စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၂၀၁၃ ခုနှစ် နောက်ဆုံးကလေးနှင့် ၂၀၁၄ ခုနှစ် ပထမဆုံးကလေးအဖြစ် မောင်နှမ အမြွှာမွေးဖွား




Ref: Daily Mail
===============================

ဝါရှင်တန် ၊ ဇန်နဝါရီ ၂ ။ ။ ဝါရှင် တန်ဒီစီ မစ်ဒ်စတားဝါရှင်တန် ဆေးရုံ၌ ဒီဇင်ဘာ၃၁ရက် ည ၁၁နာရီ ၅၅ မိနစ်တွင် ယာလေ နီဆန်တို့စ်တိုဟာလီနိုဆိုသူ အ မျိုးသမီးသည် မိန်းကလေးတစ် ဦးကို ဖွားမြင်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် ဇန်နဝါရီ၁ရက် နံနက် ဝဝ.၀၁ မိနစ်တွင် ယောက်ျား လေးတစ်ဦးကို မွေးဖွားခဲ့သည်။

မိန်းကလေးမှာ ခြောက် ပေါင် ၄ဒသမ၉အောင်စရှိပြီး ယောက်ျားလေးမှာ ငါးပေါင် ၁ဝဒသမ ၄အောင်စရှိသည်။ အမြွှာတို့၏ဖခင်မှာ ဝါးရင့်ဘင် ဂါဇိုဖြစ်ပြီး ဝမ်းမြောက်ခြင်းများ စွာခံစားရပါသည်ဟု ပြောခဲ့ သည်။

အဆိုပါကလေးများအား ၂၀၁၃ခုနှစ်၏ နောက်ဆုံးက လေးနှင့် ၂၀၁၄ခုနှစ်၏ ပထမ ဆုံးကလေးဟု ခေါ်ခဲ့ကြသည်။ မိနစ်ပိုင်းလေးခြားပြီး လူ့လော ကထဲသို့ ရောက်လာခဲ့ကြသော အမြွှာမောင်နှမဖြစ်သော်လည်း မွေးနေ့ပွဲကို တစ်ရက်စီလုပ်ရ တော့မည်ဟုဆိုသည်။ သို့ရာ တွင် အင်္ဂါနှင့် ဗုဒ္ဓဟူးတစ်ရက် ရက်ကျင်းပကာ မွေးနေ့ကို တစ် ပေါင်းတည်းပြုလုပ်ရမည်ဟု ဆို သည်။
အလားတူအဖြစ်မျိုး ၂၀၁၃ /၂၀၁၄တွဲ၍ အမြွှာမွေးဖွားမှု ကို တိုရွန်တိုမြို့ ခရစ်ဒစ်ဗေလီ ဆေးရုံ၌မွေးဖွားခဲ့ပြီး မိန်းကလေး နှစ်ဦးဖြစ်ကြောင်း ၊ ခြောက်ပေါင် ၁၆အောင်စနှင့် ငါးပေါင်၁၃ အောင်စစီရှိကြောင်း၊ ပထမ ကလေးမှာ ၂၀၁၃ခုနှစ် ဒီဇင် ဘာ ည၁၁နာရီ ၅၂မိနစ်တွင် မွေးဖွား ခဲ့ပြီးနောက် တစ်ဦးမှာ ၂၀၁၄ခုနှစ် ဇန်နဝါရီ၁ရက် နံ နက်ဝဝ.၃၈မိနစ် တွင် မွေးဖွား ခဲ့ကြောင်း သိရသည်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...