စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သိင်္ဂ`ါလောဝါဒသုတ်မှ အဆုံးအမများ

၁။ ဥစ္စာပျက်ကြောင်း ၆-ပါး
---------------------------

သေစာသောက်စား

လမ်းသွားခါမဲ့

ရှုငဲ့သဘင်

ပျော်ရွှင်အန်လောင်း

မကောင်းမိတ်ဖျင်း

ပျင်းရိခြင်းကား

ယိုယွင်းဥစ္စာ

ပျက်ကြောင်းတည်း။

.

အရက်သေစာသောက်စားခြင်း၊ အခါမဲ့ ခရီးသွားခြင်း၊ ပွဲလမ်းသဘင်၊ ပျော်ပွဲရွှင်ပွဲ၊ ရုပ်ရှင်၊ စတဲ့ အပျော်အပါးများကိုကြည့်ရှုခြင်း၊ အလောင်းကစားပြုလုပ်ခြင်း( ချဲ၊ နှစ်လုံး၊ ဘောလုံး)အပါအဝင် အခြားသောလောင်းကစားများကို ပြုလုပ်ခြင်း၊ မကောင်းသော မိတ်ဆွေယုတ် မိတ်ဆွေပျင်းများကို ပေါင်းသင်းခြင်း၊ ပျင်းရိလေးလံခြင်းဆိုပြီး (၆)ချက်သည် စီးပွားဥစ္စာပျက်ကြောင်း (၆)ပါးဖြစ်ပါသည်။

ဒီ (၆) ချက်လုံးကို ပြောင်းပြန်လုပ်မည် ဆိုပါလျှင် ဥစ္စာပျက်ကြောင်းမဖြစ်တော့ဘဲ ဥစ္စာတက်ကြောင်းဖြစ် ပါလိမ့်မည်။

အရက်သေစာသောက်စားခြင်းမှ ရှောင်ကြဉ်လိုက်ခြင်း။

အခါမဲ့ ခရီးသွားခြင်းကို ရှောင်ကြဉ်လိုက်ခြင်း၊
ပွဲလမ်းသဘင်၊ ရုပ်ရှင်နှင့် ကာရာအိုကေများအား ကြည့်ရှုပျော်ပါးခြင်းမှ ရှောင်ကြဉ်လိုက်ခြင်း။

အလာင်အစားဟူသမျှကို ရှောင်ကြဉ်လိုက်ခြင်း။

မကောင်းသော မိတ်ဆွေယုတ် မိတ်ဆွေပျင်း မိတ်ဆွေဖျင်းများကို ပေါင်းသင်းခြင်းမှရှောင်ကြဉ်လိုက်ခြင်း။

အရာရာ ပျင်းရိခြင်းမရှိဘဲ ထကြွလုံ့လနှင့်ပြည့်စုံခြင်း ဆိုတဲ့အချက် (၆)ကို လိုက်နာကျင့်ကြံမည် ဆိုပါက ဥစ္စာပစ္စည်း ပျက်ခြင်း ဆုတ်ယုတ်ခြင်းမရှိတော့ဘဲ ဥစ္စာတက်ခြင်း၊ ဥစ္စာပျက်စီးခြင်း ဆုတ်ယုတ်ခြင်းဘေးမှ ကင်းဝေးမည်ဖြစ်တော့၏။

လောင်းကစားသူ အပြစ်(၆)ပါး
--------------------------------

အောင်သူရန်ပွား

ရှူံးသွားစိုးရိမ်

စည်းစိမ်လျော့ပါး

တရားသဘင်

မဝင်သက်သေ

မိတ်ဆွေနှိမ့်ဆို

မလိုထိမ်းမြား

ဤခြောက်ပါးကား

ပျော်ပါး ကြွေအန်အပြစ်တည်း။

.

သေအရက်သောက်ခြင်းအပြစ်(၆)ပါ
------------------------------------
ဥစ္စာယုတ်ခြင်း

ငြင်းခုံများစွာ

ရောဂါထူပြော

ကျော်စောမဲ့ထုံ

မလုံအင်္ဂ`ါ

ပညာနည်းပါး

ဤခြောက်ပါးကား သောက်စားသေစာ အပြစ်တည်း။
.


အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...