စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လျှပ်စစ်စီးဆင်းနေသော ဝါယာကြိုးတိုင်း၏ ပတ်ဝန်းကျင်မှ လျှပ်စစ်သံလိုက်စက်ကွင်း

 

post By Myawady News, on July 16, 2013

လျှပ်စစ်စီးဆင်းနေသော ဝါယာကြိုးတိုင်း၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်သံလိုက်စက်ကွင်း တစ်ခု အမြဲတစေ တည်ရှိနေသည်။စက်ကွင်း ၏ပြင်းအားသည် 

(1)ဝါယာအတွင်းရှိလျှပ်စီး ကြောင်းပမာဏ
(2) ဗို့အားပမာဏ
(3) ဝါယာအမျိုးအစား (4) ဝါယာနှင့် နီးခြင်း ဝေးခြင်း
(4) ဝါယာရှိနေသော ကြားခံနယ် စသည့်အချက်များပေါ်တွင်မူတည်သည်။ ၃၃ကေဗွီ (၃၃၀၀၀ဗို့အား)ဓါတ်ကြိုးလိုင်း တစ်ခုတွင် စီးဆင်းနေသော လျှပ်စီးကြောင်း ပမာဏမှာ(၁၅၀) အမ်ပီယာခန့် [ 5000kVA အတွက် ] ရှိသည်။ ထို့ကြောင့် ထိုမြင့်မား သောဗို့အားနှင့်လျှပ်စီးကြောင်းကြောင့်ဖြစ်ပေါ် လာသော စက်ကွင်းပြင်းအားမှာ အလွန် မြင့်မားနေမည်မှာ အသေအချာဖြစ်သည်။ 


ဝါယာသုံးမျိုး (1) ဝစ်လစ်စလစ်ဝါယာ [open wire or non-insulated wire or uncoated wire ] (2)အကာပါသောဝါယာ [coated wire or insulated wire ] (3) coaxial wire [စလောင်းအင်တနာ ကြိုးအဖြစ်သုံးသော ဝါယာ ] ရှိသည်အနက် ပထမအမျိုးအစား (open wire)သည် အား အပြင်းဆုံး စက်ကွင်းကိုထုတ်ပေးနိုင်သည်

 ဝါယာရှိနေသော လေထုသည် အေးမြ စိုစွတ် ၍သိပ်သည်းဆမြင့်နေသောအခါ ပြင်းအား များသော စက်ကွင်းသည် ဝေးဝေးသို့ ပိုမို ရောက်ရှိနိုင်သည်။ဝါယာနှင့်နီးလေစက်ကွင်း ပြင်းအားများလေဖြစ်ပြီး သံလိုက်စက်ကွင်း သီအိုရီအရ စက်ကွင်းသည် ဝါယာမှ အနန္တ အကွာအဝေးထိရှိသည်။ ၃၃ကေဗွီ ကေဗယ် တွင် ပေ၂၀ အတွင်းအားပြင်းသော သံလိုက် စက်ကွင်းတစ်ခုရှိနေပါသည်။

သင်၏ဘယ်ဘက်လက်ရှိ လက်မ၊ လက်ညှိုး နှင့် လက်ခလယ်တို့ကိုအခြင်းခြင်း ကျင်တွယ်ကျအောင်ထားလိုက်ပါ။လက်ခလယ်ကို ဝါယာအတွင်းစီးဆင်းနေသော လျှပ်စီး ကြောင်းလားရာအတိုင်းထားလျှင် လက်ညှိုး သည် စက်ကွင်းသက်ရောက်ရာ လားရာ ဖြစ်ပြီး လက်မသည် အားသက်ရောက်ရာ လားရာဖြစ်သည်။ ဝါယာနှင့်နီးသောအခြေ အနေမှာ ထိုအားက လှမ်းဆွဲလိုက်သဖြင့် ဝါယာနှင့်ထိခါ ဓါတ်လိုက်မှုဖြစ်ပေါ်ခြင်း ဖြစ်စေတော့သည်။ ဝါယာကိုထိမှ ဓါတ်လိုက် သည် ဆိုသည်မှာ လုံးဝ မဟုတ်ပါ။ နီးကပ် သွားလျှင် ထိအောင်လှမ်းဆွဲပေလိမ့်မည်။


  ဓါတ်အားလိုင်းတွင်တပ်ဆင်မည့် ဘရိတ်ကာ မှာ earth breaker မဟုတ်ဘဲ short circuit breaker သာဖြစ်၍ ဓါတ်ကြိုး တစ် ပင်တည်းထိ၍ ဓါတ်လိုက်ပါက ဘရိတ်ကာ ပြုတ်လိမ့်မည်မဟုတ်ပါ။ ထိုအခါမျိုးတွင် ဓါတ်လိုက်သူကို ဝင်ရောက်ကယ်ဆယ်ပါက ထိုကယ်ဆယ်သူရောပါ အသက်ဆုံးရှုံး မည်ဖြစ်သည်။ နှစ်ပင်ထိ၍ဓါတ်လိုက်ပါမူ ဘရိတ်ကာပြုတ်သွားမည်ဖြစ်သော်လည်း ဓါတ်လိုက်ခံရသူမှာ မြင့်မားသောဗို့အား ကြောင့် အသက်ရှင်နိုင်မှု အခွင့်အလန်းလုံးဝ ရှိနိုင်မည်မဟုတ်ပေ။

ထိုဘရိတ်ကာဆိုသည်မှာလည်း သတ်မှတ် ဝန်ကိုကျော်မှသာ ပြုတ်မည်ဖြစ် သည်။၃၃ကေဗွီဓါတ်အားလိုင်း၏ပတ်ဝန်းကျင် ပေ၄၀ အနီးတွင်နေထိုင်သောလူများသည် အောက်ပါ ပြဿနာများကို အမှန်တကယ် တွေ့ကြုံခံစားရမည်ဖြစ်ပေသည်

၁။ စက်ကွင်းမှ ညှို့၍ဖြစ်ပေါ်လာသော ညှို့ရလျှပ်စီးကြောင်း ကြောင့်နေ အိမ်တွင်းရှိ လျှပ်စစ်မီးချောင်းများသည် တာရှည်မခံဘဲ မကြာခဏ ကျွမ်းမည်ဖြစ်သည်။ အချိန်တာ ရှည်လာသည်နှင့်အမျှ မီးချောင်းဝယ်ယူ လဲလှယ်တပ်ဆင်ရသော ဗာဟီရနှင့်ကုန်ကျ စရိတ်သည်စိတ်ပျက်ဖွယ်အနေအထားသို့ရောက်ရှိလာပေလိမ့်မည်။
 

၂။ ဓါတ်အားလိုင်းမှထွက်နေသော စက်ကွင်း သည် အင်တနာမှ တဆင့် ရုပ်မြင်သံကြား အတွင်းသို့ ဝင်ရောက်လာမည်ဖြစ်ရာ TV screen ပေါ်တွင် အစက်အပြောက်များ ပေါ်လာပြီး ပုံရိပ်များ ရွဲ့စောင်းလှုပ်ရမ်းကာ ကောင်းမွန်စွာကြည့်ရှုခံစားနိုင်တော့မည်မဟုတ်ပေ။ TV တွင်ပါသော ကွန်ဒန်ဆာများ မကြာခဏဖောင်းကြွပွင့်ထွက်ကာ TV သက်တမ်းလည်းအဆမတန်တိုတောင်းသွား မည်ဖြစ်သည်။
 

၃။မှတ်ဥာဏ်ရှိသော အိုင်စီပါသည့်အီလက်ထရောနစ်ပစ္စည်းများဖြစ်ကြသော ကင်မရာ၊ ဖုန်းဟန်ဆက်များ၊ ကွန်ပျူတာများ၊ ရုပ်မြင်သံကြားစက်များ၊ အမ်ပီသရီးဖိုး ပလေယာများ တာရှည်မခံဘဲ အချိန်တိုအတွင်း ပျက်စီးသွားပေမည်။
 

၎။ဓါတ်ကြိုးအနီး ၅ပေခန့်ထိချဉ်း ကပ်သွား မိပါက ဓါတ်ကြိုးမှ လှမ်းဆွဲလိုက်သော အား ကြောင့် ဓါတ်လိုက်၍အသက်အ န္တရာယ် ရှိပေလိမ့်မည်။
 

၅။ ဆိုင်ကယ်ကားရေဆေးဆီလိုက်ဆိုင်များမှ ပန့်များ၊ သင်္ကြန်တွင်းရေကစားသည့်ပန့်များ ဓါတ်ကြိုးဆီသို့ပန်းမိပါက ရေစိုနေသော မြေပြင်ပေါ်ရှိလူအားလုံး ဓါတ်လိုက်သေ ဆုံး မည်ဖြစ်သည်။
 

၆။ လျှပ်စစ်မီးပြတ်နေသည့်အချိန် [ ကေဗယ် အတွင်းလျှပ်စီးကြောင်းစီးဆင်းမှု မရှိသည့် အချိန် ] မှာတောင်မှ လျှပ်သိုသတ္တိ အကျိုး ကြောင့် လူတစ်ယောက်ကို ကောင်းကောင်း သေစေနိုင်သော ဓါတ်အားပမာဏသည် ဓါတ်ကြိုးအတွင်းတည်ရှိနေမည်ဖြစ်သည်။
 

၇။ ဓါတ်ကြိုးအောက်ရှိ သစ်ပင်များ ကြီးထွား ရှည်ထွက်လာစဉ်မှာ သစ်ကိုင်းနှင့် ဓါတ်ကြိုး မထိသော်လည်းသစ်ပင်ကိုထိပါကဓါတ်လိုက် သေဆုံးမည်ဖြစ်သည်။ ဗို့အားမြင့် ဓါတ်ကြိုး အောက်ရှိ သစ်ပင်များအောက်တွင်နားခိုခြင်း ပြုပါက အန္တရာယ်ရှိနိုင်ပေသည်။
 

၈။ ဗို့အားမြင့်ဓါတ်အားလိုင်းမှ ထွက်ပေါ် လာသော သံလိုက်အားကြောင့် ဓါတ်အား လိုင်းအနီး အချိန်ကြာကြာနေရသူများ နှလုံးရောဂါရနိုင်ပြီး သက်တမ်းစေ့နေရဘို့ မသေခြာပါ။
 

၉။ ဓါတ်ကြိုး၏ ညှို့အားကြောင့် မိုးကြိုးပစ်ခံ ရဘို့အခွင့်အလမ်းပိုများမည်ဖြစ်ရာဓါတ်လိုက် ၍မသေသော်လည်း မိုးကြိုးပစ်ခံရ ၍ သေနိုင်သည်။
 

၁၀။ ငလျှင်လှုပ်ခြင်း လေပြင်းတိုက်ခြင်း စသော သဘာဝဘေးများကြ ရောက် သော အခါ၊လမ်းပေါ်၌ဖြတ်သန်းမောင်းနှင်သွားလာ နေကြသော ဆိုင်ကယ်၊ကား၊ထော်လာဂျီ စသည့်ယာဉ်များမတော်တဆဖြစ်၍ဓါတ်တိုင် ကို တိုက်မိသောအခါ ဓါတ်တိုင်ပိခြင်း၊ ဓါတ် လိုက်ခြင်းကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးနိုင်ပေသည်။

အထက်ပါ ဘေးအန္တရာယ် ဒုက္ခပေါင်းစုံကို သင်တို့တွေ့ကြုံ ခံစားဖို့ အစဉ်သင့်ဖြစ် ပြီဆိုလျှင်ဖြင့် သင့်အိမ်အနီးမှ ဗို့အားမြင့် ဓါတ်အားလိုင်း ဖြတ်သန်းတည်ဆောက် တပ်ဆင်ဖို့ ခွင့်ပြုလိုက်ကြပါ။
အသက်ကို ဥာဏ်စောင့်ပါသည်။ လျှပ်စစ်ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

Saya Thet Gyi

https://www.facebook.com/photo.php?fbid=443503355747501&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...