စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖခင်ကိုခြေနှင့် ကန်ချသည့် သားမိုက်ငထွန်း



လောကမှာငွေကြေးချမ်းသာလို့ ကုသိုလ်ကောင်းမှု့  များစွာဖြစ်တဲ့ ဘုရားတည်ကျောင်းဆောက် ၊ စသည်ဖြင့် ကုသိုလ်တွေလုပ်ခဲ့လျှင် ဒီအကျိုးဆက်တွေဟာနောင်ဘဝတော့ ဧကန်မုချအကျိုးပေးလိမ့်မယ် ။

မိဘနဲ့ပတ်သက်လာတဲ့ ကောင်းမွေ ဆိုးမွေတွေကိုတော့ ကိုယ်စိတ်ထားနဲ့တန်သလိုဟိုဘဝမကူး ဒီဘဝမှာဘဲ ဒိဠဓမ္မ မျက်ဝါးထင်ထင် အကျိုးခံစားကြရပေလိမ့်မယ် ။

စာရေးသူမှာ ငယ်သူငယ်ချင်း " ကိုထွန်း" ဆိုတာရှိခဲ့ဖူးတယ် ၊သူကတော့ မန္တလေးမှာနေတယ် ။သူက သူငယ်ချင်းတွေနဲ့ ပတ်သက်လာလျှင် အရမ်းကို စိတ်သဘောထားပြည့်ဝတယ် ။

ဒါပေမဲ့ သူအိမ်ပြန်ရောက်ပြီ ဆိုလျှင်တော့ ဘယ်သူနဲ့မှမတည့်ဘူး။ အထူးသဖြင့်မိဘနှစ်ပါးကိုရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံပြီး ပြသနာအမြဲရှာတတ်တယ် ။

မိဘနှစ်ပါးကိုသူကပဲ ကျွေးမွေးစောင့်ရှောက်ထားသည့်ပမာ အော်လိုက်ငေါက်လိုက်ဆဲလိုက်ဆိုလိုက် ဟိုနေရာမသွားရဘူး ဒီနေရာမသွားရဘူး ချုပ်ချယ်ကန့်သတ် အမိန့်ပေးထားလေ့ရှိတယ် ။

ဒီအကြောင်းအရာတွေကို စာရေးသူအပါအဝင် သူငယ်ချင်းများသိတော့ " သူငယ်ချင်းကိုထွန်း ၊ မင်းအဲ့ဒီလို မပြောနဲ့ မခိုင်းနဲ့ မဆဲပါနဲ့ မနှိပ်စက်ပါနဲ့ မိဘကိုပြစ်မှားတာ အလွန်ကြောက်စရာ ကောင်းတဲ့အကြောင်း မိဘပြစ်မှားတဲ့ သားသမီး ဟာ ခရီးလမ်းအတူတူသွားတောင်မှ အန္တရာယ်ဘေးဒုက္ခ ကြုံရတတ်တဲ့အကြောင်း
နောက်ဆံုးကုန်ကုန်ပြောရရင် အဲ့ဒီသားသမီးသွားလေရာ အရပ်ဌာနဝန်းကျင်တွေမှာ အန္တရာယ်ပေးမဲ့ သက်ရှိသက်မဲ့တွေ အလိုလိုရှိလာတတ်ကြောင်းဝိုင်းဝန်းပြီး ဖြောင့်ဖြောင့်ဖျဖျ ပြောဆိုပေးကြပါတယ် ။

ဒါပေမဲ့ နောက်တစ်ရက်နှစ်ရက်ပဲ သူလိုက်နာတယ် ။ နောက်ရက်ဆိုလျှင် နဂိုအတိုင်းပင် မိဘနှစ်ပါးကို ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းစိုင်းစိုင်း
ဆက်ဆံတော့ပြန်တာပဲ ၊ ဒီလိုနဲ့ တနေ့မှာ ကိုထွန်းဟာ မြို့ထဲလ္ဘက်ရည်
သွားသောက်မယ်ဆိုပြီး သူ့အဖေကို အိမ်ပေါ်ကနေ စက်ဘီးအောက်ချ ခိုင်းတယ်။

အဲ့ဒီချိန်မှာ သူ့အဖေကသူပြောတဲ့ အတိုင်းချပေးပါတယ် ။ အိမ်ကနည်းနည်းကျဉ်းတော့စက်ဘီးထုတ်ရတာ နည်းနည်းခက်ပါတယ် ။ မြေကြီးနဲ့ အိမ်နဲ့ အမြင့်က (၁၀)ပေလောက်မြင့်ပါတယ် ။ အဲ့ဒီမှာ အပြင်ထွက်ဖို့စောင့်နေတဲ့ ကိုထွန်းက စက်ဘီးချ
တာနှေးရသလားဆိုပြီး အိမ်ပေါ်လှေကားထိပ်ကနေ သူ့ အဖေကို ကန်ချလိုက်ရာ လူရောစက်ဘီးရော ဝုန်းးးး ဆိုပြုတ်ကသွားပါတော့တယ် ။

ကိုထွန်းဟာ လှဲနေတဲ့စက်ဘီးကို ကောက်ယူပြီး စက်ဘီးပေါ်တက်ခွလျက် သူ့အဖေကို" ခင်ဗျားကြီး မြန်မြန်သေတာဘဲကောင်းတယ်" ဟု လက်ညိုးထိုးပြောပြီး စက်ဘီးစီထွက်လာခဲ့ပါတော့တယ်

သူလည်းအိမ်ကအထွက် သူ့အဖေဟာ လှေကားခြေရင်းမှာဘဲ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားခဲ့ပါတယ် ။ ဒီလိုနဲ့ ကိုထွန်းဟာ တနေကုန် အိမ်ကိုရောက်မလာဘဲရှိရာ ညနေကြတော့ ကိုထွန်းတစ်ယောက် ( ဆယ်ဘီးကား ) ဘရိတ်ပေါက်လို့ လမ်းဘေးထိုင်နေသော ကိုထွန်းအား ကားတိုက်ခံရကြောင်း သတင်းကြားလိုက်ရပါ
တော့တယ် ။

အိမ်ကလူနဲ့ သူငယ်ချင်းတွေ လိုက်သွားကြည့်တော့ သူ့ ခန္ဓာကိုယ်ဟာ ပြားချပ်ပြီးပါးစပ်က သွေးတွေထွက် နေတာကို တွေ့လိုက်ရပါတော့တယ် ။

ကိုထွန်းဟာမိဘအပေါ်မှာကျေးဇူးတရားကိုနားမလည်မိုက်ရိုင်း စော်ကားခဲ့တဲ့အတွက်ကြောင့် ထိုအကျိုးဆက် ကံတရားဟာ နောက်နေ့ မကူးဘဲ ဒိဠဓမ္မ အကျိုးပေးခြင်း ခံရတော့တာပါပဲ ။

သားသမီး ဖြစ်သူများ ဒီစာလေးဖတ်မိပြီး စဉ်းစား ဆင်ချင် နိုင်ကြပါစေလို့ 


နှင်းဆီဖူးလေးများ-Love BUDS


https://www.facebook.com/photo.php?fbid=668574969849811&set=a.5727850527621

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...