စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေရိကန်နိုင်ငံ၏..ဘာသာကိုးကွယ်မှု..အခြေအနေ

“အမေရိကန်နိုင်ငံ..၏ ဘာသာကိုးကွယ်မှု..အခြေအနေ”
(၂၀၀၇ ခုနှစ်၊လူဦးရေ-၃၀၁,၁၃၉,၉၄၇)
                ဘာသာ                    ယုံကြည်ကိုးကွယ်သူ (သန်း)                     လူဦးရေ/ကိုးကွယ်သည့်ရာခိုင်နှုန်း
၁။ခရစ်ယန်ဘာသာ                         159.03                                                              76.5%
၂။ဘာသာမရှိသူ                              27.49                                                               13.32%
၃။ဂျူးဘာသာ                                   2.83 မှ 6.35                                                      1.4%
၎။အစၥလာမ္ဘာသာ                           1.10 မွ 4.65                                                      0.5%
၅။ဗုဒၶဘာသာ                                    1.08 မွ 2.9                                                       0.5%
မှတ်ချက်။ ။WIKI MEDIA FOUNDATION ; မှ ကောက်နှုတ်ဖော်ပြသည်။
“ဗုဒ္ဓသာသနာ”ကို ကမ္ဘာ သို့ပြန့်ပွားရန် စတင်ဆောင်ရွက်သူမှာ…..
“မြတ်ဗုဒ္ဓ”(Gottama Buddha )(ဘီစီ ၅၆၀-၄၈၀)ကိုယ်တော်တိုင်ဖြစ်ပါသည်။
အထူးသဖြင့် “ဗုဒ္ဓ”လက်ထက်တော်တွင်
အိန္ဒိယနိုင်ငံအတွင်း၌သာသနာအပြန့်ပွားဆုံး..အချိန်ပင်ဖြစ်သည်။
“ဗုဒ္ဓ”..ပရိနိဗ္ဗာန်..ပြုပြီးနောက်
သာသနာတော်သန့်ရှင်းတည်တန့်စေရန်..
“ပထမသင်္ဂါယနာ”(ဘီစီ-၅၄၄)” နှင့်“ဒုတိယသင်္ဂါယနာ(ဘီစီ-၄၄၄)”များတင်ခဲ့သည်။
ထိုအချိန်မှစတင်၍ သံဃာဂိုဏ်းကွဲမှုအက်ကြောင်းများပေါ်ပေါက်ခဲ့သည်။
အိန္ဒိယနိုင်ငံ“သီရိဓမ္မာသောကမင်း”(King Asoka)(ဘီစီ ၂၇၄-၃၂၆)လက်ထက်တွင်..
”တတိယအကြိမ် သံင်္ဂါယနာ”(ဘီစီ-၃၀၈)တင်ပြီးနောက်ပိုင်းတွင် သံဃာဂိုဏ်းကွဲများ ထင်ရှားစွာ.
.ဖြစ်ပေါ်ခဲ့ရာ“မဟာယနဗုဒ္ဓဘာသာဂိုဏ်း”စတင်ဖြစ်ပေါ်ခဲ့သည်။
“မဟာယနဂိုဏ်း”မှ သံဃာတော်တို့သည်..
“ဗုဒ္ဓ”ဟောကြားခဲ့သည့်“ဓမ္မ”..တို့ကို..
နုတ်ပယ်ခြင်း၊ ပြုပြင်ခြင်း ၊ဖြည့်စွက်ခြင်းများ…ပြုလုပ်ခဲ့သည်။
မူရင်း“ပါဠိဘာသာ”မှ“သက္ကတ”
ဘာသာ..သို့ ပြောင်းလဲဖော်ပြခဲ့သည်။
စင်ပြိုင်သင်္ဂါယနာများကို တင်ခဲ့ကြပြီး“မဟာယနဂိုဏ်း”
ပြန့်ပွားရန် ဆောင်ရွက်ခဲ့သည်။
သီရိဓမ္မာသောကမင်း..နောက်..
“ကနစ်ရှ်ကာမင်း”(Kanishka)(အေဒီ ၇၈-၁၁၀)..လက်ထက်တွင်
“မဟာယနဗုဒ္ဓဘာသာ”ပိုမိုထွန်းပြောင်ခဲ့ပြီး ဗုဒ္ဓဘာသာ၏ဗဟိုချက်မအထိ
ရောက်ရှိခဲ့သည်။
ထိုအချိန်၌ ဗုဒ္ဓဘာသာသည်“ကမ္ဘာ့နိုင်ငံ”များသို့ ရောက်ရှိပြန့်ပွားခဲ့ပါသည်။
အနောက်နိုင်ငံများသို့....
“ဗုဒ္ဓဘာသာ”စတင်ပြန့်ပွားလာခြင်း၏အစ..ကို..
အနောက်တိုင်းပညာရှင်အများစုမှ အောက်ပါအတိုင်း ဖေါ်ပြကြပါသည်။
(က) ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူအချို့သည်“ဥရောပ”အစရှိသည့်နိုင်ငံများ
သို့ အကြောင်းအမျိုးမျိုးကြောင့်..ရောက်ရှိခဲ့ရာမှ အနောက်တိုင်းတွင် ဗုဒ္ဓဘာသာ
စတင်..သန္ဓေတည်ခြင်း။
(ခ) “အာရှ”နှင့် “အရှေ့တိုင်း”နိုင်ငံများသို့ ရောက်ခဲ့ကြသူ အနောက်တိုင်းနိုင်ငံသား
များသည်“ဗုဒ္ဓဘာသာ”ဟူသောစကားကို စတင်ကြားခဲ့ကြပြီး ထိုအကြောင်းကို
လေ့လာရေးသားဖော်ပြခဲ့ကြသည်။
(ဂ) ထိုသူတို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ရန်မဟုတ်ဘဲ၊မည်ကဲ့သို့သော
အယူဝါဒဖြစ်ကြောင်းသိရှိလို၍ လေ့လာကြရာမှ သူတို့၏တွေ့ရှိချက်များကို
ရေးသား ဖော်ပြခဲ့ကြခြင်း။
(ဃ) သူတို့သည် “ဗုဒ္ဓဘာသာ”ကို “အယူဝါဒအသစ်”တစ်ခုအဖြစ် သိရှိရန်စမ်းသပ်
လေ့လာရာမှ “ဗုဒ္ဓ”၏ဟောပြောချက်များအား နှစ်ခြိုက်သဘောကျပြီး ဖော်ထုတ်
ရေးသား ဖြန့်ဝေခဲ့ကြခြင်း..။
……………………………………………..စသည်တို့ ဖြစ်ကြသည်။
“ဗုဒ္ဓဘာသာ”သည်“စာပေအနေဖြင့်...
“ဥရောပ”နှင့်အနောက်နိုင်ငံများသို့ရောက်ရှိပြန့်ပွားခဲ့သည်မှာ
အများအားဖြင့်(အေဒီ-၁၈၅၀)၀န်းကျင်၌ဖြစ်ကြောင်းတွေ့ရှိရပါသည်။
ထို့အတူ..
“ဗုဒ္ဓဟောကြားခဲ့သော သုတ်၊၀ိနည်း၊အဘိဓမ္မာ တို့ကို
နုတ်ပယ်ခြင်း၊ပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်း..မရှိဘဲ “မူလပါဠိဘာသာ”ဖြင့်
လေ့လာသင်ကြားကိုးကွယ် ခဲ့ကြသော
“မြန်မာ၊ထိုင်း၊သီရိလင်္ကာ၊လာအို၊ကမ္ဘောဒီးယား”အစရှိသည့်
ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံများ မှ သာသနာပြုပုဂ္ဂိုလ်များ၏ကမ္ဘာ့သာသနာပြုလုပ်ငန်းများကြောင့်
ဗုဒ္ဓသာသနာ…ကျယ်ပြန့်လာပါသည်။
စင်စစ်...
အနောက်တိုင်းနိုင်ငံများသို့“ဗုဒ္ဓ၏တပည့်သားရဟန်းတော်များ”အနေဖြင့်..
သွားရောက်သာသနာပြုရန်သည်..အခက်အခဲများစွာရှိနိုင်ပေသည်။
အကြောင်းမှာ
ဗုဒ္ဓ..ထားရစ်တော်မူသော“၀ိနည်းတော်များ”နှင့်“အနောက်တိုင်းနိုင်ငံ”တို့၏ ဥပဒေများ
သည်..အချို့နေရာတို့၌“၀ိရောဓိ”ရှိနေသောကြောင့်ဖြစ်သည်။
မြင်သာအောင်ဥပမာတစ်ခုပြပါမည်။
“ဗုဒ္ဓ”က ရဟန်းတော်များကို အိမ်စဉ်လှည့်လည် ဆွမ်းခံခြင်းကိုသာအားပေး
ချီးမွမ်းတော်မူခဲ့ပြီး
“အနောက်တိုင်းဥပဒေ”က “တောင်းရမ်းခြင်း”ကိုတားမြစ်ထားပေသည်။
ထို့ပြင် “အနောက်တိုင်းနိုင်ငံ”တို့၏ပြင်းထန်သော“ရာသီဥတု”က..
“သင်္ကန်း”၀တ်ရုံနေထိုင်ခြင်းကိုတားမြစ်ထားဘိသကဲ့သို့ဖြစ်နေပြန်ချေသည်။
ထို့ကြောင့်“ရဟန်းတော်”တို့အဖို့……. ထိုသို့သောနိုင်ငံများတွင်..သီတင်းသုံးသာသနာပြုပါလျင်..
တစ်ဖက်က“၀ိနည်းတော်”တို့ကို အပြည့်အ၀လိုက်နာရန်ခက်ခဲနေပေမည်။
ထို့ပြင်ရဟန်းတော်တို့သည် အရိယာပုဂ္ဂိုလ်မဖြစ်ကြသေးသောကြောင့်
အနောက်တိုင်းဓလေ့များနှင့်ကျွမ်းဝင်နေထိုင်သွားလျှင်လည်း ဗုဒ္ဓသာသနာတော်
ဆုတ်ယုတ်ပျက်ပြားသွားနိုင်ရန်အကြောင်းရှိလာလေသည်။
အမှန်စင်စစ် ဗုဒ္ဓဘာသာသည် ဒီမိုကရေစီ ကျသောဘာသာရေးအယူအဆ
ဖြစ်ပြီးလွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိသည်။
မည်သူ့ကိုမှလည်းစည်းရုံးသိမ်းသွင်းခြင်းမရှိ။
မည်သူ့ကိုမျှလည်းအဓမ္မသွတ်သွင်းခြင်းမရှိ။
မိမိကိုယ်သာမိမိအားကိုးရပြီး သစ္စာ(၄)ပါးကို ကိုယ်တိုင်သိအောင်ဆောင်
ရွက်ရသောအလုပ်ဖြစ်၍
မိမိကိုယ်တိုင်ကျင့်ကြံအားထုတ်ရသော သာသနာဖြစ်သည်။
ဗုဒ္ဓဘာသာ ၌ လူပိန်းကြိုက်မက်လုံးများလည်းမရှိချေ။
အကျင့်မြတ်အကျင့်မှန်ကိုသာ သိအောင်ကျင့်ကြံရသည်။
ထိုသို့ခက်ခဲနက်နဲသောကြောင့်...
ကျယ်ပြန့်မှုနည်းပါးရပြီး
လူပြိန်းကြိုက်ဝါဒများ ထွန်းကားလာရာ..
ဗုဒ္ဓသာသနာတော်သည်..ဂိုဏ်းကွဲ၊၀ါဒကွဲများ၏ကျူးကျော်တိုက်ခိုက်နှိမ်
နင်းမှုကြောင့် လျော့ကျသက်ဆင်းခဲ့ရသည်။
“အမေရိကန်နိုင်ငံ”တွင်ရှိသည့်
(၂၀၀၇ )ခုနှစ် စာရင်းအရ
လူဦးရေ(၃၀၂)သန်းခန့်တွင် “ဗုဒ္ဓဘာသာဝင်”ဦးရေ (၀.၅%)ခန့်သာရှိခြင်းက
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များ မည်မျှကြိုးပမ်းအားထုတ်ကြရန် လိုအပ်ကြောင်း
ခွန်အားသစ်တစ်ခုဖြစ်ပေါ်စေရန်အဓိကဦးတည်ပါသည်။
ဗုဒ္ဓသာသနာသည်
မြန်မာနိုင်ငံတွင် ယခင်ကထက်ပိုမိုတိုးတက်ထွန်းပြောင်ခဲ့ပြီးဖြစ်သော်လည်း
ကမ္ဘာတစ်ဝန်းနှင့်ကြည့်လျှင် ဖူးပွင့်စအခြေအနေတွင်ရှိပါသည်။
ခရစ်ယာန်ဘာသာ၊အစ္စလာမ်ဘာသာ တို့မှ သာသနာပြုများသည်
ကမ္ဘာတစ်ခွင်သို့ထွက်ခွာပြီး သူတို့၏ဘာသာဝင်များ..များစွာတိုးတက်ဖြစ်ပေါ်စေရန်
ငွေအင်အား၊
လူအင်အား၊
နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်နေကြကြောင်းသိရှိကြပြီးဖြစ်ပါသည်။
ထို့ကြောင့် ကမ္ဘာ့လူဦးရေအားလုံးတွင်
ခရစ်ယာန်နှင့်အစ္စလာမ် ဘာသာဝင်ဦးရေမှာ အများဆုံးဖြစ်ပြီး
ကျွန်တော်တို့“ဗုဒ္ဓဘာသာဝင်”ဦးရေမှာ
တစ်ကမ္ဘာလုံးတွင် သန်း(၃၅၀ မှ ၅၀၀) ခန့်သာရှိရာ
ကမ္ဘာ့လူဦးရေ၏(၅.၉%)သာရှိကြောင်းတွေ့ရှိရမည်ဖြစ်ပါသည်။
ယခုအခါ “မြန်မာနိုင်ငံ”သည် ကမ္ဘာတွင် ထေရ၀ါဒဗုဒ္ဓဘာသာအထွန်းကားဆုံးဖြစ်ရာ
အခြားဗုဒ္ဓဘာသာနိုင်ငံများတွင် မရှိခဲ့သော
“တိပိဋက”အာဂုံဆောင်ဆရာတော်များ၊
အခြားဘွဲ့ရဆရာတော်များ
စသည့်မြောက်များလှစွာသော“သံဃာတော်”များသည်
ဗုဒ္ဓဒေသနာတော်များနှင့်အညီလိုက်နာကျင့်သုံးခဲ့သဖြင့် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ
နိုင်ငံများ၏လေးစားမှုကိုခံယူရရှိခဲ့ပြီး ဗုဒ္ဓဘာသာ၏“ဗဟိုချက်မ”အဖြစ်သို့ရောက်ရှိနေ
ချိန်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားသကဲ့သို့ ပြည်ပနိုင်ငံများတွင်
ထွန်းကားပြန့်ပွားရန် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်များသည်..
ကမ္ဘာ့လူဦးရေ၏ (၅.၉%)တွင်
“မဟာယနဗုဒ္ဓဘာသာဝင်”များကအများဆုံးဖြစ်၍
“ထေရ၀ါဒဗုဒ္ဓဘာသာဝင်”ဦးရေမှာ(၁၂၄)သန်း
ကျော်..သာရှိနေသေးသည့်အခြေအနေဖြစ်နေပါသည်။
ထို့ကြောင့်
မျိုးဆက်သစ်“ကမာ့္ဘဗုဒ္ဓသာသနာပြု”ပုဂ္ဂိုလ်များ
ထွက်ပေါ်လာစေရန်အထူးလိုအပ်သကဲ့သို့ ၊
လူပုဂ္ဂိုလ်များမှ လိုအပ်သည့် ကူညီဆောင်ရွက်မှုများပေးအပ်ခြင်း၊.
.လှူဒါန်းခြင်းဖြင့် ၀ိုင်းဝန်းထောက်ပံ့အားပေးကြရန်လည်း လိုအပ်ပါသည်။
ဤသို့ဖြင့် ထေရ၀ါဒသာသနာသည်..
ကမ္ဘာတစ်ခွင်သို့ ကျယ်ပြန့်စွာရောက်ရှိ၍ ဗုဒ္ဓသာသနာထွန်းပြောင်လာမည်..ဟု
ယုံကြည်ပါသည်။
ကျမ်းကိုး-“အနောက်နိုင်ငံများသို့ ဗုဒ္ဓဘာသာရောက်ရှိပြန့်ပွားခြင်း”
(ဦးထွဏ်းလွင်-မိတ္ထီလာ)(စာ-၂၃)
“ဗုဒ္ဓအင်ပါယာ”(ကောင်းဈန်သိမ်း)(စာ-၉၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...