စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမျိုးသား နဲ့ အမျိုးသမီး ဘာတွေ ယှဉ်မလဲ ?


------------------------------------------------

# စွမ်းဆောင်ရည်တိုင်းတာချက်

အမျိုးသမီးများဟာ တစ်ပြိုင်နက် အလုပ်များစွာ လုပ်နိုင်စွမ်းရှိပါတယ်။
အမျိုးသမီးများရဲ့  ဦးနှောက်ဟာ အချိန်ခဏလေး အတွင်းမှာ လုပ်ငန်း ဆောင်တာ များစွာကို လုပ်ဆောင်နိုင်တဲ့ ပုံစံအဖြစ် ဖန်တီး ထားပါတယ်။
တီဗီကြည့်ရင်း ဖုန်းပြောနိုင်သလို ထို့ အတူ ချက်ပြုတ်ရေး ပါ တပါးတည်း လုပ်ဆောင်နိုင်ပါတယ်။

အမျိုးသားများဟာ တစ်ကြိမ်မှာ အလုပ်တစ်ခုထဲကိုပဲ လုပ်ဆောင်နိုင်ပါတယ်။
အမျိုးသားများရဲ့  ဦးနှောက်ဖွဲ့ စည်းပုံအရ တစ်ချိန်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်လုပ်ဆောင်ဖို့  ဖန်တီးထား ဖြစ်ပါတယ်။ ဖုန်းပြောနေရင် တီဗီမကြည့်မနိုင်သလို ၊ တီဗီပိတ်ပြီးမှ ပြောလိုတာကို ပြောနိုင်တာပါ။ အလုပ်တစ်ခုကို တစ်ချိန်မှာ တစ်ခါပဲ လုပ်ဆောင်နိုင်ပြီး မတူညီနဲ့  အလုပ်အများကြီးလုပ်ဖို့ မစွမ်းသာပါဘူး။

# ဘာသာစကား

အမျိုးသမီးများဟာ ဘာသာစကားအများစုကို အလွယ်တကူ သင်ယူလေ့လာနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ပြဿနာ များကို အဖြေရှာနိုင်စွမ်းမရှိပါဘူး။။

အမျိုးသားများဟာ ဘာသာစကားများကို အလွယ်တကူ မသင်ယူနိုင်ပါဘူး။ ဒါပေမဲ့ ပြဿနာများကို အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိပါတယ်။
ဒါကြောင့် ပုံမှန် သုံးနှစ်အရွယ် မိန်းကလေး တစ်ယောက်ဟာသုံးနှစ်သား ယောက်ျားလေးထက် စကားလုံး ကြွယ်ဝမှု သုံးဆသာပါတယ်။

# ပိုင်းခြား စိပ်ဖြာ နိုင်မှု

အမျိုးသားများ ရဲ့  ဦးနှောက်မှာ ဝေဖန်ပိုင်းခြားမှုလုပ်ဆောင်ရန် အတွက် နေရာများစွာ ရှိပါတယ်။ လုပ်ဆောင်မှု တိုင်းအတွက် ဝေဖန်ပိုင်းခြားမှု နဲ့  ပုစ္ဆာများကို အဖြေရှာနိုင်သလို ၊ လွယ်ကူတဲ့ အခြေအနေ
တစ်ခုကို ဖန်တီးဖို့  ဒီဇိုင်းမြေပုံတစ်ခုပြုလုပ်နိုင်စွမ်း ရှိပါတယ်။
ဒါပေမဲ့ ဒီလို အစိတ်အပိုင်းများစွာ ပါဝင်တဲ့ မြေပုံ တစ်ခု ကို အမျိုးသမီးတစ်ဦးဘက် က ကြည့်မယ် ဆိုရင် သူတို့ ဘာအတွက် လုပ်ထားတယ်ဆိုတာကို နားမလည်ပါဘူး။ ပြောရရင် အမျိုးသမီးများဟာ
မြေပုံတစ်ခုကို အလွယ်တကူ နားလည်နိုင်စွမ်း မရှိပါဘူး။ သူတို့ အမြင်မှာ မြေပုံဟာမျဉ်းကြောင်းတွေနဲ့  စာရွက် တစ်ခုသာသာ ဖြစ်သွားကြပါတယ်။

# ကားမောင်းတဲ့ အခါ

ကားမောင်းနေစဉ် အမျိုးသားများဟာ ဦးနှောက်ထဲမှာ တိုင်းတာ ချိန်ဆနိုင်စွမ်းရှိပြီး ကားကို အမြန်ဆုံး မောင်းနှင်နိုင်ပါတယ်။
ကားလမ်းပေါ်ရောက်တဲ့ အခါ အကွာအဝေး တစ်ခုမှ လာတဲ့ အရာဝတ္တု တစ်ခုကို မြင်တဲ့အခါ ဦးနှောက်က ချက်ချင်း ဝေဖန်ခွဲခြားပြီး
ဘတ်စ်ကားလား ဗန်ကားလားကုန်တင်ကားလားဆိုပြီး သူ့ ရဲ့ လမ်းကြောင်းနဲ့  အကွာအဝေးကို ကြိုတင် တွက်ချက်နိုင်ပါတယ်။

အမျိုးသမီးများကတော့ ထိုအရာဝတ္တုကို ချက်ချင်း ဝေဖန်သိမြင်နိုင်စွမ်း မရှိဘဲ အချိန်ယူရတက်ပါတယ်။
အမျိုးသားများရဲ့ တစ်ခုတည်းသော လုပ်နိုင်နိုင်မှု အရ ကားမောင်းတဲ့ အခါ သီချင်းနားထောင်မှုကို ပိတ်ထားပြီး မိမိသွားလိုတဲ့ ခရီးကိုသာ အာရုံစိုက်တက်ကြပါတယ်။

# လိမ်လည်ခြင်း

အမျိုးသားများ လိမ်လည်တဲ့ အခါ အမျိုးသမီးနဲ့ မျက်နှာချင်းဆိုင် ပြောတဲ့အခါ ချက်ချင်းလိမ်တာကိုမျက်နှာမှာ ရိပ်မိနိုင်ပါတယ်။ အမျိုးသမီးတို့ ရဲ့ သဘာဝ ဦးနှောက်စွမ်းဆောင်ရည်အရ မျက်နှာတွင်ဖော်ပြမှု ၇၀ ရာခိုင်နှုန်းနဲ့  ကိုယ်အမူအရာ ၂၀ ရာခိုင်နှုန်းကို အသုံးပြုကာ ပါးစပ်မှ စကားလုံးကို ၁၀ ရာခိုင်နှုန်း အသုံးပြုပြီးလိမ်လည်တက်ကြပါတယ်။

အမျိုးသားများမှ ထိုကဲ့သို့ ဦးနှောက်စွမ်းဆောင်ရည် မပါဝင်တဲ့ အတွက် အမျိုးသမီးများမျက်နှာချင်းဆိုင် လိမ်လည်တဲ့ အခါ အညာမိတက်ကြပါတယ်။

# ပြဿနာကို ဖြေရှင်းခြင်း

ပြဿနာ တစ်ခု ရှိလာပြီးဆိုရင် အမျိုးသားများဟာ ထိုပုစ္ဆာအတွက်
သီးခြားဦးနှောက်အခန်း တစ်ခုမှာ ထည့်သွင်းပြီး ဝေဖန်ပိုင်းခြားမှု ပြုလေ့ရှိပါတယ်။ပြဿနာကို တစ်ခုပြီးမှ တစ်ခု ဖြေရှင်းလေ့ရှိပါတယ်။ ဒါကြောင့် ယောက်ျားလေးအများစုဟာ ကောင်းကင်ကို အချိန်
တော်တော်ကြာကြာ ကြည့်ပြီး တွေးတော နေတက်ကြတာကို တွေ့ ရပါမယ်။

အကယ်လို့ အမျိုးသမီး တစ်ဦးဟာ ပြဿနာ အများကြီးနဲ့ ရင်ဆိုင်ရပြီ ဆိုရင် ဦးနှောက်က လက်ခံနိုင်စွမ်း မရှိပါဘူး။ ပြဿနာ အတွက် တစ်စုံတစ်ယောက်ကို ပြောပြမယ်။ ထိုအကြောင်းအရာများ အကုန်
ပြောပြီး ပြီဆိုရင် ပျော်ရွင်စွာနဲ့ မေ့မေ့ပျောက်ပျောက်ထားတက်ပါတယ်။ ပြဿနာအတွက် ပူပန်နေတာ မရှိသလိုဖြေရှင်ပြီး၊ မပြီး စိတ်ပူမှု နည်းပါတယ်။

# မျှော်လင့်တာတွေ

အမျိုးသားများဟာ ဘ၀မှာ အဆင့်အတန်း ၊ အောင်မြင်မှု ၊ ရလာဒ် ၊ ကြီးမားဖြစ်စဉ် စသဖြင့် လိုချင်ကြပြီး အမျိုးသမီးများကတော့ မိသားစု ၊ သူငယ်ချင်းများနဲ့ ပတ်သတ်ဆက်နွယ်မှု စတာတွေကို လိုချင်ကြပါတယ်။

# မပျော်ရွင်တဲ့ အခါ

အမျိုးသမီးများဟာ သူတို့ ပတ်သတ်ဆက်နွယ်မှုတွေမှာ မပျော်ဘူးဆိုရင် အလုပ်အကိုင်မှာလည်း အာရုံစူးစိုက်မှု မရရှိနိုင်ပါဘူး။

အမျိုးသားများကတော့ မိမိတို့ အလုပ်မှာ မပျော်ပိုက်ဘူး ဆိုရင်
သူတို့ ရဲ့ ပတ်သတ်ဆက်နွယ် မှုတွေကို အာရုံမစိုက်နိုင်တော့ပါဘူး။

# စကားပြောတဲ့ အခါ

အမျိုးသမီးများဟာ စကားကို သွယ်ဝိုက်သော နည်းနဲ့ ပြောတက်လေ့ရှိပြီး
အမျိုးသားများကတော့ တိုက်ရိုက်တဲ့တိုး ပြောတဲ့ နည်းကို အသုံးချတက်ကြ
ပါတယ်။

# ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအရာ

အမျိုးသမီးများဟာ စဉ်းစားချင့်ချိန်မှု မရှိဘဲ စကားအများကြီး ပြောဆိုတက်ပြီး
အမျိုးသား အများစု ဟာ စဉ်းစားချင့်ချိန်မှု မရှိဘဲလုပ်ဆောင်ပြုမှုတက် ကြပါတယ်။

--------------------

Freddy ( MM Social Sky)

https://www.facebook.com/photo.php?fbid=438847526213084&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...