စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခွေးပေါက်လေး တစ်ကောင်၏ သနားစရာ သံယောဇဉ်



မီးခိုးရောင် ခွေးလေးတစ်ကောင်၏ အလောင်းအနီး၌ ဝမ်းနည်းစွာ ရှိနေသည့် ခွေးညိုလေးကို လူအများက သတိထားမိလာကြ

တရုတ်နိုင်ငံမှ ခွေးပေါက်စလေး တစ်ကောင်သည် အံ့ဩဖွယ်ရာ မိသားစု သံယောဇဉ်ကို ကြေကွဲဖွယ်ရာ ပြသခဲ့သည်။ ခွေးပေါက်လေး၏ မွေးချင်း အစ်မမှာ ကားတစ်စင်းက မတော်တဆ တိုက်မိသဖြင့် သေဆုံးသွားရှာသည်။ အလွန်ဝမ်းနည်း ပူဆွေးနေသော ခွေးပေါက်လေးသည် ရုပ်အလောင်းအနီးမှ မခွာဘဲ (၂)ရက်လုံးလုံး ဝပ်နေခဲ့ကြောင်း သိရသည်။ ထို့နောက်တွင်မူ မီးခိုးရောင် ခွေးလေးတစ်ကောင်၏ အလောင်းအနီး၌ ဝမ်းနည်းစွာ ရှိနေသည့် ခွေးညိုလေးကို လူအများက သတိထားမိလာကြသည်။ ဆီချွမ်ဒေသခံ တစ်ဦးက ခွေးကလေးကို ဖယ်ရှားကာ ခွေးမလေး၏ ရုပ်အလောင်းကို မြေမြှုပ် သင်္ဂြိုဟ်ပေးရန် ကြိုးစားခဲ့သည်။

သို့သော်လည်း (၂)ရက်လုံးလုံး အစားရေစာ ပြတ်လပ်ပြီး အားနည်းနေသည့် ခွေးလေးက အစ်မဖြစ်သူ၏ အလောင်းပေါ်တွင် ဝပ်နေကာ ၎င်းကို ခွဲခွာပေးရန် ငြင်းဆိုနေခဲ့သည်။ တရုတ်တောင်ပိုင်း ဆီချွမ်ရှိ ပစ်စီယန်မှ ခွေးကလေး၏ သံယောဇဉ်ကို တွေ့မြင်သူတိုင်း ဝမ်းနည်းစွာ ခံစားခဲ့ရသည်။ စိတ်နှလုံးကောင်း ရှိသူတစ်ဦးက ခွေးမလေးကို မြှုပ်နှံပေးရန် ကြိုးစားသော်လည်း ခွေးညိုလေးက ပေကပ်နေသဖြင့် ရုတ်တရက် မအောင်မြင်ဘဲ ဖြစ်နေခဲ့ရသည်။

ခွေးမလေး၏ အလောင်းကိုယူကာ တူးထားသည့်တွင်းထဲ ထည့်လိုက်သည်နှင့် ယင်းခွေးလေးက တွင်းထဲထိ ဝင်ထိုင်ကာ အလောင်းကို ခန္ဓာကိုယ်ဖြင့် မိုးထားခြင်း ဖြစ်သည်။ ထို့နောက်တွင်တော့ လူအများက ၎င်းကို မဖြစ်မနေ အတင်းအကျပ် ဖယ်ရှားကာ ခွေးမလေးကို မြေမြှုပ်ပေးခဲ့သည်။ တအီအီအော်ရင်း ကြေကွဲနေသည့် ခွေးကလေးကိုမူ ဒေသတွင်းရှိ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာ ဝန်ထမ်းတစ်ဦးက ခေါ်ယူကာ စောင့်ရှောက်ပေးခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network


 https://www.facebook.com/photo.php?fbid=667587363281905&set=a.5727850527621

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...