ခြင်းအတွက် စီစဉ်ပေးခြင်း..စသည့် ဝန်ဆောင်မှုများဖြင့် ဈေးကွက် ချဲ့ထွင်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ကြ(မသုံးသပ်ပါက ကျွမ်းကျင်သူမဟုတ်ပါ)အချို့သော ဆိုင်များက မသမာသော နည်းလမ်းအား အသုံးပြုနိုင်သည်..
အွန်လိုင်းမှ အဆင်ပြေသွားကြသော အတွဲများအား နောင်လာမသုံးတော့မည် စိုးရိမ်ကာ ပြတ်အောင်ကြားက သွေးထိုးခြင်းများပင်လုပ်လာနိုင်ကြသည်ဟုလည်းဆို၏...။
နောက်သတင်းထူးများတွေလျှင်လည်း ကြော်ငြာပါ့မယ်..
အခုသတင်းတွေကိုရော သဘောကျရဲ့လား..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...