သူတစ်ပါးနှင့် နှိုင်းယှဉ်ခြင်း
”
မိမိကိုယ်ကို အခြားသူများနှင့် နှိုင်းယှဉ်စဉ်းစားတတ်ခြင်းမှာ လူတို့၏ သဘာဝတစ်ရပ်ဖြစ်ပါသည်။ သို့သော် လောက၏ သဘောကိုသိသူ၊ အတွေ့အကြုံ နှင့် ဥာဏ်အမြော်အမြင် ရှိသူတို့ကား မိမိတို့သည် အခြားသူများနှင့် ဆန်ကျင့်ဘက်ပြိုင်နေစရာ မလိုကြောင်း ကောင်းစွာသိကြပါသည်။
သူတို့အောင်မြင်သလို ကိုယ်လည်းအောင်မြင်နိုင်၏ ။ တစ်ဖန် သင်၏အောင်မြင်မှုကို အခြားသူများ၏ အောင်မြင်မှုနှင့် နှိုင်းယှဉ်ချိန်စက်စရာ မလိုသကဲ့သို့ သင် အောင်မြင် မအောင်မြင်ကို သူတစ်ပါးစကားနှင့် ဆုံးဖြတ်သတ်မှတ်ရန်လည်း မလိုပေ။
ထို့ကြောင့် အမေရိကန်ရုပ်ရှင်မင်းသားကြီး ဟင်နရီဖွန်းဒါး ပြောဖူးသော စကားတစ်ခုရှိသည်။ ယင်းကား.......
“ ပြိုင်မြင်းကောင်းတို့မည်သည် မိမိနှင့်အတူပြေးနေကြသည့် အခြားပြိုင်မြင်းများကို ဘယ်သောအခါမှ လှည့်မကြည့်၊ မိမိဘာသာ အမြန်ဆုံးပြေးနိုင်ရေးကိုသာ အမြဲ အာရုံစူးစိုက်လေ့ရှိသည် ” ဟူ၍ ဖြစ်သည်။
ထင်ရှားကျော်ကြားသူများ၏ အဆိုအမိန့်များ
https://www.facebook.com/photo.php?fbid=497009393730230&set=a.351047714993066.7
စာအမျိုးအစား
ဗဟုသုတ
No comments:
Post a Comment