စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထင်းနေတဲ့ မျက်ခုံးလေးတစ်စုံ



လူတစ်ဦး တစ်ယောက်ရဲ့ မျက်နှာမှာ ထူးခြားတဲ့ အချက်လေးတွေ ရှိတတ်တယ်။ ဥပမာ ကြည်စင်တောက်ပ နေတဲ့ မျက်ဝန်းတစ်စုံ ရှိသလား၊ ဒါမှမဟုတ် မြင်လိုက်တာနဲ့ ထင်းခနဲ သိသိသာသာ ကြီးတွေ့လိုက်ရတဲ့ မျက်ခုံး တစ်စုံလား၊ ဒါမှမဟုတ် ပေါ်လွင်တဲ့ နှာတံလေးလား၊ ပါးလွှာတဲ့ နှုတ်ခမ်း သားလေးတွေလား ဆိုတာ သင့်အာရုံ ကို ဖမ်းဆွဲယူမယ့် သူလေးရဲ့ မျက်နှာ ပေါ်မှာ သင်သတိထား မိပါလိမ့်မယ်။ ဒီတစ်ပတ်မှာတော့ သင့်မျက်နှာလေး ပေါ်မှာ သူတစ်ပါး အာရုံစိုက် သတိထား မိလာအောင် လုပ်ပေးနိုင်တဲ့ မျက်ခုံး လေးတစ်စုံ ဖြစ်လာအောင် ဘယ်လို ပြုပြင်ပေးနိုင်ပါသလဲ ဆိုတာ ဆွေးနွေး လိုပါတယ်။ ကဲ- ဒီလိုစကြရအောင်...

(၁) မျက်နှာ အသားအရေကို သဘာဝ အတိုင်း သန့်စင်လာ စေရန် မျက်နှာ သုတ် လက်ကိုင်ပဝါ သန့်သန့်လေး ဆောင်ပြီး သန့်ရှင်းပါ။ ဒီနေရာမှာ င်္Facial Scrub ကောင်းကောင်းလေး သုံးပေးသင့် ပါတယ်။

(၂) မျက်ခုံးလေး တွေကို ဘရပ်ခ်ျ တစ်ခုနဲ့ ဖြီးသင်ပါ။ သွားပွတ်တံ အသေးစား အသစ်လေး တစ်ချောင်း ဆောင်ထားပါ။ တချို့ကတော့ သွားပွတ်တံ (ဘရပ်ခ်ျ) အစား လက်ချောင်းလေး တွေနဲ့ပဲ သန့်ရှင်း ပေးတတ်ကြ ပါတယ်။

(၃) မျက်ခုံး လေးတွေ လှပလာ အောင်၊ ပေါ်လွင် လာအောင် နုတ်ပေး တာပဲဖြစ်ဖြစ်၊ ရိတ်ပေးတာပဲ ဖြစ်ဖြစ် ပြုလုပ်မယ် ဆိုရင် အလင်းရောင် ကောင်းကောင်း မျက်နှာပေါ် ကျလာ စေဖို့ လိုပါတယ်။ အကောင်းဆုံးက တော့ ပြတင်းပေါက် ဘေးမှာ အကျ အနထိုင်ပြီး အနေအထားကောင်း အောင်၊ ရအောင်ယူထားပါ။

(၄) ဇာဂနာလေး တစ်ချောင်း ဆောင် ထားပါ။ ဇာဂနာဝယ်တဲ့ အခါမှာတော့ ထိပ်ဖျား နေရာလေးတွေက မျက်ခုံး မွေးအမျှင်ကို အမိအရ မလွတ်တမ်း ဆုပ်ကိုင်နိုင်တဲ့ ဇာဂနာဖြစ်ပါစေ။ မညှပ်နိုင်ဘဲ လွဲချော်နေရင် လူကို စိတ်ဖိစီးမှု မြင့်တက်လာစေလို့ပါပဲ။

(၅) မျက်ခုံးမွေးလေး ပေါက်လာတဲ့ လားရာအတိုင်း ဇာဂနာထိပ်ဖျား လေးနဲ့ညှပ်ပါ။ မိမိရရ ဆုပ်ကိုင် လိုက်ပါ။ တစ်ကြိမ်ညှပ်လျှင် မျက်ခုံး မွေးတစ်မျှင်သာ ညှပ်ပါ။ လောဘကြီး သွားနိုင်ပါတယ်။ အရေပြား နားသို့ ဇာဂနာထိပ်ဖျား လေးများ ကပ်နေ ပါစေ။ အဝေးက ဆွဲနုတ်တာမျိုး မဖြစ်ပါစေနှင့်။

(၆) မည်သည့် နေရာမှဖြစ်စေ မျက်ခုံး မွေး နုတ်ပေး နိုင်ပါတယ်။ တချို့က အပေါ်က နုတ်ရမယ်လို့ ပြောပါ လိမ့်မယ်။ မဟုတ်ပါ၊ သင့်စိတ်ကြိုက် မည်သည့်နေရာကမဆို နုတ်လို့ရပါ တယ်။ အထူအပါး အကြီးအသေး ရှိတ်ရအောင် သင်ကိုယ်တိုင် ပုံဖော် စဉ်းစားထားပြီး နုတ်ပါ။ ဒါမှမဟုတ် လမ်းကြောင်းချ ထားပါ။

(၇) အကောင်းဆုံး မျက်ခုံးကတော့ လေးကိုင်း သဏ္ဌာန် မျက်ခုံးလေး ပါပဲ။ အရိုးဆုံးဟာ အဆန်းဆုံး ဖြစ်သည်ဆိုတဲ့ စကားအတိုင်း မရိုးနိုင်တဲ့ မျက်ခုံး တစ်စုံအဖြစ် အဘွားတို့ ခေတ်ကနေ မြေးတို့ခေတ်တိုင် အစဉ်အဆက် လက်ဆင့်ကမ်း ပေးသွားနေတာပါ။

(၈) အိုင်းရှဲဒိုး ဘရပ်ခ်ျ ရှည်ရှည်လေး ဒါမှမဟုတ် ခတြံလေးနဲ့ လေးကိုင်သဏ္ဍန် ဆွဲချပါ။ မျက်ခုံးထိပ် နှတံအရင်းမှသည် မျက်နက်ဝန်းအပြင် ဘက်ထောင့်တိုင်အောင် ဆွဲပေးနိုင်ပါတယ်။

(၉) မျက်ခုံးနှစ်ဖက်ကြား ကွက်လပ် နေရာဟာ အကွာအဝေးတူလေ၊ ပိုလှ လေ ဖြစ်တယ်။

လှယမင်းတင်
BY HEALTH DIGEST

https://www.facebook.com/photo.php?fbid=440132016084635&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...