စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခရီးသည်တင် စူပါဘတ်စ်ကား



1/7/2013

Super Bus Project ကို ၂၀၀၄ ခုနှစ်ကတည်းက Delft University of Technology (TU Delft) က စတင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်
ပါတယ်။ Formula 1 ပြိုင်ကား နည်းပညာတွေကို အသုံးပြုထားပြီး တစ်နာရီကို 160mph နှုန်းနဲ့ မောင်းနှင်မှာ ဖြစ်ပါတယ်။ ခရီးသည် ၂၃ယောက်ကို သက်တောင့်သက်သာ စီးနိုင်အောင် စီမံထားပြီး၊ လူချမ်းသာတွေအတွက် အဆင့်မြင့် Luxury Bus ပဲဖြစ်ပါတယ်။ အိမ်တိုင်ရာရောက် ပိုဆောင်ပေးမှာဖြစ်ပါတယ်။ ၂၀၀၄ခုနှစ်ကတည်းက စတင်တည်ဆောက်ပြီး၊ စမ်းသပ်မှုပေါင်းများစွာ လုပ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Ducth နည်းပညာဖြင့် တည်ဆောက် ထားတာဖြစ်ပြီး 15meter ရှည်လျားပါတယ်။ တံခါး (၈)ပေါက် တစ်ဖက်စီမှာ ပါရှိပါတယ်။ အဆင့်မြင့် စီဒင်ကားတစ်စီး ပုံစံကဲ့သို့ စမ်းသစ်လှပပြီး သက်သက်သာသာနဲ့ Bus ကားစီးနိုင်မှာ ဖြစ်ပါတယ်။ ခရီးသည် တစ်ယောက်ခြင်းစီအတွက် Multimedia Equipments တွေ တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ Dubai မှာတော့ Superbus အတွက် Superbustrack လမ်းကြောင်း သီးသန့်နဲ့
မြန်နှုန်းမြင့် ခရီးသည်တွေကို ပို့ဆောင်ပေးတော့မယ်လို့ သိရပါတယ်။ တံခါးခြောက်ပေါက်ပါ Limo ကားတွေထပ် အခုကတော့ တံခါး ၂၀ပေါက် ပါမဲ့ အဆင့်မြင့် Electronic Power သုံး Bus ကားပဲဖြစ်ပါတယ်။

ကားကိုယ်ထည်ကို Carbon Fiber-epoxy composite နဲ့ တည်ဆောက်
ထားပြီး ရှေ့ပိုင်းနဲ့ နောက်ပိုင်း ကိုယ်ထည်ကိုတော့ Aluminium ဖြင့် တည်ဆောက်ထားပါတယ်။ ထို့ကြောင့် ပေါ့ပါးပြီး မာကြောကာ ခံနိုင်ရည်
ရှိမှာ ဖြစ်ပါတယ်။ ကိုယ်ထည်က လမ်းနဲ့ 40cm ပဲကွာမှာဖြစ်ပြီး
မြန်နှုန်းမြင့် 250km/h နဲ့ SuperTrack လမ်းမှာ မောင်းမယ်ဆိုရင် 7cm အထိ လျှော့ချသွားမှာ ဖြစ်တယ် လို့ဆိုပါတယ်။ (မြန်မာပြည်က လမ်းတွေမှာတော့ ဘယ်လိုမှ သွားလို့ရမှာ မဟုတ်ပါဘူး။)

Formula 1 နည်းပညာ၊ Aerospace နည်းပညာ အစရှိတဲ့ အဆင့်မြင့်
နည်းပညာ တွေကို သုံးစွဲပြီး ခရီးသည်တွေ လိုရာကို ပို့ဆောင်ပေးဖို့ အနာဂတ်အတွက် ပို့ဆောင်မှု ပုံစံ အသစ်ဖြစ်ပါတယ်။

Video

http://www.youtube.com/watch?v=qWn96Zo7fbY
http://www.youtube.com/watch?v=Cclp4SJGB90&context=C34c971eADOEgsToPDskKeKFN
http://www.superbusproject.com/

ColayAutomobile

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...