စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်ဓာတ် ကျနေ သော ကလေး ၏ အပြု အမှု နှင့် အခြား လက္ခဏာ များ



စိတ်ဓာတ် ကျတဲ့ ရောဂါဟာ အသက် အရွယ် မရွေး ဖြစ်နိုင် ပါတယ်။ ကလေး ငယ် တစ်ယောက် အနေ နဲ့လည်း သူ နေထိုင်ရာ ပတ်ဝန်း ကျင်နဲ့ လိုက်လျော ညီထွေ မဖြစ်ဘဲ အကြောင်း မျိုးစုံ ကြောင့် စိတ်ဓာတ် ကျတာ မျိုး ဖြစ်တတ် ပါတယ်။ ကလေး ငယ်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ကျ ဝေဒနာ ကို မိဘ တွေ အနေနဲ့ ခပ်စော စော သိရှိ နားလည် နိုင်ဖို့ လိုပါတယ်။ ဖော် ပြပါ လက္ခဏာ တွေက သင့် ကလေး ငယ် အတွက် ကူညီနိုင် ပါလိမ့် မယ်။

၁။ ဝမ်းနည်း နေတတ် ခြင်း

ကလေး ငယ်ဟာ အကြောင်း ပြချက် တစ်စုံ တစ်ရာ ခိုင်ခိုင် မာမာ မရှိ ဘဲ အ လိုလို ဝမ်းနည်း ပြီး အချိန် တိုင်း စိတ်အား ငယ်နေ တတ်တဲ့ အပြု အမူ ရှိနေ တတ်ပါ တယ်။

၂။ စိတ်ဆိုး လွယ် ခြင်း

စိတ်ဆိုး ဒေါသ ဖြစ်လွယ် ပြီး စကား နည်းနည်း မာမာ ပြောရင် တောင် ငိုလို့ မဆုံး နိုင်အောင် ဖြစ်နေ တတ်ပါ တယ်။ စိတ် တိုစရာ အကြောင်း ကိစ္စ မဟုတ်ဘဲ လည်း စိတ်တို လွယ်ပြီး၊ ဒေါသ ဖြစ်လွယ် နေတတ် ပါတယ်။ အချိန် တိုင်းလည်း စိတ်တိုနေ တတ်ပါ တယ်။

၃။ တစ်ယောက် တည်းနေ တတ်ခြင်း

ကလေး ငယ်ဟာ အမြဲတမ်း လိုလို မောပန်း နွမ်းနယ် တဲ့ အမူ အရာ ဖြစ်နေ တတ်ပြီး တစ်ဦး တစ်ယောက် တည်း သီး သန့် နေနေ တတ်ပါ တယ်။ မိသားစု တ ခြား ညီ အစ်ကို မောင်နှမ တွေနဲ့ စကား ပြော ဆိုခြင်း မရှိဘဲ သီးသန့် နေတတ် ပါတယ်။

၎။ အိပ်စက်မှု ပုံစံ ပြောင်းလဲ လာခြင်း

ကလေး ဟာ အိပ်စက် ချိန် ပုံမှန် အတိုင်း မဟုတ် တော့ဘဲ အချိန်တိုင်း လိုလို အိပ်ရာ ထဲက မထ ဘဲ အိပ်စက် နေတတ် ပါတယ်။ ဒါမှ မဟုတ် လုံးဝ မအိပ်တော့ ဘဲ အိပ်စက် ချိန် လျော့နည်း လာတတ် ပါတယ်။

၅။ အစာ စားကျင့် ပြောင်းလဲ လာခြင်း

ပုံမှန် စားနေကျ ထက်ပို ပြီး အစား အသောက် ကို အလွန် အမင်း စား သုံးလာ လာတာ မျိုး ဒါမှ မဟုတ် အစာ လုံးဝ မစား တော့တာ မျိုးတွေ နဲ့ အစာ စားတဲ့ အမူအ ကျင့် ပြောင်းလဲ လာပါ တယ်။

၆။ နာခံ လို စိတ်နည်း ခြင်း

ဆုံးမ ပြောဆိုတဲ့ စကား တွေကို လိုက် နာမှု မရှိ ဘဲ အမြဲတမ်း ဆန့်ကျင် ပြောဆို နေတတ် ပါတယ်။

၇။ အကြောင်း ပြချက် များခြင်း

အမြဲတမ်း လိုလို ခေါင်းကိုက် လိုက်၊ ဗိုက်အောင့် လိုက်၊ လည်ချောင်း နာ လိုက် စတဲ့ အကြောင်း ပြချက် တွေနဲ့ ဘာ အလုပ် မှ ခိုင်း မရဘဲ ဖြစ်နေ တတ်ပါ တယ်။

၈။ စိတ် အာရုံ မစုစည်း နိုင်ခြင်း

တက်ကြွ လန်းဆန်းမှု မရှိဘဲ လေးတိ လေးကန် ဖြစ်နေ တတ်ပြီး၊ ကျောင်း ကိစ္စနဲ့ တခြား လူမှု ရေး ကိစ္စ တွေမှာ စိတ်ဝင် စားမှု နည်း လာတတ် ပါတယ်။

၉။ အတန်းစာ ကို စိတ် မဝင် စားခြင်း

ကလေး ငယ်ဟာ အတန်း ထဲမှာ သင်ခန်း စာတွေကို စိတ်ဝင် စားမှု နည်းလာ ပြီး ဆရာ၊ ဆရာမ တွေ အပေါ် မှာလည်း အကြောင်း မျိုးစုံ ပြပြီး ကျောင်းစာ ကို စိတ် မဝင်စား ဘဲ ဖြစ်နေ တတ်ပါ တယ်။

၁၀။ အလှ အပ ကို စိတ်မ ဝင်စား ခြင်း

မိန်း ကလေး ပဲဖြစ် စေ၊ ယောက်ျား လေးပဲ ဖြစ်စေ တစ်ကိုယ် ရေ သန့်ရှင်း မှု အားနည်း လာပြီး ပြင်ဆင်ချင် စိတ်နည်း လာတတ် ပါတယ်။ နေ့စဉ် ပြုလုပ် နေကျ ဖြစ်တဲ့ တစ်ကိုယ် ရေ သန့်ရှင်းမှု တွေကို တောင် စိတ်ပါ လက်ပါ လုပ်ဆောင် ဖို့ ခက်ခဲ နေတတ် ပါတယ်။

၁၁။ အပြစ် ကျူးလွန် တတ်ခြင်း

ပစ္စည်း တစ်ခုခု ကို ခိုးယူ ဝှက်ထား တာမျိုး၊ သိတတ်စ အရွယ် တွေမှာ ဆိုရင် မူးယစ် ဆေးဝါး၊ ဆေးလိပ် နဲ့ တခြား လိင်မှု ကိစ္စ တွေကို စိတ်ဝင် စားတာမျိုး စတဲ့ အပြု အမူ တွေ ဖြစ်ပေါ် နေတတ် ပါတယ်။ တစ် နေ့ မဟုတ် တစ်နေ့ ပြဿနာ တစ်ခု မဟုတ် တစ်ခု ကို အမြဲ ပြုလုပ် လေ့ရှိလာ ပါတယ်။

၁၂။ ပျင်းရိ နေတတ် ခြင်း

အလုပ် တစ်ခုခု ကို ခိုင်းရင် တောင် မလုပ် ချင်၊ မကိုင်ချင်နဲ့ အကြောင်း ပြချက် မျိုးစုံ ပေးပြီး ပျင်းရိ နေတတ် ပါတယ်။ အမြဲ လိုလို တမှိုင်မှိုင် တတွေ တွေနဲ့ ဖြစ်နေ တတ်ပြီး ကလေး ငယ်ဟာ ပျင်းရိ နေတတ် ပါတယ်။

၁၃။ အိမ်မှ ထွက်ပြေးရန် ကြံစည် ခြင်း

အမြဲတမ်း နေအိမ် ကနေ ထွက်ပြေး ဖို့ ကြိုးစား နေတတ် တာမျိုး၊ အိမ်က မိသားစု ဝင်တွေကို ရန်သူလို သဘော ထား ဆက်ဆံ တာ တစ်မျိုး၊ လူ တစ်ဦးတစ် ယောက်ကို အငြိုး ထားပြီး စကား ပြောဆို နေတတ်တာ မျိုးစတဲ့ ထူးဆန်း တဲ့ အပြု အမူ မျိုးတွေကို ပြုလုပ် လာတတ် ပါတယ်။ အိမ်မှာ မနေ ချင်ဘူး ဆိုတဲ့ စကား မျိုးကို အိမ်သား တွေမသိ တဲ့ အချိန် မျိုးမှာ ပြောဆို နေတတ် ပါတယ်။

၁၄။ သတိထား သင့်သော အခြေ အနေ

ဖော်ပြပါ အခြေ အနေ တွေနဲ့ အတူ ကလေး ငယ်ဟာ ကိုယ့်ကိုယ် ကိုယ်သေ ကြောင်းကြံ စည်မှု တွေ အထိ ဖြစ်လာမယ် ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန် တွေနဲ့ တိုင်ပင်ပြီး ကုသမှု ခံယူဖို့ လိုအပ်လာ ပါပြီ။ ကလေး ငယ်ရဲ့ ထူးဆန်းတဲ့ အပြု အမူတွေ ဟာ အချိန် ကြာလာ တာနဲ့ အမျှ ပိုပြီး ထူး ဆန်းစွာ ဖြစ်ပေါ် လာတတ်ပြီး ကလေး ငယ် ကျန်းမာ ရေးကို ပိုမို ထိခိုက် လာနိုင် တယ်ဆို တာကို ကလေး အုပ်ထိန်း သူမိဘ တွေ အနေနဲ့ နားလည် သဘောပေါက် ထားသင့် ပါတယ်။

Good Health


https://www.facebook.com/photo.php?fbid=505207996243703&set=a.351047714993066

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...