စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူ့ခန္ဓာကိုယ်အကြောင်း အံ့အားသင့်ဖွယ်ရာ အချက်များ



post By Myawady News, on July 16, 2013

လူ့ခန္ဓာကိုယ်အကြောင်း အံ့အားသင့်ဖွယ်ရာ အချက်များ

-အမျိုးသားတွေက တစ်နေ့ ဆံပင် အချောင်းရေ ၄၀ ကျွတ်ပြီး အမျိုးသမီးတွေက တစ်နေ့ ဆံပင် အချောင်းရေ ၇၀ ကျွတ်တတ်ပါတယ်။

-သွေးထဲမှာရှိတဲ့ ဆားပမာဏနဲ့ ပင်လယ်ထဲမှာရှိတဲ့ ဆားပမာဏ အတူတူပါပဲ။

-သင့်အရပ်ဟာ ညဘက်မှာထက် မနက်ခင်းမှာ ပိုရှည်နေပါတယ်။

-တစ်နေ့မှာ နှလုံးဟာ ခန္ဓာကိုယ်ထဲမှာ အကြိမ် ၁၀၀၀ ခန့် သွေးလှည့်ပတ်မှု ရှိပါတယ်။

-မျက်တောင်တွေဟာ ၁၅၀ ရက်ကြာရင် သက်တမ်းကုန်ပါတယ်။

-မျက်ခုံးတစ်ဖက်မှာ အမွေး ၅၀၀ ရှိပါတယ်။

-ပျမ်းမျှအားဖြင့် လူ့ခန္ဓာကိုယ်မှာ နာ့ဗ်ဆဲလ် ၁၀၀ ဘီလျံလောက် ရှိပါတယ်။

-မျက်လုံးဖွင့်ပြီး နှာမချေနိုင်ပါဘူး။

-အရိုးတွေက ကွန်ကရစ်ထက် လေးဆ ပိုသန်မာပါတယ်။

-အရသာခံ အဖုရဲ့ သက်တမ်းက ပျမ်းမျှအားဖြင့် ၁၀ ရက်ပဲ ရှိပါတယ်။

-လူတွေဟာ ခုံညင်းမပါဘဲ မွေးလာပြီး အသက်၂-၆နှစ် အရွယ်ထိ တိုင်အောင် မထွက်လာသေးပါဘူး။

-ကလေးတွေက ဆောင်းဦးရာသီမှာ ကြီးထွားနှုန်း ပိုမြန်ပါတယ်။

-မျက်စိတွေက ဘ၀တစ်လျှောက်လုံး အရွယ်အစား တစ်မျိုးတည်းပဲ ဖြစ်ပေမယ့် နားရွက်နဲ့ နှာခေါင်းတွေ ကတော့ ဘယ်တော့မှ ကြီးထွားမှု မရပ်သွားပါဘူး။

-မွေးဖွားချိန်မှာ အရိုး ၃၀၀ ခန့်ရှိပေမယ့် အရွယ်ရောက်လာချိန်မှာ အရိုးတွေက ၂၀၆ ချောင်းပဲ ရှိပါတယ်။

-လူ့ဦးခေါင်းခွံကို မတူညီတဲ့ အရိုး ၂၆ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်

-ဆံပင်တွေက လက်သည်းမှာ ရှိတဲ့ တူညီတဲ့ ဓာတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။

-နှာချေလိုက်တဲ့အခါ လူ့ခန္ဓာကိုယ် တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာ ရပ်သွားပါတယ်။

-လျှာဟာ လူ့ခန္ဓာကိုယ်မှာ အသန်စွမ်းဆုံး ကြွက်သားတွေပါ။
ယေဘုယျအားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ခြောက်ကြိမ် ဆီးသွားလေ့ရှိပါတယ်။

အစာတွေက ပါးစပ်ကနေ အစာအိမ်ဆီသို့ရောက်ရှိဖို့ အချိန် ခုနစ်စက္ကန့်ကြာပါတယ်။

ကလေးတွေမှာ လူကြီးတွေထက် အရသာခံအဖုပိုရှိပါတယ်။
နှာချေလိုက်တဲ့အခါ လေဟာ တစ်နာရီ ၁၀၀မိုင်နှုန်းနဲ့ ပံျ့နှံ့သွားပါတယ်။

Sweson Media Group

https://www.facebook.com/photo.php?fbid=443500532414450&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...