စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့် ရှုးဖိနပ် အနံ့ထွက်နေသလား



                
လူအများစုဟာ ရှူးဖိနပ်စီးတဲ့ အခါ ခြေထောက်ရော ဖိနပ်ပါ အနံ့ဆိုးထွက် တတ်ပါတယ်။ အဲဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းရင်း တစ်ခုက တချို့လူတွေရဲ့ ခြေထောက်က ချွေးအလွန်အမင်း ထွက် တာကြောင့်ပါ။ လူအများစုဟာ လက်ဖ ဝါးနဲ့ ခြေဖဝါးချွေးထွက်များ တတ်ပါ တယ်။ ဒါကြောင့် ခြေဖဝါးရှိ ချွေးတွေကို ခြေအိတ်က စုပ်ယူလိုက်တာကြောင့် ခြေ အိတ်နဲ့ ထိနေတဲ့ ရှူးဖိနပ်မှာပါ ချွေးတွေ ကပ်ငြိပြီး အနံ့ဆိုးထွက်ရတာ ဖြစ်ပါ တယ်။ ခြေထောက် အနံ့ဆိုးထွက်ရတဲ့ ဒုတိယအကြောင်းရင်းက အနံ့ထွက်နေ တဲ့ ခြေအိတ်တွေကို ရေရှည်အသုံးပြုတာ ကြောင့်ပါ။ ခြေထောက် အနံ့ဆိုးထွက်ရတဲ့ တတိယ အကြောင်းရင်း ကတော့ ရှူးဖိနပ် ဟာ စိုစွတ်နေပြီး ခြောက်သွေ့အောင် မထားဘဲ ပြန်စီးမိတာကြောင့်ပါ။ ခြေ ထောက်နဲ့ ရှူးဖိနပ်တွေ အနံ့ဆိုးထွက်တဲ့ အခါ စိတ်အနှောင့် အယှက်ဖြစ်ရတာ ကြောင့် အနံ့ဆိုး မထွက်အောင် လုပ် ဆောင်နိုင်မယ့် နည်းတချို့ကို ရေးသား လိုက်ရပါတယ်။

- ခြေဆီ အထွက်များ တာကြောင့် အနံ့ ဆိုးထွက်နေရင် ရှူးဖိနပ်ကို ဆပ်ပြာနဲ့ သေချာဆေးကြော သန့်စင်ပြီး ခြောက် သွေ့အောင် ထားဖို့ အရေးကြီး ပါတယ်။ အဲဒီလိုမလုပ်ရင် ရှူးဖိနပ်ထဲမှာ ဘက်တီး ရီးယား ဒါမှမဟုတ် ဖန်းဂပ်စ်မှိုပေါက် ဖွားပြီး ခြေသည်းဝဲစွဲတာကို ဖြစ်စေနိုင် ပါတယ်။
- အနံ့ဆိုးထွက်နေတဲ့ ရှူးဖိနပ်ကို နေ ပူထဲမှာ လှန်းထားပေးပါ။ နေရောင်ခြည် နဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့် ဘက်တီး ရီးယားပိုးတွေကို သေစေနိုင်ပြီး အနံ့ဆိုး ကိုလည်း ပပျောက်စေပါတယ်။

- အနံ့ဆိုးထွက်နေတဲ့ ရှူးဖိနပ်ကို ဆော် ဒါမှုန့်နဲ့ အနံ့ကင်းအောင် လုပ်နိုင်ပါတယ်။ ဆော်ဒါမှုန့် (Sodium Bicarbonate) ကို ရှူးဖိနပ်ရဲ့ အတွင်းသားထဲ ဖြူးလိုက် ပါ။ ပြီးရင် တစ်ညလောက် ထားပြီး နောက်တစ်နေ့ မစီးခင်မှာ ဆော်ဒါမှုန့် တွေကို ခါချလိုက်ပါ။
- ရှူးဖိနပ်ကို ဖျန်းနိုင်တဲ့ အနံ့အသက် ပျောက်ဆေးတွေ ရှိပါတယ်။ ရှူးဖိနပ်ကို ချွတ်ပြီး အနံ့အသက်ပျောက်ဆေးဖျန်း ကာ တစ်ညထားလိုက်ပါ။
- အနံ့ထွက်နေတဲ့ ဖိနပ်ကို အနံ့ပျောက် သွားအောင် အယ်လ်ကိုဟော သုတ်ပေး ရမှာ ဖြစ်ပါတယ်။ အယ်လ်ကိုဟောက အနံ့ဆိုးတွေကို စုပ်ယူသွားနိုင်ပါတယ်။

- ခြေထောက်အနံ့ဆိုးမထွက်အောင် လုပ်သင့်တဲ့ နောက်တစ်နည်းက ခြေ အိတ်ကို နေ့စဉ်မှန်မှန်လဲပါ။ ခြေအိတ် အနံ့အသက် မကောင်းရင်လည်း ရှူးဖိ နပ်ကို အနံ့ဆိုးကပ်ငြိစေပါတယ်။
- ချွေးထွက်များတာကြောင့် ရှူးဖိနပ် အနံ့ဆိုးထွက်နေရင် ပေါင်ဒါမှုန့်ဖြူးပေး နိုင်ပါတယ်။
- လူအများစုအတွက် တင်းကျပ်တဲ့ သားရေရှူးဖိနပ်တွေက ချွေးအလွန်အ မင်းထွက်စေနိုင်ပါတယ်။ ဒါကြောင့် လေ ဝင်လေထွက်ကောင်းတဲ့ ရှူးဖိနပ်ကို ရွေး ချယစ်ီး သငပ့်ါတယ။

ကြယ်စင်
Good Health

The Melting Pot 4 U


https://www.facebook.com/photo.php?fbid=430269430407647&set=a.351773574923900.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...