စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သာမန်အရပ်ထပ်မြင့်တဲ့ ကိုဝင်းဇော်ဦးအတွက် ဆက်သွယ်လှုဒါန်းလိုပါက

 
သာမန်အရပ်ထပ်မြင့်တဲ့ ကိုဝင်းဇော်ဦးအတွက်ဆက်သွယ်လှုဒါန်းလိုပါက
 ဒေါက်တာမြတ်သူမင်း ဖုန်း ၀၁ ၃၇၃၇၉၄-၉၊ ၀၉၅၀၀၇၆၀၈၊ မငြိမ်းငြိမ်း (လမ်း၃၀ ဆေးခန်းတာဝန်ခံ) ၀၉၄၉၃၀၈၇၃၉။

သာမန်အရပ်ထပ်မြင့်တဲ့ ကိုဝင်းဇော်ဦးကို ကျန်းမာရေးစစ်ဆေးပြီး လိုအပ်တဲ့ကုသမှုတွေပေးမည်

Author - ဟေမာန်ညီညီ

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထုံးပေါက်ချိုင်ကျေးရွာက သာမန်အရပ်ထက်ပိုမြင့်မားနေတဲ့ ကိုဝင်းဇော်ဦးရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး စမ်းသပ်စစ်ဆေးမှုအရ Acromegaly လို့ခေါ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အလွန်အမင်းကြီးထွားလာတဲ့ရောဂါဝေဒနာတစ်မျိုးကြောင့်ဖြစ်တယ်လို့ ဆရာဝန်ကြီးတစ်ချို့ကသုံးသပ်ပါတယ်။

ဦးနှောက်နဲ့အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဦးမြတ်သူက “ဦးနှောက်ထဲမှာရှိတဲ့ Pituitary ဟော်မုန်းများလို့ဖြစ်တာ၊ ဒီဟော်မုန်းထွက်တာများရင် နှုတ်ခမ်းတွေ၊ မေးရိုးတွေ ကြီးလာမယ်။ သာမန်ထက်အရပ်ရှည်လာမယ်။

ခြေလက်တွေကြီးလာမယ်။ နောက်ပိုင်းမှာ မျက်စိမမြင်တာ၊ သွေးချိုတက်တာ၊ သွေးတိုးတာတွေဖြစ်လာမယ်။ အခုကိုဝင်းဇော်ဦးက မျက်စိအမြင်ကောင်းတယ်။ သွေးချို၊ သွေးတိုးမရှိဘူး။ တစ်ခြားစမ်းသပ်စစ်ဆေးမှုတွေရဲ့ရလာဒ်တွေထွက်လာပြီရင်လိုအပ်တဲ့ကုသမှုတွေ ပေးသွားမှာပါ။ ဒီရောဂါက ဆေးစားရှိတယ်။

လိုအပ်ရင် ခွဲစိတ်ကုသရမယ်”လို့ပြောပါတယ်။
ကိုဝင်းဇော်ဦးရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအ၀၀ကို အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးခင်မောင်ဝင်း၊ ဦးနှောက်နဲ့အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဦးမြတ်သူ၊ ဓါတ်မှန်ဆရာဝန်ကြီး ဒေါက်တာ ဦးကျော်မြင့်၊ အဏုဇီဝဗေဒဆရာဝန်ကြီးဒေါက်တာဦးသိန်းသန်းနဲ့ အခြားအထူးကုဆရာဝန်ကြီးတွေ၊
ဆေးပညာရှင်တွေက ဦးဆောင်ပြုလုပ်မှာဖြစ်ပါတယ်။

လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ (CT Scan ရိုက်တာ၊ Skeletal Survey ပြုလုပ်တာ) ကို ပင်လုံအထူးကုဆေးရုံ၊ လမ်း၃၀ဆေးခန်းနဲ့ ရန်ကုန်အစာအိမ်နဲ့ အထူးကုဆေးခန်း၊ Novel Square နိုဗယ်အသည်း၊ သည်းခြေ၊ အစာအိမ်နဲ့ အူလမ်းကြောင်းအထူးကုဆေးခန်းတို့က မေတ္တာနဲ့ ကူညီပံ့ပိုးပေးမယ်လို့ သိရပါတယ်။

ကိုဝင်းဇော်ဦးရဲ့အသက်က ၃၆နှစ်ရှိပြီး အရပ်အမြင့်က ၇ ပေ ၈လက်မရှိပါတယ်။ အသက်၁၈ နှစ်နောက်ပိုင်းတစ်နေ့တစ်ခြား တစ်နှစ်ထက်တစ်နှစ်ပိုမိုအရပ်ရှည်ထွက်လာကြောင်း ကိုဝင်းဇော်ဦးနဲ့ သူ့ရဲ့ အုပ်ထိန်းသူတွေရဲ့ပြောပြချက်အရသိရပါတယ်။

The Modern News Journal

https://www.facebook.com/photo.php?fbid=437322949698875&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...