စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖုန်း SIM Card ဖြင့် အများဆုံး Wifi ကွန်ရက်အဖြစ်အသုံးပြုခြင်း



post By Myawady News, on July 13, 2013

ပို့စ်ရေးသားသူ- ကိုဇော်သူရိန်ထွန်း

ပုံမှန်နည်းလမ်းအနေနဲ့ကတော့ Android ဖုန်းကောင်းကောင်းတစ်လုံးကနေ Hotspot ထောင်ပြီး လွှင့်ရင် ရပေမယ့် တကယ့် ၀ိုင်းအုံပြီးသုံးတဲ့အခါမှာ မနိုင်တော့ပါဘူး။ Handset ကလည်း အတော်လေးပူပြီး ကြာရင် ပျက်တောင် ပျက်သွားနိုင်ပါတယ်။ ပြီးတော့ Android ဖုန်းမှာပါတဲ့ Personal Hotspot တွေဟာ Users ရှစ်ယောက် လို့အများဆုံးပြောထားတာမို့ ကျန်တဲ့နည်းလမ်းတွေက အဆင်ပြေပါတယ်။ အခုပြောမယ့်နည်းလမ်းတွေကိုဆက်လက်လေ့လာကြည့်ရအောင်။

နည်းလမ်း(၁)
3G Router တစ်လုံးဝယ်ပြီး အဲဒီ Router မှာ HSDPA USB Modem လေးတပ်ပြီး လွှင့်လို့ ရပါတယ်။ လက်ရှိ ဈေးကွက်ထဲမှာတော့ TP Link Portable 3G Router လေးတွေ ရှိပါတယ်။ အဲဒါရယ် Prolink HDSPA USB Modem လေးရယ်တွဲပြီး Setting ချိန်ပြီး လွှင့်ရင် ရပါတယ်။

နည်းလမ်း(၂)
ဒီနည်းကတော့ Modem အရန်သင့်ပါပြီသား 3G Router တစ်လုံးကို သုံးပြီး လွှင့်တာပါ။ ဈေးကွက်ထဲမှာတော့ Prolink တစ်မျိုးပဲ လာတာတွေ့ပါတယ်။ Portable လေးပါပဲ။ SIM Card ကို သူ့ထဲမှာ တစ်ခါတည်းထည့်ပြီး လွှင့်လို့ရပါတယ်။ ဒါပေမယ့် Maximum user က 8 အထိပဲရပြီး သူ့ရဲ့ Configuration တွေ ပြည့်စုံမှုကလည်း အတော်လေး အားနည်းတာမို့ ဆိုင် အတွက်ဆိုရင် ဘယ်လိုမှ မသုံးသင့်ပါဘူး။

နည်းလမ်းအားလုံးဟာ SIM Card ကို Device တွေထဲမှာ ထည့်သုံးရတာမို့ ငွေဖြည့်ချင်တဲ့အခါမှာ တခြားဖုန်းကနေ ငွေလွှဲဖြည့်တဲ့စနစ်ကိုပဲ အသုံးပြုလို့ရပါလိမ့်မယ်။


https://www.facebook.com/photo.php?fbid=442314239199746&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...