စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







How to become a Computer Network Engineer ဟောပြော ပွဲ ကောက်နုတ်ချက်




AMDC နဲ့ RHC ပူးပေါင်းလို့ How to become a Computer Network Engineer ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဇူလိုင်လ ၆ ရက်နဲ့ ၇ ရက်နေ့ ၂ ရက်ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်


ဆွေးနွေးပွဲကောက်နှုတ်ချက်အနေနဲ့ RHC Team Leader ကိုစိုင်းလင်းသူ ရဲ့  ဟောပြောပို့ချချက်ကို မှတ်မိသလောက် စာပြန်စီပေးလိုက်ရ ပါတယ်။ ကိုစိုင်းလင်းသူဆိုတာ စင်္ကာပူ Fujitsu တွင်လုပ်ကိုင်လျက် ရှိသော Senior Network Engineer တစ်ဦးဖြစ်ပြီး RHC တည်ထောင်သူတစ်ဦး ဖြစ်ပါတယ်။ Seminar မှာ သူပေးခဲ့တဲ့ Message များကတော့

Discipline

ပညာတစ်ခုကို လေ့လာတဲ့အခါမှာ Discipline လို့ခေါ်တဲ့ စည်းကမ်းတစ်ခု ခိုင်ခိုင်မာမာ ရှိဖို့လိုအပ်ပါတယ်။ ဘယ်သူမှ ပေးအပ်၊တားမြစ်၊ချထားပေးတဲ့ စည်းကမ်းမဟုတ်ပဲ ကိုယ်ကိုယ်တိုင် ထားရှိတဲ့ စည်းကမ်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဥပမာ - Study Time တစ်ခု သတ်မှတ်ပြီး စာလုပ်လိုက်ပေမယ့် ယင်း Study Time မှာ မလိုလားအပ်တဲ့ အတားအဆီး၊ အနှောင့်အယှက်များ ရောထွေးလာမှုကို တားမြစ်နိုင်ခြင်း ဖြစ်ပါတယ်။ Facebook, Youtube တို့က Study Time မှာ ကိုယ့်အတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်စေနိုင်ကြောင်း ဆိုထားပါတယ်။

Passion

Passion ဆိုတာကို ဘယ်သူမှ လာဖန်တီးပေးလို့ မရပါဘူး။ ကိုယ်တိုင် မွေးဖွား တည်ရှိရမယ့် စိတ်အခံတစ်ခု ဖြစ်ပြီး လုပ်ဖြစ်စိတ်၊ ဖြစ်ချင်စိတ် ပြင်းထန်းမှု မရှိတဲ့အခါ ဘဝမှာ မအောင်မြင်နိုင် ကြောင်း ဆိုလိုခြင်း ဖြစ်ပါတယ်။ Passion မပါဘဲ ပညာရပ် တစ်ခုကို လေ့လာတဲ့အခါ ဘယ် ပညာရပ် ပဲ ဖြစ်ဖြစ် တစ်နေရာရာကို ရောက်ရင် ရပ်တန့်သွားနိုင်ပြီး အလုပ်လုပ်ရတာ အရမ်းပင်ပန်းသလို ခံစားလာရနိုင်တယ်လို့ သတိပေး ပြောဆိုပါတယ်။

Communication

Communication လို့ခေါ်တဲ့ လူမှုဆက်ဆံရေးဟာလည်း လုပ်ငန်းခွင်မှာ အင်မတန် အရေးကြီးတဲ့အကြောင်း ကိုစိုင်းလင်းသူမှ ရှင်းပြ ပါတယ်။ နိုင်ငံ တကာနဲ့ ရင်ဘောင်းတန်းလို့ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးအများစုမှာ အဓိက အခက်အခဲ တစ်ခုက Communication ဖြစ်လာပါတယ်။ လူမှုဆက်ဆံရေး ဆိုလို စကားကို ချိုချိုသာသာပြောရမယ်တို့၊ ဘာတို့ ညာတို့ ကို ဆိုလိုခြင်း မဟုတ်ပဲ Opportunity ရှာဖွေနိုင်စွမ်း၊ Community တစ်ခု တည်းမှာတင် Learning လုပ်နိုင်တဲ့အကြောင်း၊ Problem solving အတွက် လည်း ဘယ်လောက်အထိ အထောက်အကူဖြစ်တဲ့ အကြောင်း၊ မိမိကိုယ် မိမိ Expose လုပ်နိုင်တဲ့ အရည်အသွေးကြောင့် လုပ်ငန်းခွင်မှာ ဘယ်လို အောင်မြင်မှု ရနိုင်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

The power of change

လူတွေဟာ Better life, Better Salary, Better education အစရှိသဖြင့် ပိုကောင်းတဲ့ အနေအထား တစ်ခုကိုပဲ လိုချင်နေကြ၊ ရချင်နေကြ ပါတယ်။ သို့ပေမယ့် Change လုပ်ရမယ်ဆိုတဲ့အချက်ကို သတိမထားမိကြ ပါဘူး။ တစ်ခါတစ်ရံ ကျတော့ သိနေပေမယ့် ပြောင်းလဲဖို့ ဝန်လေး နေပါတယ်။ အလုပ်တစ်ခုကို ရွေးချယ်တဲ့အခါ Learn နဲ့ Earn နှစ်ချက်စလုံးကို ကြည့်တတ်ဖို့ လိုအပ်ပါတယ်။ Earn အနေနဲ့ လစာကတော့ ကောင်းကောင်းရတယ်။ သို့ပေမယ့် ကိုယ့်မှာ Learn လုပ်ခွင့် မရဘူး။ လုပ်ရတဲ့ အလုပ်က ချောင်ချောင်လည်လည် ရှိတယ်။ အားတဲ့အချိန် များတယ် အစရှိသဖြင့် ကြည့်ကြတော့ ရေရှည်မှာ ဒုက္ခရောက်တတ်ပါတယ်။ အချို့ အလုပ်ကျတော့လည်း Learn လုပ်ခွင့်ရှိပါတယ်။ Earn အနေနဲ့ ထင်သလောက်ရတာမျိုး ရှိပါတယ်။ ဒါကြောင့် Learn နဲ့ Earn သေချာ စစ်ဆေး ပြီးမှ သင့်တော်ရင် ယင်းအလုပ်ကို ရွေးချယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါဟာ The Power of Change မှာ အရေးကြီး တဲ့ message တစ်ခုပါ။

You

အထက်ပါ အချက်အလက်တွေကို ပြောနေတာဟာ သင့်အတွက်ပဲ ဖြစ်ကြောင်း ကိုစိုင်းလင်းသူက ဆိုပါတယ်။ ဘယ်သူတွေ ဘာလုပ်မယ်၊ ညာလုပ်မယ်ထက် ကိုယ်ကိုယ်တိုင် စတင်ပြောင်းလဲခြင်း၊ လုပ်လိုက်ခြင်းက အကောင်းဆုံးပဲ လို့ ဆိုပါတယ်။

Hard work beats talent, when talent doesn't work hard

ဒါဟာ သူ့ရဲ့  ကိုယ်တွေ့ဖြစ်ကြောင်း ပြောပါတယ်။ ဘယ်လောက်ပဲ ဥာဏ် ကောင်းတယ်ပြောပြော Hard Worker တစ်ယောက်နဲ့ ယှဉ်လိုက်ရင် Productivity မှာ သိသိသာသာကွာခြားကြောင်း ဆိုပါတယ်။ လူတွေဟာ ဥာဏ်မကောင်းဘူးလို့ ငြီးငြူနေတာထက် မဆုတ်မနစ် ကြိုးစားလိုက်ရင် ဥာဏ်ကောင်းပါတယ်ဆိုတဲ့ သူတွေထက် သာနိုင်ကြောင်း ဆိုပါတယ်။ နိုင်ငံတကာမှာဆိုရင်လည်း အလုပ်ကြိုးစားသူများက Talent သမားများထက် သာကြောင်း ဆိုပါတယ်။


www.facebook.com/rhctechnologies

Networking Engineer တစ်ယောက်ဖြစ်ရန် ကြိုးစားနေသူရယ်လို့ မဟုတ်ပဲ ပညာရေးနဲ့ လုပ်ငန်းခွင်မှာ အခက်အခဲကြုံတွေ့နေရသူများဟာ အားပေး ကူညီ အကြံပေးဖို့ တစ်စုံတစ်ယောက် လိုအပ်နေရင် ယင်း Facebook စာမျက်နှာသို့ ဆက်သွယ်နိုင်ကြောင်း ပြောဆိုလို့ နိဂုံးချုပ်လိုက်ပါတယ်။

.
International news for myanmar

http://www.innewsmyanmar.com/2013/07/how-to-become-computer-network-engineer.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...