စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
စိတ်နဲ့ ပတ်သက်ပြီး ဆောင်စရာ ရှောင်စရာများ
စိတ်နဲ့  ပတ်သက်ပြီး ဆောင်သင့်တာကိုဆောင်ပြီး ရှောင်သင့်တာကိုလည်း ရှောင်ရှားသင့်ပါတယ်။
ဘယ်ကိစ္စ၊ ဘယ်အလုပ်ကိုမဆို အမြင့် ဆုံးကို စမကြည့်နဲ့ ၊ တစ်ကစ တစ်နိုင်လုပ်။
အမြင့်ဆုံးကိုကြည့်ရင် ငါမရောက်နိုင် ၊ ငါမလုပ်နိုင်လို့ ဆိုပြီး နောက်ဆုတ်တတ်တယ်။
စိတ်ပျတ်တတ်ပါတယ်။
အကြောင်းအထွေထွေမှာ ကောင်းစေ ဆိုးစေ ၊ဆောင်ဖို့ ရှောင်ဖို့  အကြောင်းတွေ
ဖန်နေပါတော့ တယ်။
ရှောင်သင့်တာမရှောင်လို့ ဘ၀ကို မှောင်အတိ ကျရောက်စေတတ်ပါတယ်။
စိတ်နဲ့ ပတ်သက်ပြီး ဆောင်စရာ ရှောင်စရာတွေကတော့ ......................................
၁။ စိတ်ကောင်းထားရမယ်။
၂။ စိတ်ထား မှန်ရမယ်။
၃။ စိတ် အမြဲ ကြည်လင်နေစေရမယ်။
၎။ စကားကို လိုရင်း ပြောတတ်ရမယ်။
၅။ စာပေကို ချစ်မြတ်နိုးရမယ်။
၆။ စိစစ်ဝေဖန်တတ်ရမယ်။
၇။ စီမံ ဆောင်ရွတ်တတ်ရမယ်။
၈။ စိတ်ရှည်ရှည်ထားတတ်ရမယ်။
၉။ စီမံကိန်းဆွဲ အလုပ်လုပ်ရမယ်။
၁၀။ စုဆောင်းတတ်ရမယ်။
၁၁။ စုပေါင်းလုပ်ခြင်းကို နှစ်သက်ရမယ်။
၁၂။ စုစည်းမှု အမြဲရှိစေရမယ်။
၁၃။ စူးစမ်းလေ့လာမှု ရှိရမယ်။
၁၄။ စေတနာ (လူတိုင်းအပေါ် ) ထားရှိရမယ်။
၁၅။ စေ့စေ့စပ်စပ် သုံးစွဲတတ်ရမယ်။
၁၆။ စွဲစွဲမြဲမြဲ ဇောက်ချပြီး အလုပ်လုပ်ကိုင်ရမယ်။
၁၇။ စောစောအိပ် ၊ စောစောထ အကျင့်လုပ်ရမယ်။
၁၈။ စဉ်းစားပြီးမှ အလုပ်လုပ်ရမယ်။
၁၉။ စားဝတ်နေရေး အတိုင်းအထွာ သိရမယ်။
၂၀။ စည်းကမ်း ရှိရမယ်။
၂၁။ စွန့်စွန့် စားစား လုပ်ကိုင်လိုစိတ်ရှိရမယ်။
၂၃။ စုံစမ်းပြီးမှ အမှားအမှန် ဆုံးဖြတ်ရမယ်။
၂၄။ ဆွေးနွေးစရာ ရှိရင် ဆွေးနွေးရမယ်။
၂၅။ ဆက်ဆံရေး ပြေပြစ်ရမယ်။
၂၆။ ဆုံးဖြတ်ပြီးသား ကိစ္စကို ပြီးအောင်လုပ်ရမည်။
၂၇။ ဆောင်ရွတ်စရာကိစ္စ ဆောင်ရွတ်ပါ။
၂၈။ ဇွဲစိတ် ရှိရမယ်။
၂၉။ ဇစ်မြစ်ကို လေ့လာပြီးမှ လူကိုပေါင်းရမယ်။
၃၀။ ညင်ညင်သာသာ လုပ်ကိုင်ရမယ်။
၃၁။ ငြူစူစောင်းမြောင်းခြင်းကို ရှောင်ရမယ်။
An ordered state of mind is highly enjoyable.
_ စည်းကမ်းရှိတဲ့  စိတ်ဟာ အင်မတန်မှကို ခံစားလို့ ကောင်းတယ်။ 
_ နှစ်သက် ကျေနပ်စရာ ကောင်းတယ်။
_ ဆင်ခြင်တယ်ဆိုတာ..... စိတ်နဲ့  ဆင်ခြင်တာပဲ။
သူငယ်ချင်းအားလုံးကို အစဉ်လေးစားခင်မင်လျှက်
ညချစ်သူ
သုတေသီ ဘုန်းမြင့်သွေး ရဲ့ (လောကကြီးကို အနိုင်ယူတာစိတ်ထားပါ) စာအုပ်မှ
ကူးယူဖော်ပြပါသည်။
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...