စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးရုံဆေးခန်းမရှိသော ဒေသများမှ ကိုယ်ဝန်ဆောင်မိခင်များ


Print Friendly and PDF
ဆးရုံဆေးခန်းမရှိသော ဒေသများမှ ကိုယ်ဝန်ဆောင်မိခင်များ

ပြည်နယ်များရှိ တိုက်နယ် ဆေးရုံဆေးခန်းမရှိသော ကျေးလက်ဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်များသည် မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှဖွင့်လှစ်ထားသော မိခင်နှင့်ကလေးဆေးခန်းများနှင့် အရပ်လက်သည်မီးဖွားသူများကိုသာ အားထားပြီး မီးဖွားလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ဆေးရုံဆေးခန်းမရှိသေးသော ကျေးရွာဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်များသည် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးခန်းများအပါအ၀င် ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ်ရရှိထားသော သူနာပြုဆရာ / ဆရာမ များဖြင့်သာ မွေးဖွားသင့်ကြောင်း ၊ ကျန်းမာရေးဝန်ထမ်းများက သတိပေးပြောဆိုလျက်ရှိသည်။
" အကောင်းဆုံးကတော့ ဆေးရုံမှာလာမွေးတာ အကောင်းဆုံးပါပဲ ၊ ဆေးရုံဆေးခန်းဝေးတဲ့နယ်တွေကြတော့ မိခင်နှင့်ကလေး ဆေးခန်းတွေမှာတော့ စိတ်ချရပါတယ် ပစ္စည်းတွေကပိုးသတ်ထားပြီး ၊ တခါသုံးတွေပဲသုံးတယ်" ဟု ဒေါက်တာ ဦးဝဏ္ဏကျော်ကပြောသည်။
အထူးသဖြင့် သားဦးမွေးမည့်မိခင်များ၊ မီးဖွားရာတွင် အခက်အခဲရှိနိုင်မည့် ကိုယ်ဝန်ဆောင်မိခင်များ ၊ ထို့ပြင် အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာရဖွယ်ရှိသော မီးဖွားခြင်းများသည် ဆေးရုံတို့တွင် မွေးဖွားသင့်ကြောင်း အဆိုပါ ဆရာဝန်က သတိပေးပြောဆိုသည်။
မိခင်နှင့်ကလေး ဆေးခန်းများ၌ မွေးဖွားခြင်းသည် စိတ်ချရသော်လည်း အချို့ ကိုယ်ဝန်သည်များအနေဖြင့် ဆေးရုံမှာမွေးခြင်းက အန္တရာယ်ကင်းကြောင်း မိခင်နှင့်ကလေးမှ ဆရာမတစ်ဦး၏ ပြောချက်အရသိရသည်။
"ကျွန်မတို့မှာက အသုံးအဆောင် ကိရိယာတွေကသန့်ရှင်းတယ် ၊ ပြီးတော့ ဆရာမတွေကလည်းကျွမ်းကျင်ကြတယ်ရှင့် ၊ တချို့  ကိုယ်ဝန်ဆောင်တွေကိုလည်းဆေးရုံပို့ပေးတယ်လေ" ဟု မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဆရာမ ဒေါ်ဝင်းစံဖြူကပြောသည်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်မှစပြီး ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန်လိုအပ်ကြောင်း၊ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေးဋ္ဌာန(သို့မဟုတ်)မိခင်နှင့်ကလေးသားဖွားခန်းသို့ အနည်းဆုံးလေးကြိမ်ခန့်ပြသစစ်ဆေးရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရှိရသည်။
ထိုသို့စစ်ဆေးပြီးမှသာ ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် မည်သည့်နေရာတွင် ကလေးမွေးဖွားသင့်သည်ဆိုသည်ကို
ဆရာဝန် ၊ သူနာပြု သို့မဟုတ် သားဖွားတို့ဖြင့် တိုင်ပင်အကြံဥာဏ်ရယူရန် အရေးကြီးကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရှိရပါသည်။
ကိုယ်ဝန်ဆောင်မိခင်သည် မီးဖွားရာတွင် အခက်အခဲရှိနိုင်မည် ၊ သို့မဟုတ် အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာရှိသည်ဆိုလျှင်
ကလေးကိုဆေးရုံသို့မဟုတ် သားဖွားခန်းတွင်သာမွေးသင့်ပါသည်။သားဖွားသည့်အခါတိုင်း ၊ အထူးသဖြင့် သားဦးမွေးမည်ဆိုလျှင် သားဖွားခန်း သို့မဟုတ် ဆေးရုံတို့တွင်မွေးဖွားမှာသာ စိတ်ချရပါသည်ဟု ဆရာမပြောကြားချက်အရသိရသည်။
အချို့ သော ကိုယ်ဝန်သည်များမှာ မိခင်နှင့်ကလေးဆေးခန်းနှင့်နီးခြင်း ၊ မိခင်နှင့်ကလေးဆေးခန်းများက မရှိဆင်းရဲသားများကိုလည်း မွေးပေးခြင်း စသည်တို့ကြောင့် မိခင်နှင့်ကလေး ဆေးခန်းတွင်မီးဖွားကြောင်း မိခင်တစ်ဦး၏ပြောချက်အရ သိရှိရသည်။
ကောင်းမြတ်ဖြိုး(ရွှေမြစ်မခ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...