စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နားအူနေလျှင်


                            
နားအူတာ သက်သာ အောင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။

၁။ ပန်ကာ ဖွင့်ထားပါ နားအူ တာဟာ ယာယီ သာ ဖြစ် တတ်ပြီး ရက် အနည်းငယ်မှ တစ်ပတ် အ တွင်းမှာ ပျောက်ကင်း တတ် ပါတယ်။ ပျောက်ကင်း ဖို့ စောင့်ဆိုင်း နေစဉ် အတွင်း မှာ ဆူညံသံ တွေ ရအောင် ပန်ကာ ဖွင့် ထားပေးပါ။ နောက်ခံ အသံတွေ ကြောင့် နားအူ တာ သက်သာ နိုင် ပါတယ် လို့ တက္က ဆတ် တက္ကသိုလ် မှ နား၊ နှာခေါင်း လည် ချောင်း ဆိုင်ရာ ဆရာဝန်က ဆိုပါတယ်။

၂။ အငန်စာ များ လျှော့စား ပါ ဆိုဒီယမ် (ဆား) ဟာ အတွင်းနား အတွင်း ဖိအားကို မြင့်တက် စေတာကြောင့် နားအူတာ ကို ပိုဆိုး စေနိုင် ပါတယ်။

၃။ ဓာတ် မတည့်မှု ပျောက်ဆေး ( Anti histamine ) သောက်ပါ ဓာတ် မတည့် မှုကြောင့် နှာခေါင်းတွင်း ရောင်ရမ်း ကာ နှာရည်တွေ ပြည့် နှက်နေ တတ်ပြီး အဲဒီ နှစ်မျိုးစလုံး ဟာ နားအူတာ ကို ဖြစ်စေ နိုင်တာ ကြောင့် ဓာတ် မတည့်မှု ပျောက်ဆေးကို သောက်ပါ။

၎။ ကော်ဖီနှင့် အရက် ရှောင်ပါ ကော်ဖီနဲ့ အရက်ဟာ အတွင်းနားမှ အရည်တွေကို ပိုမိုများပြားစေတာကြောင့် နားအူတာကို လှုံ့ဆော်နိုင်ပါတယ်။

၅။ သင် သောက်ရတဲ့ ဆေးဝါးကြောင့် နားအူတာ ဖြစ်နေပါ သလား အောက်ပါ ဆေးဝါး တွေဟာ နားအူ တာ ဖြစ်စေနိုင် တဲ့ အတွက် အဲဒီဆေးဝါးတွေ သောက်ပြီး နားအူ ရင် ဆရာဝန် နဲ့ တိုင် ပင်ပါ။

- အက်စပရင်

အက်စပရင် ကို ရေ ရှည် အသုံးပြုရင် အကြား အာရုံ ဆုံးရှုံး နိုင် ပါတယ်။ အကြား အာရုံ ဆုံးရှုံးမှုရဲ့ အစဦး ဆုံး လက္ခဏာ ဟာ နားအူ တာပါ။

- အိုင်ဗျူပရိုဖင်နှင့် တာလီနော

ဒီဆေး တွေကို ပုံမှန် အသုံးပြု ရင် နားအူတာ နဲ့ ဆက်စပ်မှု ရှိပါတယ်။

- ဘန်ဆိုဒိုင်ယာဇီပင်း

စိတ်ကျရော ဂါပျောက်ဆေးနဲ့ စိုးရိမ်စိတ် ပျောက်ဆေး လိုမျိုး ဘန်ဆို ဒိုင်ယာဇီ ပင်း အုပ်စုဝင် ဆေး ဝါးတွေ ဟာ နားအူ တာကို ဖြစ်စေ တတ် ပါတယ်။

ဒေါက်တာ ခင်မိုးမိုး
Good Health


https://www.facebook.com/photo.php?fbid=501223063308863&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...