
ကမ္ဘာပေါ်မှာ
ရှိတဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် နေရာတွေကို CNN သတင်း ဌာနက
သတင်းထောက် ဆာရာရိက အခုလို စုစည်းတင်ပြ ထားပါတယ်။ ကမ္ဘာလှည့် ခရီးသွား
တစ်ယောက် အနေနဲ့ အဲဒီ နေရာတွေကို ဘယ်လို သွားရတယ် ဆိုတာကိုလည်း လမ်းညွှန်
ပေးထားပါတယ်။

အန်ကောဝပ် (ကမ္ဘောဒီးယား)
အန်ကောဝပ်
ဘုရားကျောင်းဟာ ကမ္ဘောဒီးယား နိုင်ငံ စီရမ်ရိ မြို့ကနေ တုတ်တုတ် ဆိုတဲ့
သုံးဘီး ယာဉ်လေးကို မိနစ် ၂ဝ လောက် စီးသွားလျှင် ရောက်ပါတယ်။ ကမ္ဘာလှည့်
ခရီးသည် အများအပြားဟာ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလ အကြားမှာ အဲဒီနေရာကို
သွားရောက် လည်ပတ် လေ့လာ ကြပါတယ်။ အဲဒီ ကာလမှာ ရာသီဥတုက ခြောက်သွေ့ပြီး
အပူချိန်ဟာ ၂ဝ ကနေ ၃ဝ ဒီဂရီ အကြား ရှိပါတယ်။

အခရိုပိုလစ် (ဂရိ)
ဒီနေရာကို
သွားချင်လျှင်တော့ ဂရိနိုင်ငံ မြို့တော် အေသင်ကနေ ခြေကျင်
သွားနိုင်ပါတယ်။ အက်ဒရီယာနူလမ်း တစ်လျှောက်ကနေ အခရိုပိုလစ်ရဲ့ အနောက်ဘက်
ဝင်ပေါက်ကို ဝင်ရောက် နိုင်ပါတယ်။

ဂါလာပါးဂေါ့ ကျွန်းများ (အီကွေဒေါ)
အီကွေဒေါ
ကုန်းမြေမကြီးကနေ ကီလိုမီတာ ၁ဝဝဝ နီးပါး အကွာမှာ တည်ရှိတဲ့
ဒီကျွန်းစုတွေကို မြို့တော် ကွီတိုနဲ့ ဂွာယာကွီတို့ ကနေ လေကြောင်း
ခရီးစဉ်တွေနဲ့ သွားလာနိုင် ပါတယ်။ နေ့စဉ် ပြေးဆွဲနေတဲ့ သင်္ဘော ခရီးစဉ်
တွေကနေ ဒီကျွန်းတွေကို သွားလာ လည်ပတ်ပြီး စူးစမ်း လေ့လာဖို့
အကောင်းဆုံးပါပဲ။

ပုဂံ (မြန်မာ)
မြန်မာ
နိုင်ငံရဲ့ အနောက် အလယ်ပိုင်းမှာ တည်ရှိတဲ့ ပုဂံဒေသကို လေကြောင်း၊
အဝေးပြေးကား၊ ရထားတွေနဲ့ ရန်ကုန်မြို့ကနေ တစ်ဆင့် သွားရောက် နိုင်ပါတယ်။
တည်းဖို့၊ ခိုဖို့ နေရာထိုင်ခင်း ကိုတော့ ပုဂံဒေသနဲ့ ညောင်ဦး
ပတ်ဝန်းကျင်က နေရာတွေမှာ ရရှိနိုင် ပါတယ်။

ဂရိတ်ဘယ်ရီယာ သန္တာကျောက်တန်း (သြစတြေးလျ)
ကြီးမားတဲ့
ဒီသန္တာ ကျောက်တန်းတွေကို သွားဖို့ကတော့ သြစတြေးလျ ပြည်မကြီးကနေ လေကြောင်း
ခရီးစဉ်တွေနဲ့ ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးထားပါတယ်။ မြောက်ပိုင်း
ကွင်းစလန်း ပြည်နယ်ရဲ့ဆိပ်ကမ်း မြို့လေးကနေ တစ်နေ့တာ ခရီး အဖြစ်နဲ့လည်း
သွားလာ နိုင်ပါတယ်။

ဟမ်ပီကျေးရွာ (အိန္ဒိယ)
ဟမ်ပီဒေသကို
အိန္ဒိယ နိုင်ငံ ဂိုအာမြို့ကနေ ညလုံးပေါက် အဝေးပြေး ကားစီးပြီး သွားရောက်
နိုင်ပါတယ်။ ဒီကျေးရွာ အနီးမှာရှိတဲ့ ဟော့စပက် မြို့ကိုလည်း ချင်းနိုင်၊
မွမ်ဘိုင်း၊ ဘန်ဂလော၊ ဒေလီနဲ့ ကိုးလ်ကတ္တား မြို့တို့ကနေ မီးရထားနဲ့
သွားရောက် နိုင်ပါတယ်။

အီဂွာဇူး အမျိုးသား ဥယျာဉ် (ဘရာဇီးနှင့်အာဂျင်တီးနား)
ဖွံ့ဖြိုး
တိုးတက်မှု နည်းပါးပေမဲ့ စိမ်းလန်း စိုပြည်ပြီး လူနေ ထူထပ်မှု မရှိတဲ့
ဘရာဇီး နိုင်ငံဘက်က ရေတံခွန်တွေ တည်ရှိတဲ့ အခြမ်းကိုတော့ ဖော့ဒိုအီဂွာကူ
မြို့ကနေ နာရီဝက်လောက် ဘတ်စကားနဲ့ သွားရင် ရောက်နိုင်ပါတယ်။ အာဂျင်တီးနား
နိုင်ငံဘက်က ရေတံခွန်တွေ ကတော့ ပွာတိုအီဂွာဇူး ဒေသမှာ တည်ရှိပါတယ်။
ဘရာဇီးနဲ့ အာဂျင်တီးနား နှစ်နိုင်ငံကို ရေတံခွန် ကြားမှာရှိတဲ့
မြစ်တစ်စင်းက ခြားနေတာကြောင့် တံတားထိုးပြီး ဆက်သွယ် ထားပါတယ်။

မာချူပီချူး (ပီရူး)
တောတွင်းကနေ
ခြေကျင် သွားလာလျှင် မာချူပီချူးကို ရောက်ဖို့က ရက်ပေါင်းများစွာ ကြာမြင့်
နိုင်ပေမဲ့ ကက်စကိုကနေ အဂူအာကယ်လီယန် တက်ကို မီးရထားနဲ့လည်း သွားလာလို့
ရပါတယ်။ နေ့စဉ် ပထမဆုံး ရောက်ရှိတဲ့ ခရီးသွား ၄ဝဝ ကိုသာ
ဝေနာပီချူးလို့ခေါ်တဲ့ မာချူပီချူးကို အပေါ်စီးကနေ ကြည့်ရှုနိုင်တဲ့ နေရာကို
ဝင်ခွင့် ပြုပါတယ်။

ပီထရာ (ဂျော်ဒန်)
ဂျော်ဒန်နိုင်ငံ
မြို့တော်အမ္မန်နဲ့ ဆိပ်ကမ်းမြို့ ဖြစ်တဲ့ အက်ကွာဘာကနေ အဝေးပြေး
ကားတွေနဲ့ တစ်နေ့တာ သို့မဟုတ် ညလုံးပေါက် ခရီးသွားလာ နိုင်ပါတယ်။
အီဂျစ်နဲ့ အစ္စရေး အပန်းဖြေမြို့ ဖြစ်တဲ့ အီလက်တို့က နေလည်း သွားလာနိုင်တဲ့
ခရီးစဉ်တွေ ရှိပါတယ်။

ဂီဇာ ပိရမစ်များ (အီဂျစ်)
နိုင်းမြစ်တစ်လျှောက်
ကိုင်ရိုမြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၂၅ လောက်သာ ဝေးတဲ့နေရာမှာ
တည်ရှိပြီး မြို့တော် ကိုင်ရိုကနေ တစ်နေ့တာ ခရီးအဖြစ် အလွယ်တကူ သွားလာ
နိုင်ပါတယ်။
ဆီဂျီးရီးယား (သီရိလင်္ကာ)
သီရိလင်္ကာ
နိုင်ငံ အလယ်ပိုင်းမှာ ရှိတဲ့ ဒီနေရာဟာ ကန်ဒီမြို့ကနေ ဘတ်စကားနဲ့ ၂ နာရီကနေ
၃ နာရီ အကြာ ခရီးနဲ့ သွားရောက် နိုင်ပါတယ်။ ကန်ဒီမြို့ကနေ စုပေါင်း
သို့မဟုတ် တစ်ဦးချင်းလည်း သွားရောက် နိုင်ပါတယ်။

ဗင်းနစ်မြို့နှင့် ရေကန်များ (အီတလီ)
ဗင်းနစ်မြို့ကို
အနီးမှာရှိတဲ့ မာကိုပိုလိုနဲ့ ထရီဗစ်ဆို လေဆိပ်တွေကနေ သွားရောက် နိုင်သလို
မြို့ရဲ့မြောက်ပိုင်းမှာ ရှိတဲ့ ဗင်နီဇီယာ ဆန်တာလူစီယာ မီးရထား ဘူတာရုံ
ကနေ တစ်ဆင့်လည်း သွားရောက် နိုင်ပါတယ်။

Yellow Stone အမျိုးသားဥယျာဉ် (အမေရိကန် ပြည်ထောင်စု)
အနီးဆုံး အဓိက လေဆိပ်ဖြစ်တဲ့ ဝိုင်အိုမင်း
ပြည်နယ် ဂျက်ဆင်ဟိုးကနေ ကီလိုမီတာ ၁ဝဝ လောက် ပတ်ဝန်းကျင်မှာ တည်ရှိပြီး
အဓိက ဝင်ရောက်နိုင်တဲ့ နေရာငါးခု ရှိပါတယ်။ ခရီးသွား အများစုဟာ
ဥယျာဉ်တစ်လျှောက် ကားနဲ့မောင်းပြီး လှည့်လည် ကြည့်ရှု ကြပါတယ်။
http://www.myawady.com.mm/
No comments:
Post a Comment