စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စက်မှုလုပ်ငန်းကို အကြောင်းပြ ချေးယူငွေဖြင့် လုပ်ငန်းရှင်အချို့ အခြားလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိနေ


သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းများလုပ်ကိုင်မည်ဟု အကြောင်းပြကာ အထူးချေးငွေချေးယူပြီး အခြားသောလုပ်ငန်းများတွင်လုပ်ကိုင်လျက်ရှိသည့်လုပ်ငန်းရှင်များရှိနေကြောင်း မြန်မာ့စက်မှုလက်မှု
ဖွံ့ဖြိုးရေးဘဏ်မှ အမှုဆောင်ဒါရိုက်တာဒေါက်တာသန်းထွန်းက ပြောသည်။
အဆိုပါဘဏ်အနေဖြင့် မော်တော်ယာဉ်လုပ်ငန်းအပါအ၀င် သွင်းကုန်အစားထိုးအသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရန်အတွက် ချေးငွေအတိုး ၁၃ ရာခိုင်နှုန်းဖြင့် အထူးချေးငွေများချေးပေးလျက်ရှိရာတွင် ယင်းကဲ့သို့သောချေးယူမှုများရှိလာကြောင်း သိရသည်။
´´ဒီအထူးချေးငွေက စက်မှုလုပ်ငန်းတွေအတွက်ချေးပေးတာ၊ ဒါကိုစက်မှုလုပ်ငန်း လုပ်ကိုင်မယ်လို့အကြောင်းပြပြီး ချေးယူကြတာ တစ်ခြားလုပ်ငန်းတွေမှာ သုံးကြတယ်။ သူတို့လိုအပ်တဲ့နေရာတွေမှာ အသုံးပြုကြတာကိုတွေ့ရတယ်။ဒီလိုက မဖြစ်သင့်ဘူးလေ။ လက်ရှိမှာအဲဒီကိစ္စတွေကို လိုက်စစ်နေတယ်။
ဒီလိုတွေတွေ့ရတဲ့အတွက် နောက်ပိုင်းချေးယူဖို့တင်ထားတဲ့သူတွေကိုလည်း စီစစ်သွားမယ်´´ဟု အဆိုပါ စက်မှုလုပ်ငန်းများစစ်ဆေးရေးအဖွဲ့၏ ဥက္ကဌဖြစ်သူ ဒေါက်တာသန်းထွန်းက ထပ်မံပြောသည်။
ယင်းသို့စက်မှုလုပ်ငန်းရှင်များအား အထူးချေးငွေများထုတ်ချေးရာတွင် မြန်မာနိုင်ငံစက်မှုကုန်ထုတ်သူများအသင်း၏ ထောက်ခံချက်အဆင့်ဆင့်ဖြင့် စိစစ်ချေးပေးခြင်းဖြစ်ကြောင်းသိရသည်။
“စက်မှုကုန်ထုတ်လုပ်သူများအသင်းအနေနဲ့တော့ ၀န်ကြီးရဲ့လမ်းညွှန်ချက်နဲ့ ချေးငွေထုတ်ချေးပေးရေးကော်မတီလေးဖွဲ့ပြိး ချေးငွေတင်တဲ့လုပ်ငန်းတွေကို ကွင်းဆင်းလေ့လာတယ်။ အဲဒီကမှ ဒီလုပ်ငန်းဟာ တိုးတက်ဖို့အလားအလာတွေရှိတယ်လို့မြင်ရင် ချေးဖို့သင့်တယ်ဆိုပြီး စက်မှုဘဏ်ကိုတင်ပေးပါတယ်။ ချေးငွေထုတ်ချေး၊ မချေးဆိုတာကတော့ ဘဏ်နဲ့ဘဲဆိုင်တယ်။ အသင်းအနေနဲ့ကတော့ လုပ်ငန်းကိုဘဲ ကြည့်ပြီိးဆုံးဖြတ်ရတာပါ´´ဟု မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူ ဦးအေးကြည်က ပြောသည်။
လက်ရှိအထိတွင် အဆိုပါအထူးချေးငွေ ချေးယူထားပြီးဖြစ်သည့်စက်မှုလုပ်ငန်းရှင်ကြီး ၁၀ ဦးခန့်ရှိနေပြီဖြစ်ကာ တစ်ဦးလျှင်အများဆုံး ကျပ်သိန်းငါးထောင်ခန့်အထိ ထုတ်ချေးပေးထားကြောင်းသိရသည်။
´´နောက်ထပ်လည်းထပ်ချေးပေးဖို့ ငါးဦးလောက်တော့ရှိသေးတယ်။ နိုင်ငံတော်က ဒီချေးငွေကို စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ချေးတာ၊ ဒီငွေကိုအဲဒီနေရာမှာမသုံးဘဲနဲ့ အခြားနေရာတွေမှာ သုံးနေကြတာတွေ့ရတော့ နောက်ဆိုရင်ငွေမချေးပေးဘဲ သူတို့စက်မှုလုပ်ငန်းမှာသုံးဖို့၊ လိုအပ်တဲ့ပစ္စည်းတွေကိုဘဲ ၀ယ်ပေးဖို့အထိကို စဉ်းစားမိတယ်။ ဒီကိစ္စကို ဘဏ်ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့မှ တင်ပြသွားမယ်´´ဟု ဒေါက်တာသန်းထွန်က ထပ်မံပြောသည်။
မြန်မာစက်မှုလက်မှုဖွံ့ဖြိုးဘဏ်အနေဖြင့် နှစ်စဉ်ပို့ဆောင်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများအပါအ၀င် အခြားသောလုပ်ငန်းများအတွက် ချေးငွေများထုတ်ချေးပေးလျက်ရှိရာတွင် ချေးငွေ၏ရာခိုင်နှုန်း ၅၀ ကျော်ခန့်မှာ စက်မှုလုပ်ငန်းများအတွက် အဓိကထားထုတ်ချေးပေးကြောင်း၊ ပြီးခဲ့သည့် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်းပေါင်း ၄၅၀၀၀ ကျော် ထုတ်ချေးပေးခဲ့ရာ၌ စက်မှုလုပ်ငန်းများအတွက် သန်း ၂၅၀၀၀ ကျော် ပါဝင်ပြီး၊ ရာခိုင်နှုန်းအားဖြင့်၅၄ ဒသမ ၆၂ ရာခိုင်နှုန်းထုတ်ချေးခဲ့ကြောင်းသိရသည်။
By:သစ်ထူးလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...