စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်

          https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-frc1/999284_717512658258749_171368486_n.jpg
အရှင်ဘုရား…

အရှင်ဘုရားရေးတဲ့ "အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်" ဆောင်းပါးကိုဖတ်ပြီး စိတ်အားထက်သန်မိသလို မမမိုးသက်လှိုင်လို အချစ်ကံခေပြီး သောကပူလောင်ရမှာကိုလည်းစိုးရိမ်ကြောက်ရွံ့ မိပါတယ်ဘုရား၊ အချစ်ကံကောင်းအောင်ဘယ်လိုပြုမူနေထိုင်
ကျင့်သုံးရမယ်ဆိုတာ မိန့်ကြားပေးတော် မူပါဘုရား။
(မယမင်းဇော်၊ ဒုတိယနှစ် -သတ္တဗေဒ)

မယမင်းဇော်..
မယမင်းဇော်က "အချစ်ကံကောင်းနည်း" ကိုသိချင်တယ်ဆိုပါတော့။ လွယ်ပါတယ်၊ ဘာမှမခက်ပါဘူး။ အချစ်ကံကောင်းချင်ရင် "အချစ်ကံကောင်း" ဆိုတဲ့စကားလုံးကို ရှေ့ နောက် ပြောင်းပြန်လှန်လိုက်
ရုံပါပဲ။ "အချစ်ကံကောင်း" ကို ပြောင်းပြန်လှန်လိုက်တော့ "အကောင်းကံချစ်"ဖြစ်သွားတောပေါ့။

အကောင်းကံချစ်ရင် အချစ်ကံကောင်းပါတယ်။ ဟုတ်တယ်ဟုတ်။"အကောင်းကံ" ဆိုတာ ကုသိုလ်ကံကိုပြောတာပါ။ "ကုသိုလ်ကံ" ဆိုတဲ့နေရာမှာလည်းကောင်းတဲ့ အလုပ်တွေ လုပ်တဲ့
ကုသိုလ်ကံရယ်၊ မကောင်းတဲ့အလုပ်တွေရှောင်တဲ့ကုသိုလ်ကံရယ်လို့ နှစ်မျိုးရှိပြန် ပါတယ်။
ကုသိုလ်အလုပ်လုပ်တဲ့ ကုသိုလ်ကံနဲ့အကုသိုလ်အလုပ်ရှောင်တဲ့ ကုသိုလ်ကံ ဆိုပါတော့။
ကောင်းတဲ့ကုသိုလ်အလုပ်တွေကတော့ တစ်ဖက်က အများကြီးလုပ်နေပါရဲ့ ၊ ဒါပေမယ့်တစ်ဖက်ကလည်း မကောင်းတဲ့ အကုသိုလ်အလုပ်တွေ နည်းနည်းပါးပါး လုပ်မိနေတယ်ဆိုရင်ကိုယ့်ရဲ့
ကုသိုလ်ကံဟာ ပြည့်စုံတဲ့ ကုသိုလ်ကံ မဟုတ်တော့ပါဘူး။ ကုသိုလ်ကံ မပြည့်စုံရင်အကျိုးပေးလည်း မပြည့်စုံတော့ပါဘူး။ ဒါကြောင့် အကျိုးပေးဟာကွက်မရှိ ပြည့်စုံချင်ရင်ကောင်းတာလုပ်တဲ့
ကုသိုလ်ကံရော၊ မကောင်းတာရှောင်တဲ့ ကုသိုလ်ကံရော၊ကုသိုလ်ကံ
နှစ်မျိုးလုံး ပြည့်စုံအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။

"အကောင်းကံ" ဆိုတဲ့ စကားလုံးနဲ့ပဲ ကိုင်ပြီးပြောတာ ပိုကောင်းပါတယ်။"ကုသိုလ်ပြုအကောင်းကံ" ရယ်၊ "အကုသိုလ်ရှောင်အကောင်းကံ" ရယ်၊ အဲဒီအကောင်းကံနှစ်မျိုးကို ချစ်ရင်၊ အဲဒီအကောင်းကံ နှစ်မျိုးနဲ့ ပြည့်စုံအောင် ကြိုးစားရင်၊ အဲဒီအကောင်းကံနှစ်မျိုးပြည့်စုံနေရင် အချစ်ကံ
သေချာပေါက် ကောင်းပါတယ်။

- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

{ ဆက်လက်ပူဇော်ဖော်ပြပါမည် )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/photo.php?fbid=717512658258749&set=a.32227835778218

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...