စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မုံရွာမြို့၊ မှ စာပေရေချမ်းစင် (Mini Book corner)

မုံရွာမြို့၊ လူစည်ကားရာနေရာများတွင် Mini Book Cornerများ လိုက်လံချထားပေး

မုံရွာ ၊ ဇူလိုင် ( ၁၀ ) ,Cho Nwe Htay

ခရီးသွားပြည်သူများ၊ အလုပ်သမားများ၊ စာပေဝါသနာရှင်များ နေရာမရွေး၊ အချိန်မရွေး ဖတ်ရှုနိုင်ရန် အတွက် ပြန်ကြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စစ်ကိုင်းတိုင်းဒေ သကြီး၊ မုံရွာမြို့ရှိ လူစည် ကားရာ နေရာများဖြစ်သော သင်္ဘောဆိပ်၊ ကားဂိတ်၊ ဆေးရုံ၊ ဆေးပေးခန်း၊ လက်ဘက်ရည်ဆိုင်၊ အလုပ်ရုံများ စသောနေရာ(၃၀)တွင် ပတ်ထူစဖြင့် ပြုလုပ်ထားသော Mini Book corner (စာပေရေချမ်းစင်)များကို ဇူလိုင်လ (၉) ရက်နေ့ နံနက်ပိုင်းတွင် လိုက်လံချ ထားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Mini Book corner (စာပေရေချမ်းစင်)များတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးရေး/မွေးမြူရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ သိပ်ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အားကစားနှင့် အထုတ်ပတ်တိ စသည်ဖြင့် ကဏ်ဍ(၁၂)ခုခွဲပြီး စာပေဝါသနာရှင်များအနေဖြင့် မိမိတို့ကြိုက် နှစ် သက်ရာကဏ်ဍကို ဖတ်ရှုနိုင် စေရန်စီစဉ်ပေးထားကြောင်း သိရသည်။

Mini Book corner (စာပေရေချမ်းစင်)များတွင် ကဏ်ဍအလိုက်ပါရှိသော စာအုပ်များသည် တစ်ထိုင် တည်းပြီးစီးအောင် ဖတ်ရှုနိုင်ရေးအတွက် တစ်အုပ်လျှင် စာမျက်နှာ (၂၄)မျက်နှာဖြင့် စာပေဝါသနာရှင်များကို ထိ ရောက်သော ဗဟုသုတများရရှိစေရန် စီစဉ်ထားကြောင်းနှင့် အဆိုပါ စာအုပ်များကို တစ်လလျှင်တစ်ကြိမ် အသစ် လဲလှယ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

Mini Book corner(စာပေရေချမ်းစင်)များ ချထားပေးမှုနှင့်ပတ်သက်ပြီး လက်ဘက်ရည်ဆိုင်ထိုင်သူ တစ်ဦးက "စာပေရေချမ်းစင်တွင် တင်ထားသော စာအုပ်များသည် လက်ဘက်ရည်တစ်ခွက်သောက်ချိန်နှင့် အကိုက် ဖတ်၍ပြီး စီးနိုင်ကြောင်း၊ ဗဟုသုတများလည်းရရှိသဖြင့် များစွာကျနေပ်ပါကြောင်း" ရင်တွင်းစကားများ ကြားသိ ရသည်။

ခရိုင်ပြန်/ဆက်(မုံရွာ)

https://www.facebook.com/photo.php?fbid=441127715985065&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...