စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘဝမှာ စိတ်ချမ်းသာချင်တယ်ဆိုရင် မိမိမှာရှိတာနဲ့ရောင့်ရဲပါ



လူတော်တော်များများက ရှိတာနဲ့ ရောင့်ရဲဖို့ထက်လောဘနဲ့ အငမ်းမရရှာကြတာ များပါတယ်။ မကောင်းမှန်းသိပေမယ့် မရောင့်ရဲနိုင်မှုက စိတ်မှာ ကြီးစိုးနေတော့ အကောင်းမမြင်တော့ဘဲ ခေါင်းထဲမှာ ရပြီးရင်း ရဖို့သာ စဉ်းစားကြတယ်။ လောကီလူသားတွေအတွက် ရောင့်ရဲနိုင်ဖို့က မလွယ်ပါဘူး။


ဒါပေမယ့် စိတ်ချမ်းသာချင်တယ် ဆိုရင်တော့ ရောင့်ရဲမှုကို ကျင့်သုံးနိုင်မှ ဖြစ်မှာပါ။ သုတေသနအရ ကြည့်မယ်ဆိုရင်လည်း (Research shows that happy people have modest levels of expectation and aspirations — they want what they can get.) “စိတ်ချမ်းသာနေတဲ့ လူတိုင်းမှာ မျှော်လင့်ချက်၊ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ကိုယ်နဲ့တန်တဲ့ အဆင့်ကိုပဲ ရောင့်ရဲနိုင်ကြလို့” လို့ ဆိုပါတယ်။ ဘဝနေ့ရက်တိုင်းမှာ ရလေ လိုလေ အိုတစ္ဆေ ဖြစ်နေမယ်ဆိုရင်တော့ သင်ဟာ လောဘအပူနဲ့ သောကလူသားပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် ရောင့်ရဲတတ်ဖို့ လိုပါတယ်။


ရောင့်ရဲမှုဆိုတာ ပစ္စုပ္ပန်အချိန်မှာ စိတ်ချမ်းသာဖို့၊ ဆန္ဒတွေပြည့်ဝဖို့အတွက် တတ်နိုင်စွမ်းဖြစ်ပါတယ်။ ရောင့်ရဲမှုသည် လူဆင်းရဲကို ချမ်းသာစေသလို မရောင်ရဲမှုကတော့ လူချမ်းသာကို ဆင်းရဲစေတယ် (Content makes poor men rich; discontent makes rich men poor.) လို့ Benjamin Franklinကလည်း ဆိုပါတယ်။ မိမိစိတ်မှာ ရောင့်ရဲနေတဲ့အခါ ဘာကိုမှလည်း ပိုပြီးမလိုချင်တော့ဘဲ မိမိတတ်နိုင်သလောက်၊ အစွမ်းရှိသလောက် ရှာဖွေနိုင်တာ၊ မိမိမှာရှိတာစတဲ့ ရောင်ရဲမှုနဲ့ ကျေနပ်ပြီး စိတ်ချမ်းသာမှုကို ရတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။


ဒီနေရာမှာ ရောင့်ရဲမှု (၅) မျိုးကို ဖေါ်ပြပေးလိုက်ပါတယ်။

၁၊ စားသောက်မှုမှာ ရောင့်ရဲခြင်း။
၂၊ ဝတ်စားဆင်ယင်မှုမှာ ရောင့်ရဲခြင်း။
၃၊ မိမိလင်၊ မိမိမယားမှာ ရောင့်ရဲခြင်း။
၎၊ ပစ္စည်းဥစ္စာမှာ ရောင့်ရဲခြင်း။
၅၊ သွားလာခြင်းမှာ ရောင့်ရဲခြင်း တို့ဖြစ်ပါတယ်။


သူငယ်ချင်းတို့ရေ……
ရောင့်ရဲခြင်းဟာ လူနဲ့ လောကကို ကောင်မွန်တဲ့ စိတ်ချမ်းသာစရာတွေပဲ ပေးနိုင်တာမို ဘဝမှာ စိတ်ချမ်းချမ်းသာသာနဲ့ နေချင်တယ်ဆိုရင် ရောင့်ရဲတတ်အောင် ကျင့်ပါ။ ရောင့်ရဲနိုင်သူသာ လောကမှာ စိတ်ချမ်းသာရဆုံး လူဖြစ်ပါလိမ့်မယ်လို့……………………………..


ဘဝနဲ့ဆန္ဒ တသားတည်းကျပါစေ……….
လင်းမြတ်(ပန်းတောင်း)


https://www.facebook.com/photo.php?fbid=549033435177706&set=a.402798786467839.9

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...