စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပါရမီ (၁၀) ပါး

             

၁။ ဒါနပါရမီ= ပစ္စည်းဥစ္စာ၊ ကိုယ်အင်္ဂါနှင့် အသက်ကိုစွန့်လှူခြင်း။

၂။ သီလပါရမီ = ငါးပါသီလ၊ ရှစ်ပါးသီလ စသည်တို့ကို စောင့်ထိန်းခြင်း။

၃။ နေက္ခမ္မပါရမီ = လူ့ဘောင်လောက နှင့် ကာမဂုဏ်အာရုံများကို စွန့်လွတ်တောထွက်၍ ရသေ့ရဟန်းပြုခြင်း။

၎။ ပညာပါရမီ = လောကီပညာ လောကုတ္တရာ ပညာတို့ကို သင်ယူဆည်းပူး ကျင့်ကြံခြင်း၊ သူတစ်ပါးတို့အား သင်ပြပေးခြင်း။

၅။ ဝီရိယပါရမီ = မိမိအကျိုး၊ သတ္တဝါများ အကျိုးအတွက် သက်စွန့်ကြိုးပမ်းကာ အစွမ်းကုန် ကြိုးစားအားထုတ်ခြင်း။

၆။ ခန္တီပါရမီ = ဒေါသမထွက်၊ စိတ်ပျက် အားငယ်မှုမရှိ၊ မွန်မြတ်ကြည်အေးစွာ အလျော့ပေး၍ သည်းခံခြင်း။

၇။ သစ္စာပါရမီ = မုသားမပြော၊ သူတစ်ပါးအားမထိခိုက်စေပဲ မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုလုပ်ကိုင်ခြင်း။

၈။ မေတ္တာပါရမီ = သတ္တဝါများကို မိမိနှင့် ထပ်တူပြု၍၊ ချစ်ခင်ကာ အများချမ်းသာ ကောင်းစားရန်ဆောင်ရွက်ခြင်း

၉။ အဓိဌာန်ပါရမီ = တစ်စုံတစ်ခုသော ကောင်းမှုကိုပြုလုပ်ရန် စိတ်ဖြင့်ဆုံးဖြတ်ပြီးနောက်ဆုံးဖြတ်သည့်အတိုင်း အောင်မြင်အောင်ပြုလုပ်ခြင်း

၁၀။ ဥပေက္ခာပါရမီ = သတ္တဝါတို့အားမုန်းလည်းမမုန်း၊ ချစ်လည်းမချစ်၊ ဘက်မလိုက်ဘဲ မျှမျှတတ အလယ်အလတ်တည့်မတ်စွာ စိတ်မတုန်လှုပ်အောင်ထားခြင်း


https://www.facebook.com/photo.php?fbid=498715410226295&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...