စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ အကြီးမားဆုံး တင်ပါးဆုံကြီးကို ပိုင်ဆိုင်ထားသည့် လော့စ်အိန်ဂျလိစ်မှ မီခဲလ်ရက်ဖိုင်းလီ



By Myawady News, on July 9th, 2013

လော့စ်အိန်ဂျလိစ် မြို့တွင် နေထိုင်သော ကလေးလေးယောက် မိခင် မီခဲလ် ရက်ဖိုင်းလီ အမည်ရှိ အမျိုးသမီး တစ်ဦးသည် ကမ္ဘာ့အကြီးမား အကျယ်ပြန့် ဆုံး တင်ပါးဆုံကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ သူမ၏ ခန္ဓာကိုယ် အလေးချိန်သည် ပေါင် ၄၂ဝ ရှိပြီး သူမ၏ တင်ပါးအဝန်းအဝိုင်း
မှာ အံ့သြဖွယ်ရာ ရှစ်ပေခန့်မျှ ရှိလေသည်။

အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သော မီခဲလ်၏ အရပ်မှာ ငါးပေ လေးလက်
မသာ ရှိခြင်းကြောင့် သူမ တင်ပါး၏ ကျယ်ပြန့်မှုသည် သူမ၏ အရပ်ထက်ပင် ပို၍ သာနေသေးသည်။ သို့သော် သူမ အနေဖြင့် မည်သည့် ကိုယ်နေ ဟန်ထားမျိုးကိုမျှ လိုချင်လိမ့်မည် မဟုတ်ဟု မီခဲလ်က ပြော ကြားထားသည်။

လက်ရှိ မိမိ၏ ခန္ဓာကိုယ် အနေအထားကို နှစ်သက်ကြောင်း၊ မိမိ၌ ၎င်း ခန္ဓာကိုယ်နှင့် ပတ်သက်၍ မည်သည့် ကျန်းမာရေး ချို့ယွင်းမှုမှ မရှိခြင်းကြောင့် ကိုယ်အလေးချိန် လျှော့ချရန် အကြောင်း မရှိဟုလည်း ထင်မြင်မိကြောင်း၊ အမျိုးသား များသည် ပါးလျသော မိန်းကလေးမျိုး များ
ကို သဘောမကျ တတ်ကြောင်း၊ ၎င်းတို့သည် သဲနာရီ တစ်လုံးကဲ့သို့ အဝန်း အဝိုင်းမျိုး ရှိသူကိုသာ နှစ်သက် တတ်ကြကြောင်း ခါးနံပါတ် လက်မ ၄ဝ ခန့်ရှိသော မီခဲလ်က ရှင်းလင်း ပြောကြားထားသည်။

ဂျနီဖာလိုပက်စ်၊ ကင်မ်ကာဒစ်ရှန်နှင့် ဘီယွန်းစေးတို့ ကဲ့သို့ နာမည်ကျော် များသည်လည်း သူမ၏ အဆိုကို ထောက်ခံကောင်း ထောက်ခံ ပေလိမ့်မည်။ မီခဲလ်သည် တံခါးပေါက်များကို ဝင်ထွက်ရာတွင် ဘေးစောင်း ဝင်ထွက်ရလေ့ ရှိပြီး သူမ တင်ပါးသည် ပုံမှန်ကားနှင့် မဆံ့သောကြောင့် ကုန်ကားကို သာ မောင်းနှင် ရလေသည်။

ကမ္ဘာ့ အကြီးမားဆုံး တင်ပါးဆုံကြီးကို ပိုင်ဆိုင်ထားသည့် မီခဲလ်သည် အိမ်၌ ရှိစဉ်တွင် စတီးဒေါက် များပါသည့် အထူး ပြု လုပ်ထားသော ကုလားထိုင်ဖြင့်
သာ ထိုင်ရပြီး ၇ ပေ အကျယ်ရှိသော အိပ်ရာဖြင့်သာ အိပ်စက်ရသည်။ မီခဲလ်၏ အမာခံ ပရိသတ်မှာ သူမ၏ ခင်ပွန်းရတ်ဂီ ဘရွတ်ခ်ပင်ဖြစ်သည်။ ဘရွတ်ခ်သည် အသက် ၄ဝ အရွယ်ရှိပြီး ကွန်ပျူတာ ပညာရှင် တစ်ဦးဖြစ်ပြီး ၎င်းတို့ လက်ထပ်ပြီးသည်မှာ ၁ဝ နှစ်ပင် ရှိပြီ ဖြစ် သည်။

မီခဲလ်သည် ဆယ်ကျော်သက် ဘဝက အားကစား လိုက်စားသူ တစ်ဦးဖြစ်ပြီး ကိုယ်အလေးချိန် မှာလည်း ပေါင် ၁၄ဝ သာရှိသည်။ သူမသည် အသက် ၂၂ နှစ် အရွယ်တွင် ယခင် အိမ်ထောင်ဖြင့်ရသော ပထမဆုံး ကလေး အင်ဒရူးကို မွေးဖွားခဲ့သည်။ ထိုကလေး မွေးပြီးသည့် အချိန်မှစ၍ သူမ၏ ကိုယ်အလေးချိန်မှာ မြင့်တက် လာခဲ့ ခြင်းဖြစ်သည်။

ထိုစဉ်က သူမ၏ ကိုယ်အလေးချိန်သည် ၁၈၂ ပေါင် ရှိခဲ့ရာမှ ၂၃၈ ပေါင်အ
ထိ တိုးမြင့်လာခဲ့ သည်။ ထို့နောက် ရတ်ဂီဘရွတ်ခ်နှင့် တွေ့ဆုံ လက်ထပ်ပြီး ၁ဝ နှစ်ကျော် အတွင်း သူမသည် ကလေးသုံးဦး ထပ်မံ မွေးဖွားခဲ့သည်။ သူမ၏ အလေးချိန်သည် လည်း ပေါင် ၄၂ဝ ထိအောင် မြင့်တက် လာခဲ့သည်။

မိမိ၏ ကိုယ်အလေးချိန် အများစု မည်သည့် အကြောင်းကြောင့် တင်ပါးတွင်သာ သွားရောက် စုဝေး နေသည်ကိုမူ မသိကြောင်း မီခဲလ်က ပြောကြားထားသည်။ မီခဲလ်သည် တစ်နေ့လျှင် ကယ်လိုရီ
၃ဝဝဝ မျှ ပုံမှန် စားသုံးလေ့ ရှိသည်။ ကယ်လိုရီ ၃ဝဝဝ မှာ အလွန်များ သည်ဟု ထင်ရသော်လည်း ၎င်းကဲ့သို့ ခန္ဓာကိုယ်မျိုး ရှိသူအဖို့မူ မပြောပ လောက်ကြောင်း၊ သူမသည် နံနက်စာကို ကြက်ဥနှစ်လုံး၊ ဝက်အူချောင်းနှင့် ဝက်ပေါင်ခြောက်တို့ အပါအဝင် အာလူးကြော် များကိုလည်း စားသုံးလေ့ရှိကြောင်း နေ့လယ်စာကို ငါးကြော်နှင့် အာလူးချောင်းကြော် စားလေ့ရှိသော်လည်း ညစာကိုမူ သူမ နှစ်
သက်သည့် အစားအစာများကို အများဆုံး စားသုံးကြောင်း မီခဲလ်က ဝန်ခံ ပြောကြားထားသည်။

နေခရမ်း

https://www.facebook.com/photo.php?fbid=440569789374191&set=a.351047714993066

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...