စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်…လူချမ်းသာ စိတ်ချမ်းသာ သူတစ်ယောက် ဖြစ်လိုပါသလား???

  သင်…လူချမ်းသာ စိတ်ချမ်းသာ သူတစ်ယောက် ဖြစ်လိုပါသလား???
ကျွန်တော်ဆောင်းပါးတစ်ပုဒ်ဖတ်ခဲ့ ရဖူးသည်…ထိုဆောင်းပါးထဲမှစာသားတစ်ချို့ ကိုမှတ်မထားပါပဲမှတ်မှတ်ရရ
ဖြစ်နေခဲ့သည်။နောက်ပိုင်းတွင် ကိုယ့်ကိုယ်ကို ထိုစကားနှင့်စမ်းစစ်ကာသတိပေးထိန်းချုပ်တတ်လာသည်။
လက်ဆွဲဆောင်ပုဒ်ဖြစ်လာသည်ပေါ့…ထိုစကားသည်တကယ်လည်းထိရောက်မှန်ကန်နေခဲ့ သည်။လိုက်နာကျင့်
သုံးရန်လဲမခဲရင်းလှပေ…။ထိုစကားလေးက “ဆုံးခန်းတိုင်အောင်သုံး၊သုံးလို့ ရအောင်ပြင်၊မသုံးပဲဖြစ်အောင်နေ၊
ပေးကမ်းစွန့် ကြဲ”  ကျွန်တော်ပစ္စည်းတစ်ခုကိုလွှတ်ပစ်မယ်ကြံတိုင်း၊အသစ်တစ်ခုဝယ်ခံနီးတိုင်း ကျွန်တော့်ကိုယ်
ကျွန်တော်ပြန်မေးမိသည်… “ငါ့မှာရှိတာတွေကိုဆုံးခန်းတိုင်အောင်သုံးပြီးပြီလား???” ကျွန်တော်မေးတိုင်း
“ဟင့်အင်း”ဆိုသည့်အဖြေကိုသာကျွန်တော်ပြန်ပေးမိသည်.။တကယ်လည်းကျွန်တော်တို့ တစ်တွေဟာပစ္စည်းတစ်
ခုကိုဟောင့်နွမ်းလာပြီဆိုသည်နှင့်အသုံးမပြုချင်တော့… အသစ်တစ်ခုကိုပြိုးကနဲပြက်ကနဲ ကောက်ဝယ်တတ်ကြ
သည်…။နောက်ဆုံးတော့ကျွန်တော်တို့ ဆီမှာသုံးမယ်ဆိုသုံးလို့ ရသေးသည့်အသုံးမပြုတော့သည့်စွန့်ပစ်ပစ္စည်း
များသာပုံနေတော့သည်…။တစ်ချို့ ပစ္စည်းများသည် နည်းနည်းကရိကထခံပြီးပြုပြင်လိုက်သည်နှင့်အသစ်အတိုင်း
ပြန်လည်အသုံးပြုနိုင်သည်။ကျွန်တော်တို့ ကတော့များသောအားဖြင့် ကော်ကွာသွားသည့်ဖိနပ်များကို ပြန်ကပ်ဖို့ 
မဆိုထားနှင့်နှစ်ပတ်လောက်ကြာသွားသောဖိနပ်များအား အသစ်တစ်ရံဝယ်ယူရန်အတွက် မြန်မြန်ပင်ပျက်စေချင်
ကြသည်…။နေ့ စဉ်နှင့်အမျှ ကျွန်တော်တို့ ထို့ နည်းတူကိစ္စရပ်များဖြင့် ငွေကိုသုံးမိတတ်ကြသည်…။
တကယ်အသုံးမလိုသောပစ္စည်းများကိုလဲကျွန်တော်တို့ မျက်စိကျသည်နှင့်ဈေးမတန်တဆဖြစ်နေလျှင်ပင်
ဝယ်ယူမိတက်ကြသည်…။အဆုံးတွင်မလိုအပ်သောပစ္စည်းများသာသင့်ထံတွင်သောင်တင်နေပါလိမ့်မည်…။
သင့်ကိုစိတ်အနှောက်အယှက်လဲများစွာပေးနိုင်ပါသည်…။ပေးကမ်းစွန့်ကြဲကြည့်ပါ…။သင်မလိုအပ်သော
အရာတစ်ခုကိုတစ်စုံတစ်ယောက်ကလိုအပ်နေနိုင်သည်…။သင့်အတွက်တန်ဖိုးမရှိသောအရာသည်
တစ်စုံတစ်ယောက်အတွက်တန်ဖိုးရှိနေတတ်သည်…။
သင်အသုံးမလိုသောအရာတစ်ခုကိုသင်ပေးကမ်းလိုက်ပါကသင့်တွင်အကျိုးယုတ်မသွားနိုင်…
သင့်ကြောင့်တစ်စုံတစ်ယောက် ပြုံးသွားသည်ဆိုလျှင် သင်ကရယ်နိုင်ပါလိမ့်မည်…။
သင် လူချမ်းသာတစ်ယောက်ဖြစ်ချင်ပါသလား???
သင်စိတ်ချမ်းသာသူတစ်ယောက်ဖြစ်ချင်ပါသလား???
နှစ်ခုလုံးအတွက်ကျွန်တော်အကြံပေးပါရစေ…။
(၁)ဆုံးခန်းတိုင်အောင်သုံး
(ချွေတာခြင်းဖြင့်သင်ချမ်းသာနိုင်သည်(သို့ )ထိုတန်ဖိုးနှင့်ညီမျှသည့် သင်လိုအပ်သောပစ္စည်းများအားသင်ပိုင်
ဆိုင်နိုင်သည်…။)
(၂)သုံးလို့ ရအောင်ပြင်
(အနည်းဆုံးတော့ပစ္စည်း၏တန်ဖိုးတစ်ဝက်ကို သင်ပိုင်ဆိုင်နိုင်သေးသည်။သင့်တွင်အမှိုက်ဖြစ်နေနိုင်သော်လည်း
တစ်စုံတစ်ယောက်အတွက်အိပ်မက်ဖြစ်နေနိုင်ပါသည်။)
(၃)မသုံးပဲဖြစ်အောင်နေ
(ပစ္စည်းတစ်ခုကိုသင်မသုံးရလို့ သင်မှာဘာမှထိခိုက်နစ်နာမှုမရှိဘူးဆိုလျှင်သင်တကယ်လိုအပ်သည်များကို
သင့်မှာရွေးချယ်ခွင့်ပိုများလာနိုင်သည်…။)
(၄)ပေးကမ်းစွန့်ကြဲ
(ပေးကမ်းခြင်းအတက်ပညာကိုသင်တက်မြောက်သွားပါက သင်သည်ကမ္ဘာပေါ်တွင် လူရောစိတ်ပါ
အချမ်းသာဆုံး လူသားဖြစ်လာပါလိမ့်မည်။)
ကြယ်ရောင်လင်း
5:50 AM
2.2.2012

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...