စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခင်ပွန်း ရဲ့  ငယ်ပါ ဖြတ်တဲ့ အမျိုးသမီး ထောင်ဒဏ်တစ်သက်အပြစ်ပေး


Monday, 01 July 2013

ခင်ပွန်း ဖြစ်သူ အိပ်ပျော်နေစဉ်မှာ ငယ်ပါကို ဓားနဲ့  ဖြတ်ပြီး အမှိုက်ပုံးထဲ လွှတ်ပစ်ခဲ့တဲ့ အသက် ၅၀ နှစ်အရွယ် ကတ်သရင်းကူရ် ကို ကာလီဖိုးနီးယား ခရိုင် Orange County တရားရုံးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက် ပါတယ်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ လက်ထပ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လမှာ ခင်ပွန်း
ဖြစ်သူ အိပ်ပျော်နေခိုက် ခြေတွေ ၊ လက်တွေကို ကုတင်တိုင်နဲ့ တုပ်ချီ
နိုးလာတဲ့အချိန်ကျတော့ ဘောင်းဘီကို ဆွဲချွတ်ပြီး ငယ်ပါ ကို ဓားနဲ့  ဖြတ်ခဲ့ တာ ဖြစ်ပါတယ်။ ခင်ပွန်း က နိုးလာပြီး သူ့ရဲ့  ပြတ်သွားတဲ့ ငယ်ပါကို ပြန်ပေး ဖို့  အော်ဟစ်တောင်းဆိုပေမယ့်လည်း ကတ်သရင်းကအမှိုက်ပုံးထဲ လွှတ်ပစ်
ပြီး ဖြစ်နေပါပြီ။

ငယ်ပါ ကို မဖြတ်ခင်မှာ ကတ်သရင်းနဲ့  သူ့ ခင်ပွန်း ဟာ သူငယ်ချင်း ဖြစ်သူ အိမ်မှာ ခေတ္တ လာတည်းမယ့် အရေးအတွက် အခြေအတင် စကားများခဲ့ကြ ပါတယ်။ နောက်တော့ သူ့ ခင်ပွန်းက အိပ်ယာအရင်ဝင် သွားခဲ့ပါတယ်။

ငယ်ပါ ကို သူခိုး က ဖြတ်ယူ

ကတ်သရင်း ကပဲ ဆေးရုံကို ဖုန်းဆက် ပြီး ငယ်ပါအဖြတ်ခံရလို့  သွေးထွက်
နေတဲ့ သူ့ ယောင်္ကျားကို အရေးပေါ်ယာဉ်နဲ့  ဆေးရုံကို ပို့ ခဲ့ပါတယ်။

နောက် တစ်လအကြာမှာတော့ အသက် ၆၀ အရွယ် ခင်ပွန်း က တရားစွဲ ဆိုပြီး သူတို့  နှစ်ဦးကွာရှင်းခဲ့ပါတယ်။

ဗီယက်နမ် မှာ မွေးဖွားခဲ့တဲ့ ကတ်သရင်း ကို ထောင်တွင်း နေထိုင်မှု ခုနှစ်နှစ်ပြည့်မှ ခံဝန်ကတိနဲ့  လွှတ်ပေးရမယ်လို့လဲ တစ်ပါတည်း အမိန့် 
ချမှတ်ခဲ့ပါတယ်။

မွေးရာပါ ဆုံးရှုံးခဲ့တဲ့ ခင်ပွန်း ရဲ့  နာမည်ကို တော့ တရားရုံးက ထုတ်ဖော်
ပြောဆိုခြင်းမရှိပါဘူး။

ဒီအဖြစ်အပျက်ဟာ ၁၉၉၃ ခုနှစ် က John Wayne Bobbitt ကို သူ့ မိန်းမက ရှစ်လက်မရှည်တဲ့ ဓားနဲ့ ငယ်ပါကို ဖြတ်ပြီး ကားပြတင်းပေါက်ကနေ လွှတ်ပစ် ခဲ့တဲ့အဖြစ်အပျက်နဲ့ တူတယ်လို့ ဆို ကြပါတယ်။ အဲဒီတုန်းကတော့ တရား သူကြီးက ဘောဘစ် ကို မူမမှန် ရူးသွပ်မှုနဲ့  ပြစ်ဒဏ်က ကွင်းလုံးကျွတ် လွတ်စေခဲ့ပါတယ်။ ငယ်ပါ ကိုလည်း ကားလမ်းဘေးမှာ ပြန်တွေခဲ့ပြီး ခွဲစိတ် ကုသကာ ပြန်ဆက်နိုင်ခဲ့ပါတယ်။



Myanmar International News

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...