စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြီးမြတ်လှတဲ့ မေ့မေတ္တာ.


                         


တစ်ခါတုန်းက ဦးဏှောက် အကြိတ် ကင်ဆာရောဂါ ဝေဒနာ ခံစားနေရတဲ့ အမျိုးသမီးကြီးတစ်ဦးဟာ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူ နေရတယ်။ သူ့ နားမှတော့ သူ့ သားလေးနဲ့  သူ့ ဆွေမျိုးသားချင်းတွေ ၀ိုင်းနေတာပေါ့။ နာရီ အနည်းငယ်အတွင်းမှာပဲ အမျိုးသမီးကြီးဟာ ကွယ်လွန်သွားရှာတယ်။ သားဖြစ်သူက ၀မ်းနည်းတာကြောင့် တစ်နေ့ လုံးငိုကြွေးပြီး နေမကောင်းဖြစ်သွားရှာတယ်။

နောက်တစ်ရက် အိမ်ကိုပြန်ရောက်တော့ သားဖြစ်သူက မိခင်ရဲ့ ဗီဒိုကို ဖွင့် ကြည့်လိုက်တဲ့အခါမှာ သောက်ဆေးတွေနဲ့ စာတစ်စောင်ကို တွေ့ လိုက်ရတယ်။ စာထဲမှာ…


သားလေးရေ ဒီဆေးလေးတွေကို သောက်လိုက်နော်။ သားက ငိုပြီးတဲ့ အခါဆိုရင် အအေးမိလွယ်တာကို မေမေသိတယ်သားလေး တဲ့လေ။

မိခင်မေတ္တာဆိုတာ ဘယ်အရာနဲ့ မှ တုနှိုင်းလို့ မရနိုင်ပါဘူးနော်။ သားသမီးတွေ ဘယ်အရွယ်ပဲ ရောက်ရောက် မိခင်ဖြစ်သူရဲ့ မေတ္တာ၊ စေတနာ၊ အကြင်နာ၊ စိတ်ပူပန်မှု၊ ဂရုစိုက်မှုတွေက လျော့မသွားဘူးနော်။ အရွယ်ရောက်လာတဲ့ သားသမီးတွေကတော့ မိခင်ဖြစ်သူရဲ့ ပူပန် စိုးရိမ်မှုနဲ့  ဂရုတစိုက်ပြောဆိုတဲ့အခါ မကြိုက်တတ်ကြဘူး။ သမီးကလေးမဟုတ်တော့ဘူး အမေ လို့ စောဒက တတ်ကြတာလည်း သဘာဝလို့ ဆိုရမလား ဖြစ်နေတယ်။

တကယ်တော့ မိခင်မေတ္တာက အလွန်ပဲ အေးမြပြီး ငြိမ်းချမ်းပါတယ်။ ကျွန်မတို့ တွေလည်း မိမိတို့ ရဲ့  မိခင်ကို ဘယ်လို သဘောထား ဆက်ဆံ ကြလဲ ဆိုတာကို ဆန်းစစ်ကြည့်ရအောင်။ ကျွန်မတို့ အတွက် ကျွန်မတို့ မိခင်က ဂုဏ်ယူဝင့်ကြွားနိုင်ရဲ့ လား၊ ဒါမှ မဟုတ် ပူပင် သောက ရောက်နေရလား ဆိုတာကို ပြန်လည် ဆင်ခြင်တွေးတော့ပြီး မိခင်အပေါ် ပြစ်မှားမိတာများ ရှိပါကလည်း တောင်ပန်ကြရအောင်နော်။ မိခင်တိုင်း ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်း ဆန္ဒပြုကြရအောင်နော်။ ချစ်သော မေမေ ကျန်းမာပျော်ရွှင်ပါစေ။

အင်တာနက်က ဖတ်ရတဲ့ ကဗျာတိုလေးကို ဘာသာပြန်ဆိုခြင်းသာဖြစ်ပါတယ်။ မူရင်းအင်္ဂလိပ်လိုလည်း ထည့်ပေးထားပါတယ်။

စနိုး


A Woman was Admitted in Hospital


As she was Suffering from Brain Tumor.

Her Son & Relatives were Around Her,


She died within a few Hours.

Her Son So Cried the whole Day

And soon he became ill.



He Returnd Home the Next Day;

& When He Opened His Moms Cupboard,

He found some Tablets kept in a Letter,!!

In that Letter it was Written:



"TAKE THESE TABLETS DEAR"

I know U Catch Cold Easily after Crying.
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...