စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Java လေ့လာသူများအတွက် အကောင်းဆုံးထဲက Apps တစ်ခု





ကျွန်တော်ဒီ App ကို ကျွန်တော့်ဖုန်းမှာတင်ပြီးသုံးတဲ့အခါ Java Programming ကိုလေ့လာဖို့ ထင်မှတ်မထားလောက်အောင် ပြည့်ပြည့်စုံစုံ
လုပ်ထားတာကိုတွေ့ရပါတယ်။ ဒါနဲ့ ကြိုက်လွန်းလို့ Tech Space မှာ အစအဆုံး ငါးပတ်တိတိရေးထည့်ခဲ့ပါတယ်။ Step by step လေ့လာသွားရမယ့် လမ်းကြောင်းတွေကိုပေါ့။

အထူးသဖြင့် Java ကို Online မှာလေ့လာနိုင်ဖို့ အကောင်းဆုံး
သော Learining Site များနဲ့ ချိတ်ပေးထားကာ လေ့လာနိုင်မှာဖြစ်ပါတယ်။
ဒီ Apps မှာ အပိုင်း ငါးပိုင်းခွဲထားပါတယ်။

(၁)Home - ကျောင်းသားတွေ နဲ့ developer တွေအတွက် လေ့လာရမယ့် လမ်းကြောင်းများ

(၂)Technlologies - Web ,Mobile နဲ့ Distributed applications များတည်ဆောက်နိုင်စေဖို့ technology များ

(၃)Tutorials - ဗီဒီယိုသင်ခန်းစာများနဲ့ Java ကိုလေ့လာနိုင်မယ့် Web Sites များ

(၄)Books - Free ရနိုင်တဲ့ Java စာအုပ်များ

(၅)Wiki - Java နဲ့သက်ဆိုင်သမျှ စာလုံးတွေကို wiki မှာဖတ်ရှုလေ့လာနိုင်စေဖို့ wiki နဲ့ ချိတ်ဆက်ပေးထားတာ

(၆)Jobs - လက်ရှိနိုင်ငံတကာမှာခေါ်နေတဲ့ အလုပ်များ

စသဖြင့်စုစည်းဖော်ပြပေးထားပြီး အောက်ပါအကြောင်းအရာ၊ ပညာရပ်များနဲ့ပတ်သက်ကာ ဆက်လက်လေ့လာနိုင်စေမှာဖြစ်ပါတယ်။

JAVA, J2EE, SERLVETS&JSP, JSF, STRUTS, ZKOSS, SEAM FRAMEWORK, PLAY FRAMEWORK, JAX-WS, JAX-RS, JAX-B, LOG4J, SQL, HIBERNATE, MYBATIS, ANDROID, HMTL5, JAVASCRIPT, JQUERY, JQUERY MOBILE, SENCHA TOUCH, NATIVE DROID, PHONEGAP, APACHE TOMCAT, JBOSS. ECLIPSE, INTELLIJ, JDEVELOPER, ANDROID STUDIO, APACHE TOMCAT, JBOSS

ဒီ Apps ကို Install ချင်ရင်တော့ Google Play မှာရှာပြီး Install နိုင်ပါတယ်။
တိုက်ရိုက် ကိုတော့ အောက်ပါ Link မှာ ဝင်ပြီး Install နိုင်ပါတယ်။

https://play.google.com/store/apps/details?id=pn.com.debrasoft.javapowerlink

ယနေ့ Java ကိုလေ့လာတဲ့ ကျောင်းသားတွေကကံကောင်းပါတယ်။စ
မတ်ဖုန်း၊ Tablet များပေါများလာလို့ ဒီလိုကောင်းမွန်တဲ့ Apps တွေကိုထည့်
သွင်းကာ Guide သဘောမျိုး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မိမိတို့ ရဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်များမှာထည့်သွင်းသုံးစွဲကြည့်ပါ
လို့ပဲ အကြံပြုလိုပါတယ်။

IT Guru ကြီးတွေဖြစ်နိုင်ကြပါစေ.....

-----------------------------------------------
Nyein Chan (TSJ Tech Team)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...