ဘဏ်တစ်ခုကို အဘွားကြီးတစ်ယောက် ရောက်လာတယ် ။
ပေါင်တစ်သန်း အပ်ဖို့ ဘဏ်သူဋ္ဌေးကို ပြောတယ် ။
ဘဏ်သူဋ္ဌေး ။ ။ ဒီလောက်များတဲ့ ငွေတွေ ဘယ်လိုရှာလာခဲ့တာပါလဲ ။
ဘွားဘွား ။ ။ ငါက အလောင်းအစားနဲ့ အကျိုးပေးတယ်လေ ။ အဲဒီလို ရှာလာတာ ။
ဘဏ်သူဋ္ဌေး ။ ။ မဖြစ်နိုင်တာပဲ ။
ဘွားဘွား ။ ။ ဒါဖြင့် မနက်ဖြန် မင်းတင်ပါးမှာ တက်တူးထိုးပြီးသား ဖြစ်နေရမယ် ဆိုတာကို
ပေါင်တစ်သောင်းကြေး လောင်းမလား ။
ဘဏ်သူဋ္ဌေး ။ ။ ဟာဗျာ..ကျွန်တော့်တင်ပါးမှာ
အချောင်ပေါင်တစ်သောင်းရနေမှ
ဘွားဘွား ။ ။ မလောင်းဘူးဆိုရင် မင်းဘဏ်မှာ ငါ့ငွေတွေ မအပ်တော့ဘူး ။
ဘဏ်သူဋ္ဌေး ။ ။ ကဲ..ဒီလိုဆိုရင်လည်း လောင်းမယ်ဗျာ ။
ဘွားဘွား ။ ။ အိုကေ..သဘက်ခါ ရှေ့ နေနှစ်ယောက်နဲ့ အတူတူ ငါပြန်လာခဲ့မယ် ။
ကြားရက်တွေထဲမှာ သူဠေးက သဘောကျပြီး တပြုံးပြုံးနဲ့ ပေါ့ ။
တင်ပါးမှာ ဘာတက်တူးမှ ထိုးစရာမလိုဘူး ။
ဒီအဘွားကြီး ဒီတစ်ခါတော့ ရှုံးပေါက်ပဲ ။ ပေါင်တစ်သောင်း အလကားသက်သက်
ပေးချင်လို့ လာလောင်းတာဆိုပြီး တွေးနေတယ် ။
သတ်မှတ်ထားတဲ့ ရက်ရောက်တော့ အဘွားကြီးက လူနှစ်ယောက်နဲ့ ရောက်လာတယ် ။
သက်သေပြဖို့ အဘွားကြီးက ပြောလိုက်တာနဲ့....
ဘဏ်သူဋ္ဌေးက ဘောင်းဘီချွတ်ပြီး ဖင်ဗူးတောင်း ထောင်ပြတယ် ။
ဘဏ်သူဋ္ဌေး ။ ။ ဟဲဟဲ..အဘွားရေ..အဘွားရှုံးပြ
ဘွားဘွား ။ ။ အေး..ဒီမှာ တစ်သောင်း ။
ပါလာတဲ့ လူထဲက တစ်ယောက်က မေ့ လဲမလိုဖြစ်နေလို့ ဘဏ်သူဋ္ဌေးက အဘွားကြီးကို မေးတယ် ။
ဘဏ်သူဋ္ဌေး ။ ။ အဲဒီတစ်ယောက်က နေမကောင်းလို့ လား ။
ဘွားဘွား ။ ။ သြော်..ဒီလူလား..အရှုံးသမားေ
ဘဏ်သူဋ္ဌေး ဖင်လှန်ပြမယ် ဆိုတာကို မယုံဘူးဆိုလို့
ပေါင်တစ်သိန်းကြေး လောင်းထားတာ အခု သူရှုံးပြီလေ ။ အဲဒါကြောင့်ပါ ။
Credit - Original Writer
မောင်သော်
Source: အထာကျတဲ့ အာဂ ဟာသများ
လူဗိုလ်ဟူသည် မှ
https://www.facebook.com/photo.php?fbid=660919337282041&set=a.572785052762137.
တော်လိုက်တာ အဘွားရယ်...။။
ReplyDelete