စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ယုန်အဖျား သို့မဟုတ် Tularemia


Monday, July 08, 2013

ယုန်အဖျားလို့ ဆိုလိုက်တာ ကြောင့် စာဖတ်သူများစိတ်ဝင်စားကြ မယ်လို့ ထင်ပါတယ်။ tularemia သို့မဟုတ်ယုန်အဖျား( rabbit fever) ဟာတောကြီးယုန်(hares)၊ အိမ်မွေး ယုန်သတ္တဝါတွေမှာ ဖြစ်တတ်တဲ့ ဘက်တီးရီးယားပိုးကူးစက်မှုဖြစ်ပြီး လူကို လည်း ကူးစက်နိုင်ပါတယ်။

Fran-cisella tularenis လို့ခေါ်တဲ့ ဘက်တီး ရီးယားကြောင့်ဖြစ်တဲ့
ဒီရောဂါကူး စက်မှုကို အာရှ၊ မြောက်အမေရိကနဲ့ ဥရောပတိုက်တွေ
ရဲ့ ကျေးလက်ဒေသ တွေမှာ အတွေ့များပါတယ်။ဒီရောဂါဖြစ်ပွား
မှုဟာ ဘီစီ၁၇၁၅ ကတည်းက မြေထဲပင်လယ်ဒေသမှာ ဖြစ်ပွားခဲ့ပြီးလို့ သမိုင်းရှိခဲ့ပြီး ခေတ် သစ်မှာတော့ အမေရိကန်နိုင်ငံမှာ ၁၉၁၂ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။

မုဆိုးတွေ သစ်တောဝန်ထမ်းတွေမှာ အဓိကဖြစ်ပွားကြပါတယ်၊ ဖြစ်ပွား သူတွေဟာ ၄င်းတို့ထိတွေ့ခဲ့တဲ့ တိရစ္ဆာန်ကနေတစ်ဆင့် ကူးစက်မှု ဖြစ်
ပွားရတာပါ။ နောက်ပြီးထိတွေ့ မှုအပြင် ယင်၊ မှက်စတဲ့ အင်းဆက် တွေ ကိုက်ခံရရင်လည်း ကူးစက်နိုင်ပါ တယ်။ ကူးစက်ခံရသူအချို့ဟာ နမိုး နီးယားရောဂါလို လက္ခဏာတွေ ရ နိုင်ပါတယ်။

ရောဂါထိန်းချုပ်ရေးစင်တာ CDC ရဲ့ ထုတ်ပြန်ချက်အရ ဇီဝ လက်နက်တွေ အသုံးပြုပြီးလည်း ယုန်အဖျားကို ခံစားရနိုင်ကြောင်း သိရှိရပါတယ်။ အထူးသဖြင့် စစ်ပွဲ ကာလတွေမှာဖြစ်ပါတယ်။

ရောဂါလက္ခဏာ - ရောဂါပျိုးချိန်က တော့ (၃)ရက်ကနေ (၅)ရက်အထိ ကြာမြင့်နိုင်ပါတယ်။ ရုတ်တရက် လက္ခဏာတွေပေါ်လာနိုင်ပြီး ကြာ မြင့်ချိန်ကတော့ရက်သတ္တပတ် တော် တော်များများကြာနိုင်ပါ
တယ်။ ချမ်း တုန်ဖျားခြင်း၊ မျက်စိရောင်ခြင်း၊ နီရဲ ခြင်း၊ ဖျားခြင်း ခေါင်း
ကိုက်ခြင်း ၊ ပြန် ရည်ကျိတ်ကြီးခြင်း၊ အဆစ်များ တောင့်တင်းခြင်း၊ ကြွက်
သားနာ ကျဉ်ခြင်း၊ အရေပြားနာခြင်း၊ အနာ ဖြစ်ခြင်း၊ ချွေးထွက်များခြင်း၊ အသက် ရှုမဝခြင်း၊ သွေးစပါသော သလိပ် ထွက်ခြင်း၊ ကိုယ်အလေး
ချိန် လျော့ ကျခြင်း တွေပဲ ဖြစ်ပါတယ်။

ကုသမှုမခံယူဘူးဆိုရင်တော့ ယုန်အဖျား Tularemia ဟာသေစေ နိုင်ပါ
တယ်။အရိုးထိပိုးဝင်ခြင်း၊ နှလုံး အကာရောင်ခြင်း၊ ဦးနှောက်အမြှေး ပါးရောင်ခြင်းစတဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့သေဆုံးစေနိုင်ပါ
တယ်။

သက်နှင်း
Ref: medindia
Health Updates Journal

https://www.facebook.com/photo.php?fbid=599419133432062&set=a.572785052762137.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...