စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာပြည်ကပို့လိုက်တဲ့ ပတ္တမြား ၂၄ လုံးတပ် စာတစောင်



အလောင်းမင်းတရားက အင်္ဂလိပ်ဘုရင် King George II ကို ပေးပို့ခဲ့တယ် ဆိုတဲ့ ရွှေပေလွှာတစောင်ဟာ ဂျာမဏီနိုင်ငံက နယ်ဘက် စာကြည့်တိုက်တခုမှာ ရောက်နေပါတယ်။

ရွှေသားအတိပြီးတယ်ဆိုတဲ့ ဒီစာမှာ ပတ္တမြား ၂၄ လုံးကိုလည်း လှလှပပ တန်ဆာဆင်ထားတာပါ။

ဆင်စွယ်ဘူးနဲ့ ထည့်ပို့လိုက်တဲ့စာ (ဓာတ်ပုံများ - NDR/ဂျာမန်ရေဒီယိုဝက်ဆိုက်)

ဒီစာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ ဝန်းကျင်မှာ ပေးပို့လိုက်တဲ့စာပါ။

အင်္ဂလိပ်ဘုရင်လက်ထဲကို ရောက်ဖို့ ၂ နှစ်လောက် ကြာတယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်ဘုရင်က သူ့ဇာတိမြေမှာ ရှိတဲ့ စာကြည့်တိုက်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

စာနဲ့ ပတ်သက်တဲ့ အခမ်းအနားတခု မကြာသေးခင်က ပြည်ပမှာ ပြုလုပ်ခဲ့ပုံကို http://www.youtube.com/watch?v=Cd3gekCyZz8 

/မှာ ကြည့်နိုင်ပါတယ်။
စာကိုသိမ်းထားတဲ့ စာကြည့်တိုက်မှာ ပြုလုပ်ခဲ့ပုံပါပဲ။

ဒီရှေးဟောင်းပစ္စည်းက အခုတော့ မြန်မာပြည် ရောက်လာဖွယ် ရှိနေပါပြီ။
ဒီအကြောင်း မနေ့က ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ဂျာမနီ နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။
ရွှေပေလွှာသိမ်းထားတဲ့ စာကြည့်တိုက်က သဘောတူမယ်၊ စာကြည့်တိုက်ရှိတဲ့ပြည်နယ်ရဲ့ အစိုးရက သဘောတူမယ် ဆိုရင် ဒီစာက မြန်မာပြည် ပြန်ရောက်လာမှာပါ။

အလောင်းမင်းတရားရဲ့သဝဏ်လွှာကို ဆင်စွယ်နဲ့လုပ်ထားတဲ့ ဗူးနဲ့ ထည့်ပေးလိုက်တာပါ။

အင်တာနက်မှာ စုံစမ်း ဖတ်ရှုကြည့်တော့ Christian VII လို့ အမည်ရတဲ့ ဒိန်းမတ်ဘုရင်တပါးက လက်ကမြင်းလိုက်တာကြောင့် သဝဏ်လွှာက ကြေသွားခဲ့တယ်လို့ ဆိုတယ်။

ဖတ်ရခက်သွားတာပေါ့လေ။သဝဏ်လွှာမှာ အလောင်းမင်းတရား ရေးထားတာကတော့ လက်နက် အကူအညီ ရရှိရေး နဲ့ ကုန်သွယ်မှုကိစ္စတွေဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလိပ်ဘုရင်က ဒီစာကို သဘောမပေါက်၊ သူ့ဆီရောက်သွားတာလည်း နောက်ကျသွားတယ် ဆိုတော့ ဒီစာကို အကြောင်းပြန်ဖို့၊ အလောင်းမင်းတရားဆီကို စာပြန်ဖို့ အစီအစဉ် ရှိခဲ့ပုံ မရဘူးလို့ ယူဆရပါတယ်။

စာပေးပို့သူ မြန်မာဘုရင် အလောင်းဘုရား
အင်္ဂလိ်ပ်ဘုရင်။ သူက စာလက်ခံရပေမယ့် ဘာတွေရေးထားမှန်း သိမသွားဘူးလို့ ယူဆရပါတယ်။

 

https://www.facebook.com/photo.php?fbid=444308595666977&set=a.351047714993066.769

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...