စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တရားအားထုတ်သည့်အခါ ..

 
•••••••••••••••••••••••••
တရားအားထုတ်တဲ့အခါ သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယ၊ ပညာနဲ့ ကြိုးစားပြီးလုပ်ရမယ်။

တရားအားထုတ်တော့မယ်ဆိုရင် ရှစ်ပါးသီလကို အမြဲဆောက်တည်ရမယ်။

ပြီးတော့ "ယုံကြည်၊ ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊
နမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင်မဂ်ရကြောင်း" ဆိုတဲ့
ဆောင်ပုဒ်ကို အရကျက်မှတ်ထားပြီး အဲဒီအတိုင်း လိုက်နာကျင့်သုံးရမယ်။

တရားအားထုတ်တော့မယ်ဆိုရင် ပုဗ္ဗကိစ္စ ၅-ပါး (ဦးစွာလုပ်ဆောင်ရမယ့်
ကိစ္စ ၅-ပါး) ကို လုပ်ဆောင်ရမယ်။

၁။ တရားအားထုတ်တဲ့အချိန်မှာ မိမိခန္ဓာကိုယ်ကို ဘုရားမှာ လှူထား။

၂။ ဆရာ မိဘ ပုဂ္ဂိုလ်မြတ်တို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိက ထိုအပြစ်တို့မှ
ပျောက်ပါစေခြင်းငှာ တောင်းပန်ဝန်ချ ကန်တော့ပါ၏ - လို့ဆို။

၃။ ကိုယ်စောင့်နတ် အိမ်စောင့်နတ် မြို့စောင့်နတ် သာသနာစောင့်နတ်နဲ့
တကွ သတ္တ၀ါအားလုံးအား ဘေးရန်ကင်း၍ ကျန်းမာချမ်းသာပါစေလို့
မေတ္တာစိတ်ကို ပွားများပေးရမယ်။

၎။ ရှေးဘ၀ ယခုဘ၀ ငါပြုသမျှသော ဒါနစတဲ့ကုသိုလ်တို့သည်
ငါအလိုရှိသော မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်စေခြင်းငှာ လျင်မြန်စွာ ကျေးဇူး
ပြုပါစေသတည်း - လို့ဆို။

၅။ မရဏာနုဿတိ - ငါသည် ဘ၀များစွာက သေခဲ့တာ မှားလှပြီ။
ယခုဘ၀ မသေခင်မှာ တရားအားထုတ်မှပဲလို့ သေခြင်းတရားကို ပွားများပြီး
အားထုတ်မှု အရှိန်ပြင်းထန်အောင် မိမိကိုယ်ကို တိုက်တွန်းပါ။

( မိုးကုတ်ဆရာတော်ဘုရားကြီး )

3 Treasures: Buddha, Dhamma & Sangha

https://www.facebook.com/photo.php?fbid=441017895996047&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...