
မော်လမြိုင်မြို့နယ်အတွင်း ရပ်ကွက်တစ်ခုတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအတ
မွန်ပြည်နယ်မှ အကြောင်းအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပရောက် ရွှေ့လျားလုပ်သားများသည် သန်းခေါင်စာရင်း ကောက်ယူမည့် ကာလတွင် သန်းခေါင်စာရင်းမ၀င်မှာ စိုးရိမ်စိတ်ဖြင့် ပြည်တွင်းသို့  ပြန်လာစရာ မလိုသည့်ပြင် အရေးယူခံရမည်ကို စိုးရိမ်စိတ်ဖြင့် ဒေသခံမိသားစုများကလည်း လိမ်လည်ပြီး မဖြေဘဲ အမှန်တိုင်းဖြေဆိုရန် လိုအပ်ကြောင်း၊ အမှန်အတိုင်း ဖြေသည့်အတွက် မည်သို့မျှ အရေးယူမည် မဟုတ်ကြောင်း၊ မော်လမြိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
''သန်းကောင်စာရင်းကောက်ယူတဲ
သန်းခေါင်စာရင်း ကောက်ယူခြင်း လက်ကမ်းစာစောင်တွင်လည်း သန်းခေါင်စာရင်း မေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြား သို့ ရောက်ရှိနေသည့် အိမ်ထောင်စု ၀င်များအတွက် စိုးရိမ်ရန်မလိုပါ။ မည်သို့မျှ အရေးယူမည် မဟုတ်ပါဟု ဖော်ပြပြီး ဖြစ်ပါသည်။
ရွေ့လျားလုပ်သား အခွင့်အရေးများကို လေ့လာနေသူ Mon and Thamakron Group Co.Ltd မန်နေဂျာ နိုင်ကောင်းရွက်က ''မွန်ပြည်နယ်ကနေ တစ်ဖက်နိုင်ငံတွေကို အလုပ်လုပ်နေတဲ့သူ နှစ်သန်းလောက် ရှိပါတယ်။ သူတို့ တွေအတွက် ဒီမှာရှိတဲ့ မိသားစုတွေက မှန်မှန်ကန်ကန် ဖြေပေးဖို့  အမှန်ပြောရင် တစ်ခုခုနဲ့ အရေးယူမယ် စိုးရိမ်စိတ်နဲ့ လိမ်ပြီးမပြောဖို့  သန်းခေါင်စာရင်းမ၀င်မှာစိုး
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အတွင်း ၁၂ ရက်ကြာ တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရန်ရှိပြီး အကြိုပညာပေးကာလ အဖြစ် ရပ်ကွက်ကျေးရွာများသို့  တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြောကြားလျက်ရှိသည်။
Eleven Media Group
https://www.facebook.com/photo.php?fbid=505032522927917&set=a.351047714993
No comments:
Post a Comment