ကဲ.. ဒီပုံက အနောက်နိုင်ငံမှာ မဟုတ်နော်..ရွှေမြန်မာပြည်မှာပါ..ဒီလို လူမြင်ကွင်းတွေမှာတောင် အရှက်သိက္ခာ မရှိကြတော့တဲ့  မြန်မာပြည် လူငယ် တွေရဲ့  ဖြူစင်ရိုးသားတဲ့စိတ်တွေထဲ မှာ အရှက်မရှိ ၊ကိုယ့်ကျင့်တ၇ားတွေတဖြည်းဖြည်း အေ၇ာင်တွေ ဆိုးလာတာ ဘယ်ကစ သလဲ....?

အများပြည်သူ လူကြီးမိဘတွေ ရှိနေတဲ့ ဘတ်စ်စကားပေါ်လည်း နားမလည်တော့ဘူး..ဒါတွေဘယ်ကစလဲ
ဒီလို စရိုက်တွေ ၊တကိုယ်ကောင်းဆန်တဲ့ ဒီလို လူ့ေ၇ပေါ်စီတွေက ကူးဆက်လာတယ်ဗျာ

ဒီလိုကြော်ငြာတွေနဲ့ ဖျက်စီး

ဒီလို ၀တ်ပြ သရုပ်ပျက်ပြတော့ အောက်လူငယ်တွေကလည်း

အတုခိုးပြီ ၀တ်ချင်တိုင်းဝတ်

စင်အောက်မှာလည်း ကဲချင်တိုင်းကဲ
ငယ်ရွယ်နုနယ်တဲ့ အချိနှ်မှာ မဟုတ်တာတွေ လုပ်ပြ ၊၀တ်ပြတာကို ဒီလို ငယ်ရွယ်တဲ့ ညီမငယ်တွေ အတုခိုးမှားကုန်ကြပြီ
ဒီလို အ၀တ်အစား ဖျက်စီးယုံတင် အားမရသေးဘူး..ကိုယ်ကျင့်တ၇ားပါ ဒီလိုထပ်ဖျက်စီးလိုက်ပြန်ပြီ

ကိုင်း..ဘာပြောကြမလဲ. လူငယ်တွေမှာ ရိုးသားတယ် ၊ဖြူစင်တယ် အဲ့ဒါကို ခုတုံးလုပ်ပြီ ကိုယ့်စီးပွားေ၇း တခုထဲပဲကြည့်ပြီ ဘယ်သူသေသေ ငတေမာ၇င်ပြီးေ၇ာဆိုပြီ လူငယ်ထုကို ချောက်ထဲဆွဲချ..မိမိတို့  ကိုယ်တိုင်ပျက်စီးယုံတင် မ၇ဘူး..အဖော်ရှိအောင် လူငယ်တွေကို လမ်းမှားကို ပို့ ..လွတ်လပ်မှုကို အလွဲသုံးစားလုပ်ပြီ..မြန်မာ့ယဉ်ကျေးမှု့ ကို ချောက်ထဲ တွန်းချနေတဲ့သူတွေကို လူငယ်ထုက သတိကြီးစွာနဲ့  မိမိတို့  ၇ဲ့ ရိုးသားဖြူစင်တဲ့စိတ်၊ ကိုယ်ကျင့်တ၇ားကို အေ၇ာင်မဆိုးခံ၇အောင် သတိထားကြဖို့ လိုပြီ...
ဘယ်တိုင်းပြည်တွေ ၊ဘယ်လိုပဲ ဖြစ်နေပါစေ ၊ဒါမြန်မာပြည် လွတ်လပ်ချင်တိုင်း လွတ်လပ်မယ်ဆို လူမျိုးယဥိကျေးမှုဆိုတာ ဘာမှရှိတော့မှာ မဟုတ်ဘူး..လူဦးေ၇သန်းထောင်ချီရှိတဲ့ အိန္ဒိယနဲ့ တရုတ်ကြားမှာ နေ၇ပေမယ့် ကိုယ့်ရိုး၇ာယဉ်ကျေးမှု့ အတိုင်း ဘယ်ယဉ်ကျေးမှုမှပုံတူကူးမချပဲထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတဲ့ ရှေ့လူကြီးတွေကို စော်ကားတဲ့အပြုမှုတွေ၊ဖျက်စီးမယ့်သူတွေလာပြီ၊ ပေါ်ပြူလာဖြစ်အောင် ဘယ်လို စတန့် ထွင်ထွင် ၊မြန်မာ့ယဉ်ကျေးမှု့ ကို စော်ကားတဲ့ အပြုအမူကြော်ငြာမျိုးကိုတော့ ဘယ်လောက်တိုးတက်နေပါစေ လုံးဝ (ခါးသီးစွာ) ကန့် ကွက်တယ်..
လူ့ေ၇ပေါ်စီအသိုင်းအ၀ိုင်း လက်တဆုပ်စာက လုပ်တဲ့ ပုံ၇ိပ် မြန်မာပြည်တပြည်လုံးနဲ့ မလဲနိုင်ဘူး..အဲ့ကြောင့် လာမယ့် ချစ်သူများနေ့ မှာလုပ်မယ့် ရှိုးပွဲကို မြန်မာပြည်က ငါ့ညီ ၊ငါ့နှမများ လုံးဝ သွားေ၇ာက် အားမပေးဖို့  တိုက်တွန်းချင်ပါတယ်..အရှက် သိက္ခာရှိတဲ့သူ မှန်သမျှ ဒီရှိုးပွဲကို ကန့် ကွက်ကြပါဆို့ ...ပထမကြော်ငြာထားတာ အခန်းပဲ မဲဖောက်ပေးမှာ..မြန်မာ့ယဉ်ကျေးမှု့ ကို ချစ်မြတ်နိုးတဲ့သူတွေက ၀ိုင်းဝန်းပြီကန့် ကွက်ကြတော့ ..ထပ်ပြီ စိန်ခေါ်ပြီ လုပ်လိုက်တာက ချောင်သာကို အပန်းဖြေ ညအိပ်ခ၇ီး.. လွတ်လပ်မှု ကို နိုင်ငံချစ်တဲ့သူတွေက အသက်တွေ၇င်း ၊ထောင်ထဲမှာ နှစ်ရှည်နေ၇ပြီ ၇င်းပေးထားတဲ့ မျက်နှာကိုမှ မထောက် လုပ်၇က်လေခြင်း..
ဒီတခုသာ ခွင့်ပြုလိုက် လာမယ် ဆင့်ကဲ သရုပ်ပျက်တွေ လာမယ်..နောက်ဆို ရိုးပွဲမှာ ကွန်ဒုံး(အဖော်) ဝေတာတွေ ၊တားဆေး ဝေတာတွေလာမယ်..ဒီထက်ဆိုးလာမှက..ကိုယ်ဝန်၇လာ၇င် မလိုချင်၇င် အလကားဖျက်ပေးမယ်ဆိုပြီ ကြောငြာတာတွေ လာတော့မယ်..ငါ့ညီ၊ငါ့ညီမများ..သတိကြီးစွာနဲ့  မိမိတို့  ရိုးသားယဉ်ကျေးတဲ့  ပုံ၇ိပ်လေးကို အပျက်မခံဖို့  ဒီ(အလင်းကမ္ဘာ)မှနေ၍ေ၇းသား လိုက်ပါတယ်..ကျနော(စောနောင်)ေ၇းတဲ့စာတွေကို လွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်...။
သူငယ်ချင်းများအားလုံး ကျေးဇူးတင်ပါတယ်..ဒါထက် ဒီစာလေးကို လက်ဆင့်ကမ်းပေး၇င် ပိုပြီကျေးဇူးတင်တယ်ဗျာ..
မြန်မာပြည်၇ဲ့ ရိုးသားယဉ်ကျေးတဲ့ ပုံ၇ိပ်လေး မပျောက်ပျက်ဖို့ ဆုတောင်းရုံမှတပါး....လူငယ်များ.....?

No comments:
Post a Comment