စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေစု၏ ဧရာဝတီတိုင်း ခရီးစဉ်မှ မြင်ကွင်းဓါတ်ပုံများ

(၇-၂-၂၀၁၂)
ဒီနေ့ကတော့ ဧရာဝတီတိုင်းမှာ ပွက်လောရိုက် ဆူညံသွားတဲ့နေ့ပေါ့ ။
ဒေါ်စုကိုချစ်တဲ့ ပြည်သူ့အင်အားစုကို ပြသတဲ့ အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။
သတင်းဓါတ်ပုံတွေကိုတော့ ဒေတာလျင်မြန်တဲ့ ဖေ့ဘုတ်မှာ ပုံတွေတော်၂များ၂ တင်ထားတာလည်း တွေ့ရပါတယ်။
လွယ်အိတ်ထဲက သူငယ်များအတွက် တင်ပေးလိုက်ပါတယ်နော်။
မနက်ခင်းထဲက အစောကြီး ရရှိထားတဲ့ ပုသိမ်မြို့မှ ပုံရိပ်များ ဖြစ်ပါတယ်။
ဆိုင်ကယ်တွေကတော့  အောတိုက်ပဲ ။
ပုသိမ်ထီးလေးနဲ့ လိုက်ဖက်တဲ့ ဒေါ်စုကတော့ကြည့်ရတာ ခန့်ညားလှပလို့နေပါတယ် ။ ခေါင်းဆောင်ကိုစောင့်မျှော်တာ ကြာပီဖြစ်တဲ့  ပန်းတွေက နွမ်းချင်ချင်ဖြစ်နေပေမယ့် အမေစုကတော့ ၀မ်းသာစွာ လက်ခံယူလို့သွားပါတယ် ။
ပုသိမ်ကတော့ မြို့တော်ဖြစ်တဲ့အတွက် တော်တော်စည်ကားနေတယ် ။ ဖုန်တွေတောင် ထနေတယ် ။

ပုသိမ်ကနေထွက်တော့ လပွတ္တာကို ခရီးဆက်ပါတယ် ။ အတော်ပင်ပန်းမှာပဲ ။ အသက်လဲ မနဲတော့ဘူးလေ ။

ဆက်ပြီးတော့  မြောင်းမြကို နောက်ဆုံး ၀င်ရောက်လာပါတယ် ။ ဒါက ဒီမိုကရေစီရုံးချုပ် ဖွင့်ထားတဲ့ မြို့ထဲပေါ့ ။

နေရာကျဉ်းတဲ့အတွက်  မိန့်ခွန်းပြောပွဲကို မီတာ ၄၀၀ ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်ရှင် ။

စင်ပေါ်သို့ တိုးကြိတ်ပြီး တက်ရောက်ရပုံ
ဓါတ်ပုံလာရိုက်သူတွေလဲ အများကြီးပါပဲ ။

မိန့်ခွန်းပြောနေပုံ


ပြည်သူလူထုများ
ဟိုဘက် သည်ဘက်မှ

ပြည်သူများမှ နှုတ်ဆက်နေပုံ

ပြန်လည်ထွက်ခွာလာသူများ


ကြိုးစားတင်ပြပါသည်-
MC ကြိုးမဲ့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...