စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နှလုံးမရှိပဲ ၁၁၈ ရက်ကြာ နေထိုင်ခဲ့သော အံ့ဖွယ်အမျိုးသမီး

တောင်ကာရိုလိုင်းနားပြည်နယ်မှ D'zhana Simmons ဆိုသူအမျိုးသမီးဟာ သဘာဝါတိုင်း လမ်းလျှောက်ခြင်း စကားပြောခြင်းတွေပြုလုပ်နေပါတယ် ။ ဆေးပညာအရတော့ အံ့ဖွယ် ထူးဆန်းတဲ့ ဖြစ်ရပ်ဖြစ်ပါတယ် ။ ရဲရင့်တဲ့ ဆယ်ကျော် သက်လေးဟာ လေးလ ခန့် ခုန်စရာ နှလုံးမရှိပဲ နဲ့ နေထိုင်ခဲ့တယ် ။ သူမဟာ ပျက်ဆီးနေတဲ့ နှလုံးကို အလုပ်လုပ်တဲ့ နှလုံးအသစ်နဲ့ လဲလှယ်ဖို့ စောင့်ဆိုင်းနေသူတစ်ဦးလည်းဖြစ်ပါတယ် ။



Simmons ဟာ နှလုံးကြွက်သားတွေ ဖောင်းပြီးကြီးမားတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ Dilated Cardiomyopathy ကိုခံစားနေရသူဖြစ်ပါတယ် ။ ဆိုလိုတဲ့သဘောကတော့ သူမ နှလုံးဟာ အားနည်းလာပြီး သွေးတွေကို ညှစ်မ ထုတ်နိုင်တော့ပါဘူး ။ Miami Holtz ကလေးဆေးရုံမှ ခွဲစိတ်ဆရာဝန်တွေက ၂၀၀၈ ခုနှစ် ဇူလိုင် ၂ ရက်နေ့ တုန်းက ပထမအစ ခွဲစိတ်လဲလှယ်တဲ့ transplant ကိုပြုလုပ်ခဲ့ပါတယ် ။ ဒါပေမယ့် နှလုံးက သိပ်မကောင်းသေး ပါဘူး ။ ချက်ချင်းပြန်ထုတ်ပစ်ဖို့ လိုလာခဲ့တယ် ။



အဲဒီအချိန်လေးအတွင်းမှာ D'zhana ဟာ လူလုပ်ထားတဲ့ သွေးညှစ်စက် Artificial blood-pumping ကို သုံးပြီး အသက် ရှင်နေခဲ့ရတယ် ။



“ သူမဟာ နှလုံးမရှိပဲ ၁၁၈ ရက်တိုင် အသက်ရှင်နေထိုင်ခဲ့တဲ့ အံ့ဖွယ် လူသားဖြစ်ပါတယ် သူမရဲ့ သွေး လည်ပတ်မှုကို သွေးညှစ်စက် နှစ်လုံးထဲနဲ့ ထောက်ပံ့ပေးထားခဲ့တာပါ ” လို့ ကလေးနှလုံးခွဲစိတ်ဆရာဝန် Dr.Ricci က ပြောခဲ့ပါတယ် ။




မူရင်း - Teen Survives 118 Days Without A Heart

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...