စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိန်းမသားတို့ မာန်တက်ကြောင်း (၅)ပါး




၁။ ရုပ်ဆင်း အင်္ဂါ အသွင်အပြင် လှပတင့်တယ် ခြင်း ။

၂။ ပစ္စည်း ဥစ္စာ အသုံးအဆောင် အခြံအရံပေါများခြင်း ။

၃။ နှစ်ဖက်သော ဆွေဂုဏ် မျိုးဂုဏ် တောင့်တင်း ပေါများခြင်း ။

၎။ အားကိုး အားထားထိုက်သော သားယောက်ျားလေး ရှိခြင်း ။

၅။ အခြားသော မိန်းမတို့ထက် မိန်းမတို့ဂုဏ်သိက္ခာကို
ပို၍စောင့်ထိန်းနိုင်ခြင်း ။
========================================

မိန်းမသားတို့သည် အထက်ပါ (၅)ချက်ကို အကြောင်းပြု၍ မာန် မာန ထောင်လွှားကြကုန်၏ ။

တစ်ချက်ရှိက တစ်ချက်မာန်တက်၏ ။ နှစ်ချက်ရှိက နှစ်ချက်မာန်တက်၏ ။ ငါးချက်ရှိက မာဂဏ္ဍီမိဖုရားကဲ့သို့ အဆုံးစွန် မာန်တက်၍ ဘုရားအစရှိသော သူတော်ကောင်းတို့ကို ပြစ်မှားမိတတ်၏ ။

ဤငါးချက်နှင့် ပြည့်စုံနေသော မိန်းမတို့သည် အထူးသတိပြုနေထိုင်ပြီး တပါးသူတို့ အပေါ်၌ မိမိတို့၏ မာန် မာန ကို မကျရောက်စေဘဲ နှိမ့်ချ ရိုကျိုး သိမ့်မွေ့စွာ မင်္ဂလာတရားတော် နှင့် အညီ နေထိုင်ရာ၏ ။ သို့မှသာ ယဉ်ကျေး သိမ့်မွေ့ ဂုဏ်တက်သော မိန်းမရတနာများ ဖြစ်နိုင်၏ ။

ယဉ်ကျေး သိမ်မွေ့ နှိမ့်ချ ကျိုးနွံသော သူတော်ကောင်း မိန်းမမြတ်များ ဖြစ်နိုင်ကြပါစေ ။

(ဝသုန္ဓရေ ဤမြေပံသု သိလာထုလည်း)

>နှလုံးသားအာဟာရ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...