စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ချစ်စရာ သိုးမွှေးအရုပ်လေးများ....

Handmade souvenir

Handmade souvenir

Handmade souvenir

Handmade souvenir

Handmade souvenir

Handmade souvenir

Handmade souvenir

Handmade souvenir

Handmade souvenir

Handmade souvenir

Handmade souvenir

Handmade souvenir

Handmade souvenir

Handmade souvenir

Handmade souvenir

Handmade panda


ဒီပုံလေးတွေကို Copy ကူးယူပြီး သူငယ်ချင်းတွေစာမျက်နှာ မှာ
Comments ပေးလို့ရတယ်နော်....
Comment မပေးတတ်သေးတဲ့ သူငယ်ချင်းများအတွက်
ကောမန်း ပေးပုံပေးနည်းကို ရှင်းပြထားတယ်နော်..
(ဒုတိယ Comment ပေးနည်း) ကို အသုံးပြုနိုင်ပါတယ်။
ကောင်းသောနေ့လေးဖြစ်ပါစေ..
ခင်မင်စွာဖြင့်
CΔnƉℓɛ

windows 8 မှာ မြန်မာဖောင့် အဆင်မပြေ ဖြစ်နေသော သူငယ်ချင်းများအတွက်

လင်းလက်လမင်း ဖေဖော်ဝါရီလ 29, 2012 6:44pmတွင်လင်းလက်လမင်း မှတင်ပြခဲ့ပါသည်

ကျွန်တော့်တို့ အခုနောက်ပိုင်း Windows 8 Preview Version ထွက်လာပြီးနောက်ပိုင်း အများစုက Windows 8 ကို စမ်းပြီး အသုံးပြုလာတာ တွေ့ရပါတယ်...ဒီနေရာလေးမှာ ဘာတွေပြဿနာကြုံ နေရလဲဆိုတော့ အခုအသစ် ထွက်လာတဲ့ Windows 8 မှာ Myanmar Text ဆိုပြီးတော့ Unicode ကို Support လုပ်ပေးထားပါတယ်...အဲ့ဒီအတွက် ကျွန်တော်တို့အနေနဲ့ Unicode ကိုပဲ အသုံးပြုနေတယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး... ဒါပေမယ့် အများစုက ဇော်ဂျီဝမ်းကိုသာ အသုံးပြုနေတဲ့အချိန်မှာ Folder Rename ကို Zawgyi-one နဲ့ပေးထားလို့ Windows 8 မှာဖောင့်တွေ ပြောင်းပြန်တွေပေါ်နေတာတွေ G-talk ပြောတဲ့အခါ ပြန်မာလို့ ပေါ်ပေမယ့် ဖောင့်တွေက တစ်လွဲတွေဖြစ်နေတာကို ကျွန်တော့် Keymagic သုံးပြီး ဖြေရှင်းလို့ ရမယ့် နည်းလမ်းလေးကို ရေးပေးသွားပါမယ်...
ကျွန်တော်တို့ Keymagic ကို သုံးနေတဲ့ သူတွေအတွက်က ပြဿနာမရှိပေမယ့် မသုံးဖူးသေးတဲ့ သူတွေအတွက် နည်းနည်း အခက်ခဲ ရှိနိုင်တာမို့လို့ ကျွန်တော် Keymagic အသုံးပြုနည်းလေးကိုပါ ရေးပေးပါ့မယ်...ဘာမှတော့ မခက်ပါဘူး...အရင်ဆုံး Windows 8 မှာ Keymagic အလုပ်လုပ်ပို့အတွက် Microsoft Visual C++2008 Redistributable Package ကို အရင် Install လုပ်ပေးပို့ လိုအပ်ပါတယ်...
32 Bits Users တွေကတော့ ဒီအောက်က လင့်ခ်လေးမှာ ဒေါင်းလော့လုပ်လိုက်ပါ....
http://www.microsoft.com/download/en/details.aspx?displaylang=en&am...
64 Bits Users တွေကတော့ ဒီအောက်က လင့်ခ်လေးမှာ ဒေါင်းလော့ လုပ်လိုက်ပါ...
http://www.microsoft.com/download/en/details.aspx?displaylang=en&am...
Keymagic ကိုတော့ ဒီအောက်ကလင့်ခ်မှာ ဒေါင်းလော့ ယူလိုက်ပါ...
https://www.rapidshare.com/#!download|95tl6|4286483827|KeyMagic_www...
အားလုံးကို ဒေါင်းလော့ လုပ်ပြီးရင် Microsoft က ဒေါင်းလော့လုပ်ထားတဲ့ Package လေးကို အရင် Install လုပ်လိုက်ပါ...ပြီးမှ Keymagic ကို Install လုပ်ပေးလိုက်ပါ...ဒါဆိုရင်အဆင်ပြေသွား ပါလိမ့်မယ်...ကျွန်တော် တစ်ချက်ပြောပို့ ကျန်ခဲ့တာက Zawgyi-One ဖောင့်ကို install လုပ်မယ်ဆိုရင်လည်း အရင် Windows 7 မှာတုန်းက အတိုင်းပါပဲ ဘာမှ မထူးပါဘူး...Install လုပ်ပေးလိုက်ပါ..
ဒါဆိုရင် ကျွန်တော့်တို့ Computer မှာ Myanmar Text Zawgyi-One နှစ်မျိုးစလုံး အသုံးပြုလို့ ရသွားပါပြိး...Keymagic ကို အသုံးပြုရတာလွယ်ပါတယ်...ကျွန်တော်တို့ Zawgyi-One ကို အသုံးပြုမယ်ဆိုရင် အရင် Windows 7 က အတိုင်း အသုံးပြုရုံပါပဲ...Keymagic နဲ့ Unicode Font ကို ပြောင်းသုံးချင်ရင်တော့ Keyboard မှ Shift +Ctrl +Z ကိုနှိပ်လိုက်ပါ...ဒါဆိုရင် ကျွန်တော်တို့က keydoard မှ Zawgyi-One လက်ကွက်နဲ့ ရိုက်နေပေမယ့်လည်း စာလုံးတွေက Unicode ဖောင့်နဲ့ သူ့အလိုလိုပြောင်းသွားပါလိမ့်မယ်...Convert လုပ်ပေးတာပါ...ဒါဆိုရင်တော့ လက်ကွက်အတွက် အဆင်ပြေသွား ပြီးလို့ ထင်ပါတယ်....

ကျွန်တော်တို့ Folder တွေမှာ မြန်မာလို Zawgyi-One ဖောင့်နဲ့ မပေါ်တော့တာတွေအတွက် အရင် Windows 7 တုန်းကလို Font ကို သွားချိန်းပေးလို့မရပါဘူး...အဲ့ဒီအတွက် ကျွန်တော်တို့ လုပ်ရမှာတစ်ခုက Zawgyi-One ဖောင့်နဲ့ Rename ပေးထားတာတွေကို Keymagic သုံးပြီး Myanmar Text နဲ့ပြန်ပြီး Rename ပေးမှသာ Folder တွေမှာ မြန်မာဖောင့် ပေါ်တော့မှာ ဖြစ်ပါတယ်...
နောက်တစ်ချက်ကတော့ G-Talk သုံးတဲ့အခါမှာ မြန်မာလိုပေါ်သော်လည်း Font တွေက ထုံးစံအတိုင်း တလွဲတွေပေါ်နေပါလိမ့်မယ်...အဲ့ဒီအတွက် ကျွန်တော်တို့က Gtalk က Setting ထဲမှာ Zawgyi-One ဖောင့်ကို သွားပြီး ပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်...
သူငယ်ချင်းများ အဆင်ပြေနိုင်ပါစေ...
ဝမ်းကိုကိုအောင် ဆိုဒ်က ကူးယူတင်ပြပါသည်....

ကင်မရာရှိသူတိုင်း လက်စွဲတော် အဖြစ် ဆောင်သင့်သည်

ရေးမလို့ ရေးမလို့နဲ့ မရေးဖြစ်လို့ နည်းနည်းကြာသွားတယ် ။ ဟိုတစ်နေ့ည စက်ထဲကို ဓါတ်ပုံထည့်မလို့ဆို ။ အဲရာတက်ပြီး ကဒ်ကိုပဲ Format ချခိုင်းနေတယ် ။ မနက်ဖန်ကောင်းမလား ဆိုပြီး ပြန်ဖွင့်တော့လည်း ထူးမခြားနားသည့် အားလျော်စွာ Format ချလေတော့သတည်း ။ အဲဒါကြောင့် ကဒ်ထဲက ပုံတွေကို ထုတ်ဖို့ အချိန်နီးနေတာမို့ ကမန်းကတန်း အင်တာနက်ကို လိုက်မွှေရပါတော့သည် ။ညီနေမင်းဆိုဒ်က တွေ့ဖူးတာနဲ့ လိုက်ကြည့်ပေမယ့် လင်ခ့်သေနေလို့ စိတ်ပျက်လက်ပျက်နဲ့ ဂူးဂဲလ်ကို အကူညီတောင်းရပါတော့သည် ။
Mediafire.com မှာ တွေ့ပေမယ့် ပါစ်ဝေါ့ ခံထားလို့ အခြားတစ်နေရာကို လိုက်မွှေရပါတော့သည် ။ ဒါပေမယ့် သိပ်အဆင်မပြေပါဘူး ။ ပြန်ယူလို့တော့ Save ဖို့တော့ ၀ယ်ခိုင်းပါတော့သည် ။ ပစ်ရမှာလည်း ဆီတ၀င်း စားရမှာလည်း သဲတစ်ချပ်ချပ်ကို ကောင်းကောင်း နားလည်စေတော့သည် ။ ဟုတ်ပါတယ် ။ ပြန်ယူပြတယ် ။ ပုံတွေကို ကြက်ခြေခတ်ပြီး ဖျက်နေတယ် ။ အဲဒါကြောင်း keygen ကိုပါ ရှာဖွေဖို့ အလုပ်ပိုပါတော့သည် ။ နောက်ဆုံးတော့ အောင်မြင်သွားပါတယ် ။ ဖျက်ပြီးသား ကဒ်က ပုံပေါင်းခြောက်ရာကို ပြန်ရပါတယ် ။ Local G,F တို့ကို စမ်းကြည့်ပြန်တော့လည်း ပုံပေါင်း ထောင်ချီပြီး ပြန်ယူနိုင်တာကို တွေ့ရတာမို့ ကင်မရာရှိသူတိုင်း ကြုံရတတ်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ တင်ပေးလိုက်ပါတယ် အဲ... တင်တာ မဟုတ်ဘူး ။ ရှဲတာ ရှဲတာ.... မောင်ပန်ဆောပ်ဝဲလ်ကို မတင်သလောက်ရှားတယ်နော် ။ ဒီမှာ ဒေါင်းလိုက်ပါ ။ အဲမှာ Free Download ကို ရွှေးပြီး နှစ်မိနစ်စောင့်ပြီး ဒေါင်းလိုက်ပါ ။ လိုက်ရိုက်တဲ့ အချိန်ကို တွေ့ကြည့်ပါ ။ နှစ်နာရီမကဘူးနော် ။ ပြီးရင်တော့ ဖိုင်ဖြေပါ ။ ရှင်းရှင်းလေး ပြောပြမယ် ။ exe ကို Run ပါ။ ပြီး Run ပြီးတာနဲ့ စောစော ဒေါင်းချထားတဲ့ file ကို copy ပြီး C က စောစောဆောပ်ဝဲလ်ရှိတဲ့ နေရာကိုသွားပြီး Past လိုက်ပါ ။ ဘာပဲဖြစ်ဖြစ် အိုခေပြီး ချထည့်လိုက်ပါ ။ ပြီးတော့ ဖျက်ပြီးသားပုံတွေကို အလွယ်တကူ ပြန်လည်ရယူနိုင်သည်ဟု ကျွန်တော်ကိုယ်တိုင် အာမခံပါတယ်ဗျာ ။ အဆင်ပြေကြပါစေဗျာ ။ http://www.decembermgmg1992.co.cc

အမျိုးသားများအတွက် အလှအပ ထိန်းသိမ်းနည်း

ဖေဖော်ဝါရီလ 29, 2012 7:52amတွင်ကိုလင်း(သလ္လာဝတီ)မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်

ယောက်ျားလေးတွေဟာ မိန်းကလေးတွေလို မိတ်ကပ်လိမ်းပြီး အလှပြင်ဖို့ မလိုအပ်ပေမယ့် အလှအပဆိုင်ရာ ပြုပြင်ထိန်းသိမ်းသင့်တဲ့ အချက်တွေရှိပါတယ်။ တကိုယ်ရေသန့်ရှင်းရေးအတွက် ဆောင်ရွက်တာ၊ အသားအရေ ထိန်းသိမ်းစောင့်ရှောက်တာ၊ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာ စတာတွေကိုတော့ မိန်းကလေးတွေတင်မက ယောက်ျားလေးတွေလည်း လုပ်ဆောင်သင့်ပါတယ်။ ဒါကြောင့် ယောက်ျားလေးတွေရဲ့ တကိုယ်ရေသန့်ရှင်းရေးနဲ့ အလှအပအတွက် လုပ်ဆောင်သင့်တဲ့ အခြေခံအချက်တွေကို ဖော်ပြလိုက်ပါတယ်။
( အသားအရေ ထိန်းသိမ်းစောင့်ရှောက်ခြင်း)
ဆယ်ကျော်သက် ယောက်ျားလေးဘ၀မှာ အရေပြားပြဿနာတွေကို အများဆုံးကြုံတွေ့ရနိုင်ပါတယ်။ ဒီအရွယ်မှာ ဟော်မုန်းပြောင်းလဲတာ၊ အဆီထုတ်လုပ်မှုများတာ၊ ချွေးထွက်များတာနဲ့၊ လေနဲ့ရေ ညစ်ညမ်းမှုတွေကြောင့် ၀က်ခြံတွေအများအပြား ပေါက်တတ်ပါတယ်။ ၀က်ခြံတွေက မျက်နှာမှာသာမက နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်တွေမှာလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုအတွက် မှန်ကန်တဲ့ပစ္စည်းတွေကို လိုအပ်သလို သုံးဖို့ အရေးကြီးပါတယ်။
* သင့်အသားအရေ အမျိုးအစားအလိုက် ခြောက်သွေ့တာ၊ အဆီပြန်တာ၊ ထိခိုက်လွယ်တာ စတဲ့
အချက်ပေါ်မူတည်ပြီး သင့်လျော်တဲ့ မျက်နှာသစ်ဆပ်ပြာနဲ့ ကိုယ်တိုက်ဆပ်ပြာကို သုံးပါ။
* သင့်အရေပြားကို တင်းတင်းရင်းရင်း ဖြစ်စေဖို့အတွက် Toner သုံးပါ။
* အစိုဓာတ်ထိန်းဆေး (Moisturizer) ကတော့ သင့်မျက်နှာကို ချောမွေ့နူးညံ့စေပါတယ်။
* မုတ်ဆိတ်ရိတ်တဲ့အခါ အရေပြားပေါ်မှာ မုတ်ဆိတ်ရိတ်ဓားကို ချောချောမွေ့မွေ့ သုံးနိုင်စေဖို့ အတွက်
မုတ်ဆိတ်ရိတ်ဂျဲလ် (Shaving Gel) ကို သုံးပါ။
* သင့်အရေပြားမှာ မပျောက်နိုင်တဲ့ ၀က်ခြံ ဒါမှမဟုတ် တခြားအဖုအပိန့်နဲ့ အနာ၊ ဒဏ်ရာတွေရှိရင်
အရေပြားအထူးကုဆရာဝန်ကိုပြပါ။
* နေ့စဉ် နေရောင်ကာ လိမ်းဆေး လိမ်းပြီးမှ အပြင်ထွက်ပါ။
( သွားကို ဂရုစိုက်သန့်ရှင်းခြင်း )
ကောင်းမွန်တဲ့ ခံတွင်းသန့်ရှင်းရေးဟာ အလှအပတင်မက ကိုယ်ရည်ကိုယ်သွေးအတွက်ပါ အရေးကြီး ပါတယ်။ ညစ်ပတ်ပြီး မည်းနေတဲ့ သွားတွေ၊ ရောင်နေတဲ့ သွားဖုံးတွေနဲ့ ခံတွင်းနံ့ဆိုးတွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
* သင့်ပါးစပ်နဲ့ အဆင်ပြေပြီး နူးညံ့တဲ့ အမျှင်တွေပါတဲ့ သွားတိုက်တံကို ၀ယ်ပါ။
* ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တကြိမ်၊ ညတကြိမ် သွားတိုက်ပေးပါ။
* သွားမှန်မှန်တိုက်ပေမယ့်လည်း သွားတိုက်တံအမျှင်တွေ မရောက်နိုင်တဲ့ နေရာမှာ စားကြွင်းစားကျန်တွေ
ခိုအောင်းနေနိုင်ပါသေးတယ်။ ဒါကြောင့် တနေ့တကြိမ် သွားကြားပွတ်ကြိုး သုံးဖို့လည်း လိုအပ်ပါတယ်။
* သင့်သွားတွေကို သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးပါ။
( ဆံပင်ကို ပြုပြင်ထိန်းသိမ်းခြင်း )
ယောက်ျာလေးတယောက်ရဲ့ အလှအပနဲ့ တကိုယ်ရေ သန့်ရှင်းရေးအတွက် ဆံပင်ကို ပြုပြင်ထိန်းသိမ်းမှု ကလည်း အရေးကြီးပါတယ်။
* သင့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံညှပ်ပါ။
* သင့်ဆံပင်သား အမျိုးအစားအလိုက် ပါးတာ၊ ထူတာ၊ အရောင်ဆိုးတာ၊ ခြောက်သွေ့တာ၊ အဆီပြန်တာ
စတဲ့ အချက်တွေပေါ်မူတည်ပြီး သင့်လျော်တဲ့ ခေါင်းလျှော်ရည် သုံးပါ။
* သင့်ဆံပင်ကို ကျန်းမာတောက်ပြောင်ပြီး ချောမွေ့စေဖို့အတွက် Conditioner သုံးပေးပါ။
* ဆံပင်ပုံကျသပ်ရပ်ဖို့ ပုံမှန်ခေါင်းဖြီးပေးပါ။
* သင့်ဆံပင် စတိုင်ပေါ်မူတည်ပြီး လိုအပ်မယ့် ဂျဲလ် ဒါမှမဟုတ်-တခြားပစ္စည်းတွေကို သုံးပါ။
( အခြားအချက်များ )
* မနက်ခင်းတိုင်း ချွေးနံ့ထိန်း ချိုင်းလိမ်းတောင့် (Deodorant) လိမ်းပေးပါ။
* သင့်မျက်ခုံးနှစ်ခုကြားထဲက နေရာလွဲနေတဲ့ အမွေးတွေကို နုတ်ပစ်ပါ။
* သင့်နှာခေါင်း၊ ဒါမှမဟုတ်- နားရွက်ထဲက အမွေးတွေ မြင်ရရင် တိပေးပါ။
* သင့်နှုတ်ခမ်းမွေးတွေ ခြောက်သွေ့ ကွဲအက်နေရင် အရောင်မပါတဲ့ နှုတ်ခမ်းအဆီ (Lip Balm)
လိမ်းပေးပါ။
အက်စ် (ဆေးဝါးတက္ကသိုလ်)
( Good Health 3-17-2010)

အရောက်လာပါ အဆွေ ကျောင်းတော်ရာမြေ

သူငယ်ချင်းတို့ရေ . . .
မကြာခင်မှာပဲ နွေရာသီကျောင်းပိတ်ရက်ကိုရောက်တော့မယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ဒေသန္တဗဟုသုလည်းရ ကုသိုလ်လည်း ရအောင် ဘုရားဖူးထွက်ကြချင်ကြတဲ့ အဆွေတော်တို့ကို မြန်မာပြည် မြေလတ်ပိုင်း မကွေးတိုင်းဒေသကြီးအတွင်း ပွင့်ဖြူမြို့နယ်က သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးကို ရောက်အောင် သွားလို့ဖူးဖြစ်အောင် ဖူးလိုက်ကြရအောင်မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါ ရန္တာ(၅၀၀)နဲ့ (၇)ရက်တိုင်တိုင် သီတင်းသုံးပြီး တရာဟောချွေချွတ်တော်မူရာ (၁)ရက်ကို ပရိတ်သတ်ပေါင်း (၈၄၀၀၀) ကျွတ်တန်းဝင်ခဲ့ကြပါတယ်။ မြတ်စွာဘုရား (၇)ရက်သီတင်းသုံးလို့အပြန်ခရီးမှာ ရှေးနောင်တော်ဘုရားများ ခေတ္တ ကျိန်းစက်ခဲ့တဲ့ ကေလာဿဘ တောင် ယခု စက္ကိန်းတဲဘုရားတည်ရှိခဲ့တဲ့ နေရာမှာ ခေတ္တကျိန်းစက်ခဲ့ပါတယ်။ ဒီနေရာမှာ သကြားမင်းက မြသားအတိပြီးတဲ့ သလွန်တော်ကို လှူတော်မူပါတယ် ။ ထိုသလွန်တော်ကို ဘောသူရတို့ ဘီလူးညီနောင်လေးဦးက သူတို့နေထိုင်တဲ့တောအုပ်အတွင်းမှာ ပင့်ဆောင်ပြီးယူသွားခဲ့ပါတယ်၊ နောင်သောအခါ မြသလွန်စေတီရယ်လို့ ဖြစ်ပေါ်လာပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ ကျောင်းတော်ရာမှ အပြန်ခရီး သစ္စဗန္ဓတောင်ထိပ်မှာ သစ္စဗန္ဓရဟန္တာ အား ခြေတော်ရာတစ် ဆူပေးသနားတော်မူပြီး သာသာပြုစေခဲ့ပါတယ်။ နမ္မဒါ နဂါးမင်းရဲ့တောင်းပန်မှုကြောင့် ခြေတော်ရာတစ်ဆူ ချထားတော်မူပြန်ပါတယ်။ ယခုအခါ မန်းစက်တော်ရာဘုရားဟု လူသိများပြီးအထူးစည်ကားတဲ့ နွေရာသီ ဘုရားပွဲတော်လေးဖြစ်ပါတယ်။
ကဲသူငယ်ချင်းတို့ရေ ... နွေရာသီကျောင်းပိတ်ရက်မှာ ဒေသန္တဗဟုသုလည်းရ ကုသိုလ်လည်း ရအောင် ဘုရားဖူးလာခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။


ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3937929#ixzz1nqgliHoH

ရွှေတိဂုံကရွှေတွေနဲ့ ထိုင်းတွေရဲ့စိတ်ထား

ဖေဖော်ဝါရီလ 29, 2012 4:14pmတွင်casperမှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်
   
    သူငယ်ချင်းများခင်ဗျာ ထိုင်းတွေက ပြောတယ် ရွှေတိဂုံ ကရွှေတွေက သူတို့ အယုဒ္ဒယကို မြန်မာတွေလာသိမ်းတုန်းက ခိုးထားတဲ့ရွှေတွေနဲ့ဆောက်ထားတာတဲ့။ ၉၀% လေက်က သူတို့ရွှေတွေတဲ့။ သူတို့ အယုဒ္ဒယက ရွှေစေတီတွေ၊ ဘုရားတွေကိုအရည်ဖျော်ပြီး လုယူလာတဲ့ရွှေတွေနဲ့ဆောက်ထားတာတဲ့။ အဲ့ဒါထိုင်းတွေတိုင်းက ရွှေတိဂုံကိုတွေ့တိုင်းအဲ့ဒီလို မြင်နေတာ။ ဒါတင်မကဘူး သူတို့နဲ့တွေ့တဲ့ နိုင်ငံခြားသားတိုင်းကို အဲ့ဒီလိုအရှက်မရှိလျှောက်ပြောနေတယ်။ သူတို့ကို ပြန်မေးလိုက်တယ် နင်တို့နိုင်ငံမှာ ရွှေဒီလောက်များများ ဘယ်နေရာမှာထွက်နေလို့လဲလို့။ နောက်ပြီး ရွှေတိဂုံက လွန်ခဲ့တဲ့နှစ်၂၆၀၀ ထဲက အဆောက်ထားတာလို့ပြန်ပြောလိုက်တော့ ပြန်ညင်းချင်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို သူတို့ ဒီလို လိုက်ပြီး ပါးစပ်လေလွင့် လျှောက်ပြောနေတာကို တုန့်ပြန်ရအောင် Multimedia Project တစ်ခုလုပ်ပြီး သမိုင်းထောက်အထား အပြည့်အစုံနဲ့ YouTube ကနေ English ဘာသာစကားနဲ့ ဖြန့်ချင်ပါတယ်။ ကူညီနိုင်တယ်ဆိုရင် ဒီpost ကိုshare ပေးကြပါ။ နောက်ပြီး အမိုင်းအချက်အလက် အတိအကျ နဲ့ photosတွေရှိလျှင်လဲ မျှပေးစေလိုပါတယ်။ ပါဝင်ကူညီနိုင်သူတိုင်းကိုလဲ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်စွာဖြင့်ဲပြည့်စုံ
ဒီပို့(စ်) ကိုမူရင်တိုင်းဖော်ပြလိုက်ပါတယ် ...... သူငယ်ချင်းတို့လဲ ကူးပြီ လိုက်ဖြန့်ပေးပါနော် မဟုတ်တာတွေပြောနေတာတွေရပ်သွားအောင်ပါနော်


ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/profiles/blog/show?id=5442636%3ABlogPost%3A3938293&xgs=1&xg_source=msg_share_post#ixzz1nqd4tNa2

video တွေရှည်နေတာဖျက်ပြီး..တိုနေတာလေးဆပ်ချင်ကြရင်

အား Ƹ̵̡Ӝ̵̨̄Ʒ အာကာမိုးနိုင်Ƹ̵̡Ӝ̵̨̄Ʒ ရေးသားပါသည် ဖေဖေါ်ဝါရီ 29, 2012 at 4:48pm

သူငယ်ချင်းတို့ရေ video တွေရှည်နေလို့မလိုချင်တဲ့အပိုင်းတွေဖျက်ဖို့
ဆော့ဝဲလ်လေး၂ခုတင်ပေးလိုက်ပါတယ်ဗျာ
ရှည်နေတာကိုလည်းဖျက်လို့ရပါတယ်..တိုနေတာတွေကိုလည်းဆပ်လို့ရပါတယ်
လိုအပ်နေတယ်ဆိုရင်အောာက်မှာဒေါင်းဆွဲလိုက်နော်လုပ်ရတာလွယ်၂..၄ပါဗျာ




လုပ်နည်းလေးကတော့အနီဝိုင်းပြထားတဲ့နေရာမှာကလစ်ပြီး video ထည့်လိုက်ပါ



အစမှတ်လို့ရေးပြထားပြီးအနီရောင်မျှားပြထားတဲ့တုံးလေးကိုကလစ်ပြီးကိုယ်မလိုချင်ချင်တဲ့အပိုင်းထိဆွဲလိုက်ပါ
နောပြီးအ၀ါရောင်မျှားပြထားတဲ့လေးထောင့်အကွက်ထဲကဟာလေးကိုကလစ်လိုက်ပါ...


နောက်ထပ်အဲအတုံးလေးကိုကိုယ်မလိုချင်လို့ဖျက်မဲ့အဆုံးပိုင်းထိဆွဲလိုက်ပါ
ပြီးရင်အ၀ါရောင်မျှားပြထားတဲ့လေးထောင့်အကွက်ထဲကဟာလေးကိုကလစ်လိုက်ပါ
နောက်ထပ်အနီရောင်ဝိုင်းပြထားတဲ့အထဲက CAT ဆိုတာလေးကိုကလစ်လိုက်ပါ

နောက်ပြီးအပြာရောင်ဝိုင်းပြထားတဲ့နေရာမှာနာမည်ရေးလိုက်ပါ
ပြီးရင် အနီရောင်ဝိုင်းပြထားတဲ့နေရာမှာ save လုပ်လိုက်ပါ..ဒါဆိုပြီးပါပြီ

******************************************************************************************

ဒါကတော့ အတိုလေးတွေဆုပေါင်းပြီးပြန်ဆပ်တာပါ
ဆပ်ချင်တယ်ဆိုရင်တော့ vidoe joiner ဆိုတဲ့နေရာမှာကလစ်လိုက်ပါ
ပြီးရင်+အပေါင်းလက္ခဏာနေရာလေးမှာကလစ်ပြီးကိုယ်ဆပ်ချင်တဲ့videoဖိုင်းတွေကိုတစ်ခါထဲဆွဲထည့်လိုက်ပါ



နောက်ပြီးအနီရောင်ဝိုင်းပြထားတဲ့နေရာမှာကလစ်လိုက်ပါ



နောက်ပြီးအပြာရောင်ဝိုင်းပြထားတဲ့နေရာမှာနာမည်ရေးလိုက်ပါ
ပြီးရင် အနီရောင်ဝိုင်းပြထားတဲ့နေရာမှာ save လုပ်လိုက်ပါ..ဒါဆိုပြီးပါပြီ

***************************************************************************************
ဒါလေးကတော့ဖျက်တောက်ရုံလေးပါ
ဒါလေးကလည်းကောင်းပါတယ်
လိုအပ်တရ်ဆိုယင်အောတ်မှာဒေါန်းဆွဲလိုက်ဏော်

(၁) open vieo ဆိုတဲ့နေရာ၎မှာကလစ်ပြီး video တစ်ပုဒ်ထည့်လိုက်ပါ
mp3 ကိုလိုတယ်ဆိုရင် Mp3 ဆိုတဲ့နေရာမှာ အမှတ်ပေးလိုက်ပါ
mp4 လိုချင်တယ်ဆိုရင်mpeg4 ဆိုတဲ့နေရာလေးမှာပေါ့နော်



အနီရောင်အ၀ိုင်းလေးထဲကအတုံးလေးကိုကိုယ်မလိုချင်လို့ဖျက်ပြစ်ချင်တဲ့နေရာထိဆွဲလိုက်ပါ
နောက်အဆုံးမှတ်မှာလည်းတူတူပါပဲကိုယ်မလိုချင်တဲ့အပိုင်းထီနောက်ပြန်ဆွဲလိုက်ပါ
ပြီးရင် save video ဆိုတဲ့နေရာမှာကလစ်လိုက်ပါ



နောက်ပြီးအပြာရောင်ဝိုင်းပြထားတဲ့နေရာမှာနာမည်ရေးလိုက်ပါ
ပြီးရင် အနီရောင်ဝိုင်းပြထားတဲ့နေရာမှာ save လုပ်လိုက်ပါ..ဒါဆိုပြီးပါပြီ


ပျော်ရွှင်နိုင်ပါစေ..
အာကာမိုးနိုင်+ရွှေမြန်မာဥယျာဉ်
ပျင်းပျင်းနဲ့၁၅မိနစ်အမြန်ရေးလိုက်တာမို့
မှားတာရှိရင်တောင်းပန်ပါတယ်:P

စတေးခဲ့ရသော အပြစ်မဲ့လူ့အသက်လေးများ(သနားကြပါ)

 




ထမ" လ
မေမေက ကျွန်တော် သားယောကျာ်းလေးဆိုတာ တွေ့ရှိတယ်...

"ဒုတိယ" လ
ဖေဖေ နဲ့ မေမေနဲ့ ရန်ဖြစ်ကြတယ်...
ကျွန်တော့်ကြောင့်လို့ ထင်တယ်...
ဒါပေမဲ့ ကျွန်တော် ငြိမ်ငြိမ်လေးပဲ အထဲမှာ စောင့်ကြည့်နေရတယ်...

"တတိယ" လ
ကျွန်တော် မေမေ့ကို ခြေထောက်နဲ့ ကန်မိတယ်...
တောင်းပန်ပါတယ် မေမေရယ်...
ကျွန်တော် တမင်သက်သက်လုပ်တာ မဟုတ်ပါဘူး...

"စတုတ္ထ" လ
ဖေဖေ နဲ့မေမေ တို့ ရန်ဖြစ်ကြပြန်ပြီ...
ကျွန်တော့်အကြောင်း ပြောကြတယ်ထင်တယ်...
ဘာအကြောင်းပြောကြတယ်ဆိုတာတော့ ကျွန်တော် နားမလည်ဘူး..

"ပဉ္စမ" လ
မေမေက ဆရာဝန်သွားပြတယ်....ဆရာဝန်က မေမေ့ကို မှီခိုင်းတယ်...
ကျွန်တော့်ရဲ့ ခြေထောက်ကို တစ်ခုခုနဲ့ ဆွဲပြီး အပြင်ကို ဆွဲထုတ်တယ်လို့ ခံစားရတယ်...
အင်း ကျွန်တော် ချစ်တဲ့ မေမေ့ကို မြင်ရဖို့ အပြင်ထွက်ရတော့မယ်လို့ ကျွန်တော် ကြုံးဝါးလိုက်တယ်...
ပျော်လိုက်တာ...ကျွန်တော်မေမေ့ကို ဘယ်လောက်ချစ်ကြောင်း ပြောပြရတော့မယ်...
ဒါပေမဲ့...ရုတ်တရက် လောကကြီးက အမှောင်ကျသွားတယ်....

ဖေဖေနဲ့ မေမေရယ်.... ကျွန်တော့်ကို ဘာလို့ သတ်ရတာလဲဗျာ...
ဧကန္တ ကျွန်တော် ဖေဖေတို့ အပေါ်မှာ ဘယ်လောက်ချစ်တယ်ဆိုတာ နားမလည်လို့လားဟင်....

ဒီရက်တွေမှာ ဒီဓာတ်ပုံကို တွေ့မိတဲ့ သူတိုင်းဟာ စိတ်မကောင်းဖြစ်ကြရတယ်...ဘာသာစကားတွေ အမျိုးမျိုးနဲ့ ပြောင်းလဲ ဖော်ပြကြတယ်...

ကမ္ဘာစစ်တမ်းအရ နှစ်စဉ် ကလေးဖျက်ချမှုဟာ ၄၆ သန်း ရှိပြီး.... နေ့စဉ် ၁ သိန်း ၂ သောင်း ၆ ထောင် ရှိတယ်လို့ ဆိုပါတယ်...

ကလေးဖျက်ချမှုဟာ ယနေ့ လူ့အဖွဲ့အစည်းမှာ သမရိုးကျ လုပ်ဆောင်ချက် တစ်ခုလိုဖြစ်လာနေပါတယ်...ကံမကောင်းတဲ့


အသက်ပေါင်းများစွာဟာ နေ့စဉ် စတေးခံနေရပါတယ်...။
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်....
မှတ်ချက်ပေးသူ အ၇ူးချစ်သူ 14 hours ago           
အမှောင်တကာ့ အမှောင်ထဲမှာ ကိလေသာ တဏှာ ၇မက်က အမှောင်ဆုံးဆိုလို့ပါပဲ 
ဘာကိုမှ မသိနားမလည်သေးတဲ့ ဘဝမှာတင် အဓိပါယ်မဲ့ခဲ့၇တယ်
စာနာစိတ်ဆိုတဲ့ လူပတ်ဝန်းကျင်

၂၀၂၂ ကမ္ဘာ့ဖလားအတွက် အံ့ဖွယ် ဘောလုံးကွင်းများ တည်ဆောက်နေတဲ့ ကာတာ

ဖေဖော်ဝါရီလ 29, 2012 တွင် 12:05pm မှာ ☺ဗလာ☻ မှ တင်သွင်းခဲ့သည်။
၂၀၂၂ ကမ္ဘာ့ဖလားအတွက် အံ့ဖွယ် ဘောလုံးကွင်းများ တည်ဆောက်နေတဲ့ ကာတာ (ဓာတ်ပုံများ)
၂၀၂၂ ကမ္ဘာ့ဖလားအတွက် အံ့ဖွယ် ဘောလုံးကွင်းများ တည်ဆောက်နေတဲ့ ကာတာ (ဓာတ်ပုံများ)

၂၀၂၂ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲ (၂၂)ကြိမ်မြောက်ကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားသော ကာတာနိုင်ငံသည် ပြိုင်ပွဲကို လက်ခံ ကျင်းပနိုင်ရေး အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေသည်။

၂၀၂၂ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပုံမှန်အားဖြင့် ဇွန်လနှင့် ဇူလှိုင်လတွင် ကျင်းပသွားရန် အစီစဉ်ရေးဆွဲ ထားသော်လည်း၊ ဆောင်းရာသီတွင်သာ ကျင်းပရန် အဆိုတင်သွင်းမှုများ ပြုလုပ်ထားသည်။ အဆိုပါ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အိမ်ရှင်အပါအ၀င် နိုင်ငံပေါင်း(၃၂)နိုင်ငံ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယခုပြိုင်ပွဲမှာ အာရှအရှေ့ အလယ်ပိုင်းတွင် ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် ပထမဆုံးအကြိမ်ကျင်းပခွင့် ရသော ပြိုင်ပွဲဖြစ်သည်။ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရထားသော ကာတာက အလှပဆုံးသော အံ့ဖွယ်ကွင်းကြီးများ တည်ဆောက်သွားရန် အစီစဉ်များ ရေးဆွဲထားသည်။ ကာတာက တည်ဆောက်သွားမည့် ကွင်းပုံစံများမှာ အောက်ပါအတိုင်းဖြစ်သည်။

http://footballspeak.com/PostImages/uploadedimage/2011_8_1_20_21.jpg
Al-Khor Stadium, Capacity +45000
http://footballspeak.com/image.axd?picture=2011%2f8%2fDoha-012.jpg
Doha Port Stadium, Capacity 45000
http://footballspeak.com/image.axd?picture=2011%2f8%2f1272-ASP_WM2022-004.jpg
Umm Salal Stadium, Capacity 45120
http://footballspeak.com/image.axd?picture=2011%2f8%2fQatar-World-Cup-001.jpg
Education City Stadium, Capacity 45350
http://footballspeak.com/image.axd?picture=2011%2f8%2fsport-003.jpg
Sports City Stadium, Capacity +47000
http://footballspeak.com/image.axd?picture=2011%2f8%2fsport-009+(1).jpg
Al-Rayyan Stadium, Capacity 44740
http://footballspeak.com/image.axd?picture=2011%2f8%2fsport-010+(1).jpg
Al-Shamal Stadium, Capacity 45120
http://footballspeak.com/image.axd?picture=2011%2f8%2fsport-010+(2).jpg
Al-Wakrah Stadium, Capacity 45120
http://footballspeak.com/image.axd?picture=2011%2f8%2fsport-002.jpg
Lusail Iconic Stadium, Capacity +86000

တရုတ်ပြည်တောင်ပိုင်းမှ လှပသောရေခဲ့မိုးရွှာသွန်းမှု

ဖေဖော်ဝါရီလ 29, 2012 တွင် 4:05pm မှာ 2012detectiveman မှ တင်သွင်းခဲ့သည်။
တရုတ်ပြည် တောင်ပိုင်းမှ လှပသော ရေခဲမိုးရွာသွန်းမှု
ဝိုး…..မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပါပဲ ။ တရုတ်နိုင်ငံ တောင်ဖက်ပိုင်းမှာ ရေခဲမိုးရွာသွန်းမှုကနေ မိုးတိတ် သွားတဲ့အခါ အခွန်လှပတဲ့ ရေခဲချပ်လေးတွေ ပန်းပုဆရာတစ်ယောက်က သွန်းထု ထားသလား ထင်မှတ် ရလောက်အောင်
လက်ရာလှပစွာ ထွက်ပေါ်လို့ လာပါတယ် ။ ရေခဲမှုန်လေးတွေ ဖြန့်ကျဲထားသလို
ရွာသွန်းတာ ဖြစ်ပြီး အောက်ခံ ပန်း(သို့မဟုတ်) အရောင်ကို အတိုင်းသား
မြင်ရလောက်အောင် ကြည်လင် လှပါ တယ် ။ ကဲ့ ရေခဲမိုးကနေတဆင့် ဖြစ်ပေါ်လာတဲ့
လှပတဲ့ အနုပညာလက်ရာ သဘာဝ တရားကြီးကို ခံစား ကြည့် ရအောင် ။
မြင်မြင်သမျှ သဘာဝတရားကြီး ရဲ့ အလှအပဖန်ဆင်းမှုဟာ လူသားတွေတမင်တကာ ပြုပြင်ဖန်တီးထားတဲ့ အရာ တွေထက် သာလွန်လှပတယ်ဆိုတာကိုတော့ ငယ် တို့အားလုံး ၀န်ခံရပါလိမ့်မယ် ။
ဒီရေခဲသီးလေးတွေကလည်း တမူထူးခြားသက်ဝင်စွာ လှပလို့နေပါတယ်......
ကဲ ဒီပန်းပွင့်ကြီးတွေကို ကြည့်ပါဦး ဘယ်လောက်လှပါသလည်း ။ မူရင်းပန်းပွင့်က အနားသတ် အတွန့်လေး တွေအ တိုင်း ရေခဲပြီး ဖြစ်ပေါ်နေတာပါ
လိမ္မော်ရောင် ပန်းပွင့်ရေခဲချပ်လေးပါ ။
ဝိုးးး ဒီတစ်ခုကလည်း အောက်ခံအဖြူရောင်အပင်မွှားလေးတွေအပေါ်မှာ သဘာဝအတိုင်း ဖြစ်ပေါ် နေတဲ့ ရေခဲ လွှာလေးတွေဖြစ်ပါတယ် ။
ဒီလိုပွင့်ချပ်ကြီးဆို ဘယ်လောက်လှပါသလည်း ။ မူရင်း ပွင့်ချပ်အတိုင်း တသွေမတိမ်း ရေခဲပန်းပုထုထားသလို လက်ရာ မြောက်လှပါတယ် ။
Related Posts Plugin for WordPress, Blogger...