စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသည်းကင်ဆာရောဂါဆိုတာ ဘာလဲ



ဇူလိုင်လ ၅ ရက် ၂၀၁၃

ရောဂါလက္ခဏာကတော့ ဘယ်လို့ ဖြစ်တာလည်း ဆိုရင် ၀မ်းဗိုက် ညာဘက် တစ်ခြမ်းအောင့်တယ်။ ဒါမှမဟုတ် အဲဒီနေရာမှာ အလုံးပေါ်လာ တတ်ပါ တယ်။ ကျန်းမားရေးအတွက် သွေးစစ် ကြည့်လိုက်ပါက သွေးများထဲ့တွင် အယ်လဖာဖီတိုပရိုတင်း (Alphafeto Protein-AFP) 500ng/ml ထက်များနေပြီးဆိုရင် အသည်းကင်ဆာဖြစ်နိုင်ချေ တော်တော် များနေ ပါတယ် ။ (Utrasound) ဗိုက်ကိုရိုက်ကြည့်ရင် အသည်းကင်ဆာအလုံး ကို တွေ့မှာပေါ့။ ထပ်မံပြီး ပိုမိုေ...သချာအောင် စစ်ချင်တယ် သေချာ တိကျမှု့ ဖြစ်ချင်တယ်ဆိုရင်တော့ (CT Scan) ရိုက်ကြည့်လိုက်ပါက အားလုံးရှင်းရှင်းလင်းလင်း အသည်းဖြစ်နေတာကို အမြင်ရှင်း စွာ တွေ့ မြင်နိုင်ပါလိမ့်မည် ။


ကျွန်တော် အသည်းကတော့ ကောင်းတယ် လို့ ပြောနေတတ်ကြပါတယ် မှန်ပါတယ် အသည်းအကောင်းကြီးကနေ အသည်းကင်ဆာ တော့ ချက်ခြင်းလက်ငင်းတော့ ဖြစ်မလာနိုင်ပါဘူး ဘယ်လို့ အချိန်ကာလတွေမှာ ဖြစ်လာသလဲဆိုတာ အသည်းခြောက်ရောဂါရှိတဲ့လူတွေသာ တစ် ချိန် ချိန် မှာ အသည်း ကင်ဆာဖြစ်ဖက်ကို ပြောင်းလဲ ဖြစ်ပေါ်လာတတ်ပါသည် ။
ခြောက်နေတဲ့ အသည်းကသာ ကင်ဆာဖြစ်စေရန် အတွက် ခြောက်လာနေ လာလို့  ပြီး တော့လည်း အသည်းကင်ဆာအတွက် အဓိက အကြောင်း အရင်းလည်း ဖြစ်ပါတယ် ။ ရောဂါဖြစ်စဉ်ကို အဓိကပြောရရင်တော့ အသည်းရောင်အသားဝါရောဂါ ဘီပိုး၊ စီပိုးနဲ့ အရက်ပါလို့ ဆိုရပါလိမ့်မည်။
ဘီပိုး၊ စီပိုးရှိမှန်းသိပြီး ဘာမျှလည်း မစစ်ဆေး၊ မကုသ၊ မဆင်ခြင်၊ လုပ်ချင် သလို လုပ် မဟုတ်လည်း သေမှာဘဲ ဖြစ်တော့ရော ဘာဖြစ်လည်း ၊ နေချင် သလိုနေတဲ့ လူနည်းစုမှာသာ အသည်းခြောက်ပြီးမှ အသည်း ကင်ဆာ ဖြစ် တတ်တာပါ။

အခုလို့ အသည်းရောဂါဖြစ်ရင်ရော့ ကုသလို့ မရနိုင်ဘူးလား လို့ မေးနိုင် စရာရှိ ပါတယ် ဒိလို လည်း မဟုတ်သေးပါဘူး ယခုခေတ်မှာ အသည်း ကင်ဆာကို ပျောက်အောင် ကုသနိုင်ပါတယ် လို့ ပြောချင်ပါတယ် ။

ဘယ်လို တွေကြောင့် ပျောက်အောင်ကုနိုင်တာလည်းလို့ ပြောရရင် ။ စောစောစီးစီး ကင်ဆာအလုံးလေး သံပုရာသီးလောက် အဆင့်မှာ သာတွေ့ရင် အသည်းအစားထိုးကုလိုက်ရင် ပျောက်ပြီတယ် ။ အလုံး က သေးလို့ရှိရင် ခွဲထုတ်ပစ်လိုက်ရင်လည်း ရပါတယ်။ ဒါမှ မဟုတ် ဆေးရည် ထိုးသွင်းကုသခြင်းဖြစ်သည့် ကင်ဆာ အလုံးသေးလေးတွေ ကို ပျော်သွား ပြီး ပျောက်သွားအောင် ဓာတုဗေဒ အရက်ပြင်း (Absolute Alcohol) ကို ကင်ဆာအလုံးထဲထိုးကုတဲ့ (Percutaneous Ethanol Injection) နည်း လည်း ရှိပါတယ်။ နည်းမျိုးစုံထဲ့က ကောင်းသည့်နည်းတွေလည်း တိုးတက် ကုနိုင်တာကတော့ အဲဒီလိုအလုံးသေးလေးတွေက
(Rediofrequency Ablation Theraphy )ခေါ်တဲ့ ဓာတ်ရောင်ခြည် လှိုင်း အပူနဲ့ ခြေပစ်ရင်လည်းရနိုင်ပါတယ် ။

အခုခေတ်ကာလ ခေတ်စား ကုသနည်းကတော့ပေါင်မှ သွေးကြော ကနေ အသည်းကင်ဆာလုံးထဲကို တိုက်ရိုက် ဆေးသွင်းပြီး ကုတဲ့ (Trans Arterial Chemo Embolization – TACE) နည်းဘဲဖြစ်ပါတယ် အလုံး အရွယ်စားကြီးနေတာကိုတော့ ပျောက်အောင်မကုသနိုင်ပေမဲံ့  သေးငယ်နေသော အလုံးကိုတော့ သက်သာ ပျောက်ကင်အောင်ကုသနိုင်သည့် အခုခေတ် ကုထုံးတမျိုးဘဲဖြစ်ပါတယ်


ဒီလို့ အသည်း ကင်ဆာဖြစ်ပြီဆိုရင် လူနာရော လူနာနှင့် ပတ်သက်သည် မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေပါ ပျာတော့တာပဲ။ ဟို သူကောင်း တယ် ဒီလူကောင်း ဆရာတော်လည်း ကောင်းတယ် ကောင်းတာတွေ စုံလင်အောင်စုံစမ်းသိအောင်လုပ်ကြတတ်ပါသည် ။တချို့ ကလည့် ကင်ဆာဆိုတာလည်း ကုမရတော့ ဘူး၊ ပြောတဲ့လူကပြော။ ဟိုဆေးမြီးတို ဒီဆေးမြီးတို၊ မန်းတာမှုတ်တာ စုံလို့ပြောကြတော့ လူနာရှင်နဲ့ မိသားစု အားလုံးကတော့ နားယောင်တော့တာပါဘဲ။

အထက်မှာ ရေးသားခဲ့သလို့  ခေတ်မီ သိပ္ပံနည်းကျကုထုံးတွေနဲ့ အချိန်မ လွန်ခင်၊ စနစ်တကျစမ်းသပ်စစ်ဆေးပြီးကုပနိုင်ပါသည် ။ အခုပြောမှာက ကံကောင်းရင် အသည်းကင်ဆာ လုံးဝပျောက်နိုင်ပါတယ်။ခင်ဗျာပြော မှ လားလို့ မေးနိုင်ပါတယ် မကျန်အောင်လို့ ရေးပေးလိုက်တာပါ ။
အသည်း ကင်ဆာ ဖြစ်စေတတ်တဲ့ အရာတွေဟာ ကာကွယ်လို့ရတယ်။ အသည်းရောင် ဘီပိုးမ၀င်အောင် ကာကွယ် ဆေးထိုးထားပါ စီပိုးမ ၀င်အောင် သွေးနဲ့မထိနဲ့၊ အရေပြားဖောက်မယ့် လုပ်ဆောင်မှု မှန်သမျှ ကိုတော့ ပိုးသန့် စစ်ပါစေ ။အသည်းကာကွယ်ဆေးထိုး ထားခြင်းဖြင့် လည်း ကာကွယ်နိုင်ပါသည် ။

အရက်သောက်တာလည်း အလွန်အကျွံ စည်းမရှိကမ်း မရှိ သောက်လွန်း တဲ့သူတွေမှာလည်း အသည်း ကင်ဆာဖြစ်တတ်ပါတယ်။

ဒါကြောင့် ……….

(အရက်ကို လူငယ်များ ရည်စားနဲ့ ကွဲလို့သောက်သောက် မိန်းမနဲ့ ဘာဖြစ်လို့  အလုပ်အကိုင်တွေမကောင်းလို့  လုပ်ရတာတွေပန်းလို့  လုပ်ငန်းတွေ အစဉ်ပြေလို့  စသည့် ဘယ်လို့ အကြောင်းကြောင့် ဖြစ်ဖြစ် မနေနိုင်လို့ သောက်မယ်ဆိုလည်း စည်းကမ်းလေးထားပြီး မိမိရဲ့ အသည်းကို သနားခြင်းအားဖြင့် အရက်ကိုတော့ စည်းကမ်းထား သောက်သုံးပေးပါလို့  .


https://www.facebook.com/photo.php?fbid=438927632871740&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...