စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂျာမန်ပြစ်ဒဏ်


                   
ဂျာမန်လူမျိုးတွေ စည်းကမ်းကြီးတယ်၊ စည်းကမ်းလိုက်နာတယ်ဆိုတာ ကမ္ဘာမှာနာမည်ကြီးပါတယ်။ သူတို့က ကိစ္စကြီးကြီးသေးသေးကို လစ်ဟမှုမရှိအောင် စည်းမျဉ်းစည်းကမ်းတွေ သေချာထုတ်ထားပါတယ်။ ဒီအချက်ကြောင့် ယာဉ်စည်းကမ်းဥပဒေမှာ ပြည့်ဝတဲ့တန်ပြန်မှုကို ရခဲ့ပါတယ်။

ထိုင်ခုံခါးပတ်ပတ်တာနဲ့ပြောရရင် ဂျာမဏီမှာ ကားမောင်းတဲ့သူ ခါးပတ်ပတ်ရရုံတင်မက ကားလိုက်စီးသူတွေလည်း ခါးပတ်ပတ်ရပါတယ်။ တကယ်လို့ ကားလိုက်စီးတဲ့သူ ခါးပတ်ပတ်မထားရင် ကားမောင်းသူ ပြစ်ဒဏ်ခံရပါတယ်။ မွေးကင်းစကလေးကို ဆေးရုံကနေ အိမ်ပြန်ခေါ်ချင်တဲ့အခါမှာလည်း ကားထဲမှာ လဲလျောင်းလို့ရတဲ့ ကလေးထိုင်ခုံရှိရပါတယ်။ ထိုင်ခုံမရှိရင် ကလေးကိုခေါ်ပြန်လို့ မရပါဘူး။ ကလေးကို ရင်ခွင်ထဲထည့်ပြီး ကားစီးတာဟာလည်း အန္တာရယ်ရှိတဲ့အပြုအမူလို့ သူတို့သတ်မှတ်ပါတယ်။

ဂျာမဏီမှာ စက်ဘီးစီးချင်ရင် သင်တန်းအရင်တက်ရ၊ စာမေးပွဲဖြေရပါတယ်။ စက်ဘီးစည်းကမ်းတွေကို လိုက်နာရပါတယ်။ ပြောင်းပြန်စီးရင်လည်း ဒဏ်ခတ်ပါတယ်။ အရက်သောက်ပြီးစက်ဘီးစီးရင် ဒဏ်ကြေးကြီးပါတယ်။ စက်ဘီးလိုင်စင်ပါ အသိမ်းခံရကိန်းရှိပါတယ်။

Heidelbergမြို့က ရဲဝန်ထမ်းတစ်ဦးရဲ့ပြောပြချက်အရ ဂျာမန်လူမျိုးအများက စည်းကမ်းလိုက်နာကြတယ်။ လူအနည်းငယ်လောက်ကသာ စည်းကမ်းချိုးဖောက်ကြတယ်လို့ ဆိုပါတယ်။ ချိုးဖောက်တဲ့စည်းကမ်းတွေက ကားမောင်းရင်း ဖုန်းဆက်တာ၊ ကားအမြန်မောင်းတာ၊ အရက်သောက်ပြီး ကားမောင်းတာ၊ မူးယစ်ဆေးဝါးသုံးပြီး ကားမောင်းတာတွေဖြစ်တယ်။

အရက်နဲ့မူးယစ်ဆေးသုံးပြီး ကားမောင်းတတ်တဲ့အချိန်က သောကြာည၊ စနေညနဲ့ တနင်္ဂနွေမနက်တွေမှာ ဖြစ်တယ်။ ကားအမြန်မောင်းတာကိုတော့ ယာဉ်ထိန်းရဲတွေ အထူးကြပ်မတ်တယ်လို့ ရဲဝန်ထမ်းက ပြောပါတယ်။ အရက်အလွန်ကျွံသောက်သူတွေကိုတော့ တစ်သက်တာ ကားလိုင်စင်သိမ်းပါတယ်။ မြို့ထဲမှာ ညအချိန်ကားမီးကြီးဖွင့်တာကို တားမြစ်ထားပါတယ်။ တကယ်လို့ ကားမောင်းသူက မေ့ပြီး ကားမီးကြီးဖွင့်ထားမိရင် ကားသမားအချင်းချင်း မီးအချက်ပြပြီး သတိပေးတာတို့၊ ရဲက ရပ်တန့်ခိုင်းတာတို့ လုပ်ပါတယ်။ ဖုန်းပြောရင်း ကားမောင်းတာက ပြစ်ဒဏ်ပေါ့လျော့ပေမယ့် ဂျာမန်ရဲတွေက အလွတ်ပေးမှာတော့ မဟုတ်ပါဘူး။ လူများ၊ ကားများတဲ့ လမ်းတစ်လျှောက်မှာ သူတို့စောင့်ကြပ်ပါတယ်။

တခြားလမ်းကြောထဲ အမြန်မောင်းဝင်တာတို့၊ အမြန်မောင်းလမ်းကြောမှာ အချိန်အကြာကြီးမောင်းနှင်တာတို့၊ ကြားဖြတ်ဝင်တာတို့၊ လမ်းသွားလူတွေကို ဦးစားမပေးတာတို့၊ ကားဟွန်းလျှောက်တီးတာတို့ စတဲ့အပြုအမူတွေဟာ ဂျာမဏီမှာ တော်ရုံတန်ရုံမဖြစ်တဲ့အရာတွေလို့ ရဲဝန်ထမ်းကပြောပါတယ်။

ဂျာမဏီမှာ ယာဉ်စည်းကမ်းဥပဒေကို စေ့စပ်သေချာစွာထုတ်ပြန်ထားပေမယ့် လူအတော်များများက ယာဉ်စည်းကမ်းကို လိုက်နာကြပါတယ်။ ဒါကြောင့် ဂျာမဏီနိုင်ငံရဲ့ အဝေးပြေးလမ်းမ ထက်ဝက်ကျော်လောက်က ယာဉ်အမြန်နှုန်း ကန့်သတ်မထားတာဖြစ်တယ်။

မူရင်း-- http://www.duwanjuan.cn/de_shi_wei_zhang


*** ဂျာမဏီမှာတင်မဟုတ်ပါဘူး.. အင်္ဂလန်၊ အမေရိကန်မှာလည်း အဲဒီလိုပဲ.. လူအများက ယာဉ်စည်းကမ်းလိုက်နာကြပါတယ်။ မျဉ်းကြားမရှိတဲ့နေရာမှာ လူကူးရင်တောင် ကားရပ်ပေးပါတယ်။ ဒါပေမယ့် အဝေးပြေးလမ်းမမှာတော့ မိုင်နှုန်းတွေ သတ်မှတ်ထားပါတယ်

နိုင်းနိုင်းစနေ


https://www.facebook.com/photo.php?fbid=502008459896990&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...