စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အနာတရဖြစ်သည့် ငှက်ကို ပြန်ကောင်းအောင် ပြုစုပေးနေသည့် ကွန်းခိုရာ





By Myawady News, on July 9th, 2013

ပုဂ္ဂလိက ဂျက်လေယာဉ် တစ်စင်းဖြင့် ဝင်ဆောင့်ခြင်း ခံလိုက်ရသော ဦးခေါင်းနှင့် အမြီးဖြူ လင်းယုန်ငှက် တစ်ကောင် သည် လေဆိပ် ပြေးလမ်းပေါ်တွင် တဖျပ်ဖျပ်နှင့် ချည့်နဲ့စွာ ပြေးလွှား နေကြောင်း မွန်နာရတ်ဂျာ (Mona Rutger) ထံသို့ ဖုန်းသတင်း ရောက်ရှိလာခဲ့သည်။

တောရိုင်းတိရ စ္ဆာန် အမျိုးမျိုး ဤသို့ ဒုက္ခရောက် နေကြောင်း မကြာခဏ သူမထံ သတင်း ရောက်လာလေ့ ရှိသည်။ သို့သော်လည်း လူတိုင်းက '' သဘာဝ အတိုင်း ဖြစ်တာမို့လို့ ဒီအတိုင်း ထားလိုက်ပါ'' ဟု ပြောလေ့ရှိကြောင်း အစိုးရ အသိအမှတ်ပြု တောရိုင်း တိရ စ္ဆာန် ပြန်လည်ကောင်းမွန်အောင် ပြုစု ပေးနေသူ ရတ်ဂျာက ရှင်းပြသည်။ ဒါပေမဲ့လည်း ဒဏ်ရာရခဲ့ကြတဲ့ သတ္တဝါ ၉ဝ ရာခိုင်နှုန်းဟာ လူတွေကြောင့် ဖြစ်ခဲ့ရတာပါ။

သဘာဝ အတိုင်းဖြစ်တာ မဟုတ်ပါဘူး။ ရတ်ဂျာသည် သူမ၏ အဖွဲ့ဝင်တစ်ဦအား စေလွှတ်ပြီး ဒဏ်ရာရ ငှက်ကို သူမ၏ အိုဟိုင်းယိုးနယ်၊ ကာ့စတားလီးယားမြို့ရှိ ပြန်လည်ထူထောင်ရေး စင်တာသို့ ယူဆောင်လာ စေသည်။ ၎င်းငှက် တည်ငြိမ်စပြုသည်နှင့် တိရ စ္ဆာန် ဆေးကုဆရာဝန်ထံ ခေါ်ဆောင်ပြီး ပြသပေးသည်။ အဆိုပါ လင်းယုန်ငှက် ၏ တောင်ပံတွင် ပင်သုံးခု ထည့်သွင်းပေးလိုက်သဖြင့် ၎င်းငှက်သည် သွက်သွက်လက် လက်နှင့် ပျံသန်းနိုင်ပြီ ဖြစ်သည်။ ရတ်ဂျာသည် အကျိုးအမြတ် မယူဘဲ ကူညီပေးနေသူ ဖြစ်သည်။

၁၉၉ဝ ပြည့်နှစ် ကတည်းက သူမသည် ဒဏ်ရာရ မိဘမဲ့နေရင်း နေရာမှ ဖယ်ရှားခံကြရသည့် ဒုက္ခရောက် တိရ စ္ဆာန် ၄၂ဝဝဝ ကျော်ကို ကယ်ဆယ် ပေးနိုင်ခဲ့သူ ဖြစ်သည်။ ၎င်းတို့အနက် ၆ဝ ရာခိုင်နှုန်းသည် ပြန်လည် ကောင်း မွန် နေကြပြီဖြစ်၍ သူတို့၏ သဘာဝအတိုင်း ကျက်စားရာ ဒေသသို့ ပြန်လွှတ်ရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။ ရတ်ဂျာနေထိုင်ရာ ဒေသတွင် ဒဏ်ရာရ တောရိုင်း တိရ စ္ဆာန်များကို တရားဝင် ပြုစု စောင့်ရှောက်ခွင့် လိုင်စင် မရှိသဖြင့် လွန်ခဲ့သည့် အနှစ် ၂ဝ ကျော်က သူမကို တောရိုင်း တိရစ္ဆာန် ပြန်လည် ထူထောင်ပေးသူ အဖြစ် လိုင်စင်

ထုတ်ပေး ခဲ့သည်။ 
 
တစ်နှစ်လျှင် ဒုက္ခရောက်နေသည့် တိရစ္ဆာန် ၂ဝ မှ ၃ဝ ခန့်ကို သူမအနေဖြင့် ပြုစုစောင့်ရှောက် ပေးနိုင်မည်ဟု ယူဆ ခဲ့သော်လည်း သူမ၏ အိမ်နောက်ဘက်မှ ကွန်းခိုရာသည် တစ်နေ့ ၂၄ နာရီ သီတင်းတစ်ပတ် ခုနစ်ရက် ဖွင့်လှစ် ထားရှိသဖြင့် သူမ၏ အဖွဲ့သားများသည် တစ်နှစ်လျှင် တိရစ္ဆာန် ၂၅ဝဝ ကျော်ကို ကယ်ဆယ်ပေး နေရပေသည်။

အဆိုပါ အုပ်စုသည် ဒဏ်ရာ ရရှိနေသည့် တောရိုင်းတိရစ္ဆာန် အမျိုးမျိုးတွင် လျှပ်စစ် ဓာတ်အားလိုင်းများ ကြောင့် ဒဏ်ရာရသော ငှက်များ၊ ထရပ်ကားများ တိုက်မိသည့် လိပ်များ၊ တောကြောင်ရိုင်းများကို အိမ်မွေး တိရစ္ဆာန်များ အဖြစ် မွေးမြူရန် ခြေသည်း၊ လက်သည်း ဖြတ်၍ ဒဏ်ရာရနေသည့် အကောင်များ ပါဝင်နေသည်။ တစ်နှစ် လျှင် ထောင်သောင်းချီသော လူများ လာရောက် လေ့လာခဲ့ကြရာတွင် အများဆုံးသည် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ဖြစ်သည်။ 

သူတို့အနေဖြင့် သဘာဝ လောကကြီးတွင် ဤသတ္တဝါများ မည်ကဲ့သို့ သဟဇာ တဖြစ်အောင် နေထိုင်စားသောက် နေကြသည်ကို လေ့လာခွင့် ရရှိခဲ့ကြသည်။ ရတ်ဂျာ အနေဖြင့် ဤပြုစု စောင့်ရှောက်ရေး စင်တာကို ဖွင့်လှစ်ကတည်းက ဤနေရာသို့ လူတစ်သန်းကျော် လာရောက် ကြည့်ရှုခဲ့ကြ ပြီး ဖြစ်သည်။ သတ္တဝါ တချို့ကို သဘာဝ တောအတွင်း ပြန်လွှတ်ရန် သင့်လျော်ခြင်း မရှိသဖြင့် စင်တာအတွင်းမှာပင် ဆက်လက် ထားရှိပြီး ပညာပေးရေး အစီအစဉ်များ ဆောင်ရွက်ပေး ထားသည်။ ရတ်ဂျာ၏ အဖွဲ့အစည်းသည် ပုဂ္ဂလိက၏ လှူဒါန်းမှု အပေါ်တွင် လုံးဝ မှီခိုအားထား နေရ ပေသည်။
ဦးတိုး (တက္ကသီလ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...