အေးခဲလှသည့် ဆောင်းရာသီတွင် ရေခဲတုံးကြီးကို ဖက်ထားကြသူများ
ခိုက်ခိုက်တုန်မျှ ချမ်းအေးနေသော်လည်း ယင်းလုပ်ဆောင်မှုသည် မိမိတို့၏ စိတ်ဝိညာဉ်ကို သန့်စင်ရှင်းလင်းစေမည်ဟု ရှင်တိုဘာသာဝင်မ အမျိုးသားများက ယုံကြည်ထား အေးမြလှသည့် ရာသီဥတုတွင် ရေကန်ထဲဆင်းပြီး ရေခဲတုံးကြီး တစ်တုံးကို ဖက်ထားရမည်ဆိုခြင်းမှာ ကြက်သီးထလောက်စရာ အခြေအနေ တစ်ခုဖြစ်သည်။ သို့သော်လည်း ဂျပန်နိုင်ငံသား အချို့ကမူ ဘာသာရေး ယုံကြည်မှု ပွဲတော်တစ်ခုတွင် ပျော်ရွှင်စွာပင် လုပ်ဆောင်နေခဲ့ကြသည်။ ရှင်တို ဘာသာဝင် (၁၀၀)ကျော်တို့သည် မြို့တော်တိုကျို အလယ်ပိုင်းရှိ ဝတ်ကျောင်းဗိမာန် တစ်ခုတွင် ပြုလုပ်သော ဘာသာရေး အခမ်းအနား၌ ရေကန်ထဲဆင်းကာ ရေခဲတုံးများကို အားရပါးရ ဖက်ခဲ့ကြသည်။ ခိုက်ခိုက်တုန်မျှ ချမ်းအေးနေသော်လည်း ယင်းလုပ်ဆောင်မှုသည် မိမိတို့၏ စိတ်ဝိညာဉ်ကို သန့်စင်ရှင်းလင်းစေမည်ဟု ရှင်တိုဘာသာဝင်မ အမျိုးသားများက ယုံကြည်ထားသည်။ ၎င်းတို့သည် နံငယ်ပိုင်း အဖြူလေးများကိုသာ ဝတ်ဆင်ကာ ရေခဲတုံးကြီးများကို ဖက်ခဲ့ကြခြင်း ဖြစ်သည်။
ကန်ချူမီဆိုဂီ ပွဲတော်ကို ဆောင်းရာသီတွင် ကျင်းပလေ့ရှိပြီး ယင်းကဲ့သို့ ရေခဲတုံးကြီးများကို ပွေ့ဖက်ထားခြင်းက ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို သန့်စင်ပေးကာ ကောင်းကျိုးချမ်းသာများ ရရှိစေသည်ဟု ရှင်တိုဘာသာဝင်တို့်က ယုံကြည်ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပြုလုပ်သော ပွဲတော်ကာလအတွင်း တိုကျို၏ အပူချိန်သည် (၆)ဒီဂရီ ဆဲလ်ဆီးရပ်စ်သာ ရှိသည်။ ရှင်တိုဘာသာဝင်များသည် အေးခဲနေသော ရေကန်ထဲတွင် ရေခဲတုံးကြီးများကို ဖက်ခဲ့ကြသလို ဝတ်ပြုဆုတောင်းမှုများလည်း ပြုလုပ်ခဲ့ကြသည်။
ရှင်တို ဘာသာတွင် ကိုးကွယ်သောဘုရား၊ နတ်ဘုရားများ မရှိသလို စတင်တည်ထောင်သူလည်း မရှိချေ။ ယင်းအစား ကျင့်ဝတ်ပိုင်းဆိုင်ရာ အခြေခံ စည်းမျဉ်းများနှင့် မေတ္တာတရားတို့ကိုသာ သင်ကြားပေးသည်။ ရှင်တိုဆိုသော အဓိပ္ပါယ်မှာ စိတ်ဝိညာဉ်တို့၏ လားရာလမ်းဟု အဓိပ္ပါယ်ပြန်ဆိုနိုင်မည် ဖြစ်ပြီး ဘာသာရေး၏ အခြေခံက ဂျပန်ရေမြေနှင့် အဓိက ဆက်စပ်နေခြင်းကြောင့် အခြားနိုင်ငံများတွင် ကျင့်သုံးလိုက်နာမှု အလွန်နည်းပါးသည်။ ရှင်တို ဘာသာဝင်တို့က အလွန်သန့်စင်သော စိတ်နှလုံးသည် အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်သည်ဟု ယုံကြည်လေ့ရှိကြောင်းလည်း သိရှိရသည်။
PlanetMyanmar
https://www.facebook.com/photo.php?fbid=526474497450386&set=a.35104771499306
စာအမျိုးအစား
ထူးထူးဆန်းဆန်း
No comments:
Post a Comment