စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ချဉ်စပ်ဟင်းချို၊ Hot and Sour Soup


ဆောင်းဒီတစ်ခါမှာတောတမျိုးဆန်းဆန်းလေးဖြစ်သွားအောင် တခါမှမတင်ဘူးတဲ့  သောက်လို့ကောင်းတဲ့ ချဉ်စပ် ဟင်းချိုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီနည်းကိုတော့ စာအုပ်တစ်ခုထဲကနေပြန်ပြီး မှီငြမ်းထားတာပါ။ ပဲပြား မှိုခြောက်တွေပါဝင်ပြီး အရသာတော်တော်ကောင်းလို့ လုပ်နည်းလေးကို ပြန်ရှယ်ပေးလိုက်ပါတယ်။ အဝေးရောက် အစ်ကို အစ်မ ညီမ မောင်လေးတွေ အလွယ်တကူချက်စားရအောင်လို့ပါ အားလုံးအတွက် ဆောင်းပြန်share ပေးလိုက်တယ်နော်
ပါဝင်ပစ္စည်းများ
ရှီတာကီမှိုခြောက် ၅ ခု (ရေစိမ်ပြီး ပါးပါးလှီးထားပါ)
Button Mushroom ၅ခု (ပါးပါးလှီးထားပါ)
မုန်လာဥနီ အနည်းငယ် (ပါးပါးသေးသးလှီးထား)
ပဲပြားလက် ၂လုံးစာအထူခန့် ၆ ခု
ကြက်သားပြုတ်ပြီးသား လက်တစ်ဆုပ်စာ
ကြက်ဥ ၁လုံး + နှမ်းဆီလက်ဖက်ရည် ၁ ဇွန်း
ကြက်သွန်ဖြူ ၂ မွှာ (နုတ်နုတ်စဉ်း)
ကြက်သွန်မိတ် ၁ ပင်
ကြက်ပြုတ်ရည် ၁လီတာ
ပြောင်းဖူးမှုန့် စားပွဲဇွန်း ၁ ဇွန်း+ ရေ စားပွဲဇွန်း ၁ ဇွန်း

ဟင်းခပ်ရန်
ပဲငံပျာရည်အကြည် စားပွဲဇွန်း ၂ ဇွန်း
ရှာလကာရည် စားပွဲဇွန်း ၂ ဇွန်း
ငရုပ်ကောင်း အနည်းငယ်
ငါးငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
ချက်နည်း
1. ပထမဆုံး ဆီစားပွဲဇွန်း ၁ ဇွန်းကို ပူအောင်တည်ပြီး မုန်လာဥနီကို ဆီသတ်ပေးပါ။
2. ၁ မိနစ်လောက်နေရင် button mushroom လေးတွေကိုပါဆီသတ်ပေးပါ။
3. ပြီးရင် ငရုပ်သီးအကြမ်းမှုန့် လက်ဖက်ရည် ၁ဇွန်း နဲ့ ကြက်သွန်ဖြူကိုပါ ထည့်မွှေပေးပါ။
4. နောက် ကြက်ပြုတ်ရည် ၁ လီတာကိုလည်း ထည့်မွှေပေးပြီး ဆူအောင်တည်ပေးပါ။
5. ဆူရင် ကြက်သား၊ ပဲပြားနဲ့ ဟင်းခပ်အရည်များကို ထည့်မွှေပေးပါ။
6. ထပ်ဆူလာရင် ပြောင်းဖူးမှုန့်နဲ့ ရေ အရောကိုထည့်ပြီး ပျစ်အောင်မွှေပေးပါ။
7. နောက်ဆုံးမှ ကြက်ဥနဲ့ နှမ်းဆီရောခေါက်ထားတာကို ဖြည်းဖြည်းချင်းထည့်ပြီးမွှေပေးပါ။ ၅ မိနစ်လောက်ထပ်တည်ပြီးရင် သုံးဆောင်လို့ရပါပြီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...