စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တွက်ခြေကိုက်တဲ့ သဘော



မိုးသက်လေလေး သွေးလာတော့မှ ကိုကျေးညိုတစ်ယောက် ထီး ပြင်ဖို့ သတိရတော့တယ်။
ဒါနဲ့ ကလေးတွေရဲ့ထီးတွေရော၊ သူ့ထီးရော၊ သူ့ဇနီးရဲ့ထီးရော၊ စုစုပေါင်း ထီး ၆လက်ကို ထီးပြင်ဆိုင်ဝင်ပို့ခဲ့ပြီး ရုံးကို ဆက်သွားလိုက်တယ်။

ဘတ်စ်ကားပေါ်ကအဆင်းမှာ...
လူကအကျင့်ပါနေတော့ သူ့ဘေးခုံကအဖွားကြီး ချိတ်ထားတဲ့ထီးကို ဆွဲယူပြီး ဆင်းမယ်လုပ်တယ်
ဆိုတော့ အဖွားကြီးက အော်တော့တာပေါ့... ...

"ဟဲ့... ဟဲ့ ထီးသူခိုး၊ ထီးသူခိုး"

အဲဒီတော့မှ သတိရလာပြီး အဖွားကြီးကို ကပြာကရာ တောင်းပန်ရတာပေါ့... ...

"မေ့လို့ပါအဖွားရယ်၊ ကျနော်က ထီးကိုင်နေကျမိုလို့ပါ၊ တောင်းပန်ပါတယ်နော်"
"ဟွင်း... ဒါမျိုးတွေ ရိုးနေပြီ"

ညနေရုံးကအပြန် ပြင်ခိုင်းထားတဲ့ ထီးတွေဝင်ယူပြီး ပြန်လာတယ်။
ကံများဆိုးချင်တော့ မနက်တုန်းက အဖွားကြီးနဲ့ မျက်နှာခြင်းဆိုင် တိုးပါလေရောဗျာ...
အဖွားကြီးက သူ့ကိုလှမ်းကြည့်ရင်း မဲ့ရွဲ့ပြီး မကြားတကြားပြောသွားတယ်... ...

"ဟွင့်... တော်တော်လေး အလုပ်ဖြစ်လာတယ်ပေါ့လေ"
"ဂျာ..."


သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko


https://www.facebook.com/photo.php?fbid=672364972804144&set=a.572785052762137.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...