
လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ ရှိရပါမယ်။ ရည်မှန်းချက်မရှိတဲ့ လူဟာ အရာရာကို လက်လွှတ်ဆုံးရှုံးခံနေတဲ့၊ လူဖြစ်ပြီး လူရာမဝင်တဲ့ လူတစ်ယောက် ဖြစ်တယ်လို့တောင် ပြောလို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရည်မှန်းချက်က လူတစ်ယောက်ရဲ့ ဘဝမှာ မိမိအလိုရှိတာတွေကို ရယူပိုင်ဆိုင်ဖို့အတွက် ခိုင်မာတဲ့ စိတ်ဓာတ်ကောင်း ဖြစ်နေလို့ပါပဲ။ ဒီစိတ်ကောင်းရှိမှ လူထဲမှာနေ လူရာဝင်သူတွေ ဖြစ်လိမ့်မယ်။
ရည်မှန်းချက်က ဘဝအတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ ကောင်မွန် အကျိုးရှိမယ့် ရည်မှန်းချက်ကို ရွေးချယ်တတ်ဖို့တော့ လိုတယ်။ ရည်မှန်ချက် မကောင်းခဲ့ဘူး ဆိုရင်တော့ တစ်နေ့နေ့မှာ သေရာပါ နောင်တတွေသာ ရလိမ့်မယ်။ ဘယ်တော့မှလည်း ဒီရည်မှန်းချက်က ပြည့်ဝလာမှာ မဟုတ်သလို ဘယ်တော့မှလည်း စိတ်ချမ်းသာမယ့် လူတစ်ယောက် ဖြစ်တော့မှာ မဟုတ်ပါဘူး။ မိမိဘဝရဲ့ ရည်မှန်းချက်ကို စီစစ်ရွေးချယ်တတ်ခြင်းကလည်း
ရည်မှန်းချက်ရှိတဲ့သူဟာ အလုပ်ကို အပြင်းအထန် ကြိုးစားရမယ့် သူပါ။ ဇွဲ၊ လုံးလ၊ ဝီရိယမပါတဲ့ ရည်မှန်ချက်ဆိုတာ ဘာမှအဓိပ္ပါယ်မရှိတဲ့ အရာပါပဲ။ ရည်မှန်းချက်က အောင်မြင်မှုဆီ သွားရာလမ်း ဖြစ်သလို မဆုတ်မနစ် ကြိုးပမ်းမှုကတော့ အောင်မြင်မှုဆီ ရောက်အောင်ပို့ပေးမယ့် အရာတစ်ခုပဲ ဖြစ်ပါတယ်လို့ Bull Bradleyက ပြောပါတယ်။ “Ambition is the path to success. Persistence is the vehicle you arrive in.”
သူငယ်ချင်းတို့ရေ………………
ဘဝမှာ စိတ်ချမ်းသာချင်တယ်ဆိုရင် ရည်မှန်းချက်နောက်ကို အစဉ်တစိုက် လိုက်ပါ။ ဇွဲ၊ လုံးလ၊ ဝီရိယတွေနဲ့ မဆုတ်မနစ် ကြိုးစားပါ။ ဘယ်လိုအခက်အခဲတွေပဲ ကြုံတွေ့ပါစေ ရင်ဆိုင်ကျော်ဖြတ်ပါ။ ရည်မှန်းချက်ပန်းတိုင်က ယိမ်ရိုင်းပြီး စိတ်ဓာတ်တွေကျ၊ လက်လျော့ဖို့ စဉ်းစားရပြီ ဆိုရင်တော့ ဒီကမ္ဘာမှာ စိတ်အဆင်းရဲရဆုံး ဖြစ်လာမယ့် သူဟာ မိမိကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူးဆိုတာလည်း လုံးဝမမေ့ပါနဲ့။
ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ………….
လင်းမြတ်(ပန်းတောင်း)
No comments:
Post a Comment